Monthly Archives: Jan 2023

အိမ်ခြံမြေရောင်းဝယ်မှုအပေါ် စစ်ကောင်စီက အခွန်တိုးကောက်

မြန်မာပြည်တွင်း အိမ်ခြံမြေရောင်းဝယ်မှုအပေါ် စည်းကြပ်ကောက်ခံမယ့် အခွန်နှုန်းထားကို စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းလိုက်ရာမှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ- ၆ နဲ့ ၆(က) တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေ စည်းကြပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ခုတ်ရာ တခြား ရှရာ တခြားသာ ဖြစ်စေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင်တွေက ဆိုပါတယ်။

“အခွန်နှုန်းထားတွေက အရင်ထက် ၃၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။ အခုဟာက သူတို့ တောင်ပြော မြောက်ပြောနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘာညာ ဘာညာတွေကလည်း လုပ်ထားတယ်။ လုပ်ထားပြီးပေမဲ့ လုပ်စရာရှိတဲ့သူတွေ အကုန်လုံးကတော့ လုပ်ပြီးသွားပြီ။ အဲ့တော့ သူတို့လုပ်တာက ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ဆိုတော့ ပြည်သူတွေထဲမှာ မဖြစ်မနေ သူကတော့ ဝယ်ကြတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကစားတဲ့သူတော့ သိပ်မရှိတော့ဘူး။ လှောင်တာတို့ ကစားတာတို့တော့ သိပ်မရှိတော့ဘူး။ အရင်ကတော့ လှောင်တာနဲ့ ကစားတာ နှစ်မျိုးရှိတယ်။ ကစားတာကတော့ အခန်းအချင်းချင်း ပြန်လှည့်တာ။ လှောင်တာကတော့ ကုန်လှောင်သလို လှောင်တာပေါ့။ ဘာလို့မရှိလဲဆို သူက အခု အခြေအနေမှာ တော်တော်လေး risk များလို့လေ။ risk က ၂၀၂၃ မှာ ဘာဖြစ်မှန်းမသိတဲ့ အနေအထားမှာ ဖြစ်နေတာ။ ဘာဖြစ်မှန်းမသိတော့ လှောင်တာနဲ့ ကစားတဲ့သူ တော်တော်နည်းသွားတယ်။ မဖြစ်မနေ လုပ်ရတဲ့ သူတွေလောက်ပဲ လုပ်ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခွန်စည်းကြပ်မှုအပေါ် တိုးမြှင့်လိုက်တဲ့ နောက်ဆက်တွဲသက်ရောက်မှုက လက်ရှိမှာဆိုရင်လည်း ဈေးကွက်အတွင်းမှာ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံ မဟုတ်တော့ဘဲ ကြိတ်ရောင်း ကြိတ်ဝယ် ပုံစံ ပြောင်းလဲသွားတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လက်ရှိ လုံးချင်းအရောင်းတွေက မြို့နယ်တိုင်းတော့ မဟုတ်ဘူးပေါ့နော်။ သိန်း တသောင်း ပတ်ချာလည်လောက်ပေါ့ အရောင်းအဝယ် ဖြစ်နေတာတွေ ရှိတယ်။ သိန်းပေါင်း သိန်းနဲ့ချီတဲ့ဟာတွေကတော့ သူတို့အဆင့်နဲ့သူတို့ ကြိတ်ရောင်း ကြိတ်ဝယ်တွေက ဖြစ်နေတယ်လို့တော့ ကြားရတယ်။ အဲ့ဒါကတော့ သူတို့အချင်းချင်း ကြိတ်ရောင်း ကြိတ်ဝယ် လုပ်ကြတာဖြစ်လို့ ကျနော်တို့လည်း မသိနိုင်ဘူး။ အရင်ကဆိုရင် ကျနော်တို့က ကြိုက်ရောင်း ကြိုက်ဝယ်ပဲ ရှိခဲ့တာ။ အခုတော့ ကြိတ်ရောင်း ကြိတ်ဝယ် ဆိုတဲ့ ပုံစံသစ် ရှိလာတယ်။ ဒါပေမဲ့ အလယ်အလတ်တန်းစား သိန်း တသောင်းခွဲနဲ့ ငါးထောင်ကြား ပတ်ချာလည်တွေကတော့ ပြနေရတာတွေ ဈေးစကားပြောတာတွေ အရောင်းအဝယ် ဖြစ်နေတာတွေတော့ ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီခေါင်းဆောင်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုး တက်မှု ရှိလာစေရေး အားပေးမြှင့်တင်ဖို့ နိုင်ငံသားဘယ်သူမဆို အခြေခံပစ္စည်းတရပ်ရပ်ကို ဝယ်ယူတာ၊ တည်ဆောက်ရယူတာနဲ့ လုပ်ငန်းအသစ်တည်ဆောက်တာ၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်တာတွေအတွက် အသုံးပြုတဲ့ ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် အောက်ပါအတိုင်း စည်းကြပ်သွားမယ်လို့ ဆိုပါတယ်။

အသစ်ပြောင်းလဲ ပြင်ဆင်လိုက်တဲ့ အခွန်နှုန်းတွေက သိန်း သုံးထောင် အထိ ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်မှ သိန်း ခြောက်ထောင် အထိ ၅ ရာ ခိုင်နှုန်း၊ သိန်း ခြောက်ထောင်မှ သိန်း တသောင်း အထိ ၁၀ ရာခိုင်နှုန်း၊ သိန်းတသောင်းမှ သိန်း သုံးသောင်း အထိ ၁၅ ရာခိုင်နှုန်းနဲ့ သိန်း သုံးသောင်း အထက်ဆိုပါက ၃၀ ရာခိုင်နှုန်း စည်းကြပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပုဒ်မအရ အခွန်စည်းကြပ်တာဟာ တရားမဝင်ရရှိတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်တာ ရောင်းဝယ်တာတို့နဲ့လည်းကောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ ကိစ္စရပ်တွေနဲ့လည်းကောင်း သက်ဆိုင်ခြင်း မရှိစေ ဖို့ လိုပါတယ်။ ပုဒ်မခွဲ(က) ပါ စည်းကြပ်မှုမှ လွတ် ကင်းနေတဲ့ ဝင်ငွေ ဆိုရာမှာလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေကိုသာ ဆိုလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။DVB

ပြင်ဦးလွင် တပ်မတော်ဆက်သွယ်ရေး သင် တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူး ကြီး ကျော်စိုးအောင်ကို စစ်သည်တစ်ဦးက သေ နတ် ဖြင့် ပစ်ခတ် သတ်ဖြတ် ၊ တပ်တွင်း ပုန်ကန်မှု ဖြစ်၍ သတင်း အမှောင်ချ ပိတ်ဆို့

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင် တန်း ကျောင်းမှ ဒုတိ ယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ် လိုက် ကြောင်း စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊ ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်း သေသွားခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး တက္ကသိုလ်(ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊ ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်း ကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

“ဒုဗိုလ်မှူးကြီး ကျော်စိုးအောင် က တန်းစီစကားပြော အပြီးမှာ ဒုတပ်ကြပ်က မောင်းတင်ပြီးသား သေနတ် နဲ့၂ချက် ပစ်တာ။ ဆေးရုံ ရောက်တော့ အသည်း ထိ သွားတာလို့ သိရတယ်။ ပြင်ဦးလွင် စစ် ဆေးရုံ မှာပဲ ဆုံးပါတယ်။ချက်ချင်း ဆေးရုံ ပို့ခဲ့ပေမယ့်လည်း ဆေးရုံရောက်ပြီး ၂နာရီ အကြာ မှာ သေဆုံး ခဲ့ပါတယ်။ ပစ်ခတ်ခံရတာက သေနတ်နဲ့ ၂ချက် ပစ်ခံရတာပါ” ဟု စစ်တပ် သတင်းရင်း မြစ်က ဆိုသည်။

လတ်တလော ပစ်ခတ်သည့် ဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း၊ ယမန်နေ့ ညနေပိုင်းကတည်းက ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေ ဆုံးသွားသည့် ဖြစ်စဉ်ကြောင် တပ်တွင်း ပုန် ကန်မှု ဖြစ်မည်ကို စိုးရိမ်သည့် အတွက် သတင်းအမှောင်ချထားကြောင်း၊ နာရေး ကြော်ငြာပင် ပေးမ ထည့် ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

” ပြင်ဦးလွင် တပ်နယ် မှူး က ပစ်ခတ်မှုဖြစ်စဉ်နဲ့ ဒုဗိုလ်မှူးကြီး သေဆုံးသွားတဲ့ သတင်းကို သတင်း အမှောင်ချထားတယ်။ ဖုံးထားပါတယ်။ နာ ရေးသတင်း တောင် မတင်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ အထိုင်တပ်၊ ကျောင်းမှာ အဲဒီလို တပ်ကြပ်က အရာရှိကြီး ကို ပစ်ခတ်တာ သတ်တာမျိုး ဖြစ်စဉ်က မရှိခဲ့ဖူး သေးဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်၏ ဖရဲသီး တပ်သတင်းရင်းမြစ်တစ်ခုကလည်း ပြင်ဦးလွင် တပ်နယ် တွင် ဒုတိယ ဗိုလ်မှူးကြီးကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး သွား သည့် ဖြစ်စဉ် မှန်ကန်ကြောင်း ထပ်မံ အတည် ပြု ပြောဆိုသည်။khit thit

ကန်ပက်လက်နှင့်ဆော လမ်းမကြီးအား ယာယီအသုံးမပြုရန် CDF – Kanpetlet အသိပေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့နယ်တို့ ဆက်စပ်လျက်ရှိသော လမ်းမကြီးအား ယာယီအသုံးမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Ketpetlet က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အသိပေးထားသည်။

“အဓိက ကတော့ စစ်ကြောင်းထိုးမယ့် အခြေအနေဖြစ်နေတော့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် အခုလို ယာယီ လမ်းအသုံးမပြုဖို့ အသိပေးရတာပါ” ဟု CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြော သည်။

လတ်တလောအခြေအနေအရ စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းသည် ဦးတည်ရာနေရာ အတည်တကျမသိရဘဲ တောအတွင်းပျောက်နေသည့်အတွက် ပြည်သူများအနေဖြင့် သတိထားကြရန်လိုကြောင်း ဆိုသည်။

အဆိုပါလမ်းမကြီးကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ဖြတ်သန်းခွင့်မပြုခြင်းများနှင့် အရေးပေါ်တင်ပြ ချက်များအပေါ် စိတ်အနှောက်အယှက်ဖြစ်ပေါ်စေပါက အနူးအညွှတ်တောင်းပန်အပ်ကြောင်း ဖော်ပြ ထားသည်။

လတ်တလောတွင် မဖြစ်မနေ အရေးအပေါ်အခြေအနေရှိသူများ သွားလာနေကြသော်လည်း အန္တရာယ် ရှိသည့်အတွက် ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြရန် အသိပေးထားသည်။

လမ်းမကြီးအား ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို CDF – Kenpetlet တပ်ရင်း ပေ့ချ်မှ ပြန်လည် အသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်အတွင်း ဆက်လက်ဝင်ရောက်လာ ပါက တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး ဖုန်းလိုင်းအဆက်အသွယ်များ အဆင်မပြေသည့်အတွက် မိဘပြည်သူ များ သတိဖြင့်သွားလာနေထိုင်ကြရန် နှိုးဆော် ထားသည်။mizzima

“အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် စစ်အာဏာရှင် စနစ်ကို သုတ်သင်” စာတန်း ကိုင်ဆောင်ကာ လောင်းလုံး တော်လှန်လူငယ်များ ချီတက် သပိတ်မှောက်

khit thit

မြန်မာ့ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ကျော်ရှိ

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ဝန်းကျင် ဆက်လက် ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇန်နဝါရီလ တတိယပတ်ထိ ၁၀ လဝန်းကျင် ကာလမှာ ပြည်ပပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၆၄ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ ဘီလီယံကျော် ပြန်လည်တင်သွင်းထားပါတယ်။ ပို့ကုန်တန် ဖိုးက သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော် လျော့ကျနေတာပါ။

ကုန်သွယ်မှုကိန်းဂဏန်းတွေကို ဆန်းစစ်ကြည့်ရင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၇၇ သန်းကျော် ပိုများပါတယ်။ ပုဂ္ဂလိကပိုင်း အနေနဲ့ တင်သွင်းမှုမှာ ပြီးခဲ့တဲ့နှစ်ထက် သန်း ၂၀၀ နီးပါး လျော့ကျခဲ့ပေမဲ့ နိုင်ငံပိုင် အခန်းကဏ္ဍအတွက် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၆၉ သန်းဖိုး ပိုမြင့်တက်ခဲ့ပါတယ်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုကတော့ နိုင်ငံပိုင်ရော ပုဂ္ဂလိကပိုင်းမှာပါ တင်သွင်းမှု မြင့်တက်နေတာပါ။ အလားတူ CMP ပစ္စည်း တင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်ထက် သန်း ၆၀၀ ကျော် ပိုမြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ လူသုံးကုန်ပစ္စည်း တင်သွင်းမှုကတော့ သိသိသာသာ လျော့ကျနေပါတယ်။ ပုဂ္ဂလိကပိုင်း တင်သွင်းမှုအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး အရင်နှစ်ထက် လျော့နည်းကျဆင်းနေပြီး နိုင်ငံပိုင်အနေနဲ့ တင်သွင်းမှုကတော့ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍမှာတော့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ ကာလတူထက် ၁ ဒသမ ၅ ဘီလီယံ‌ကျော် မြင့်တက်ခဲ့ပါတယ်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာတော့ အရင်နှစ်ထက် အနည်းငယ်သာ မြင့်တက်လာတာ တွေ့ရပြီး ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်နဲ့ တခြားပစ္စည်းတင်ပို့မှုမှာတော့ သိသိသာသာ လျော့ကျနေပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချဖို့ သူတို့ တာဝန်ယူနေစဉ် ကာလအတွင်းမှာ ပြည်ပသွင်းကုန်တွေအပေါ် ကန့်သတ်တာတွေ လုပ်ဆာင်ခဲ့ပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ခုက သွင်းကုန်လိုင်စင်တစောင်ရဖို့ တော်တော်လေး ခက်ခဲပါတယ်။ သွင်းကုန် ပို့ကုန်မျှအောင်ဆိုပြီး လိုင်စင်ချမပေးတာလား၊ သေချာလည်း မသိရဘူး။ အားလုံးက လိုင်စင်ကျဖို့ မျှော်တလင့်လင့်နဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး စောင့်နေရတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ သွင်းကုန်တန်ဖိုးက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပိုများနေပါတယ်။

စစ်ကောင်စီက သွင်းကုန်၊ ပို့ကုန် မူဝါဒအပြင် ငွေကြေးမူဝါဒ အပြောင်းအလဲတွေကိုလည်း မကြာခဏ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိဘဲ စမ်းတဝါးဝါး ဆောင်ရွက်နေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ပြည်ပပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီချမှတ်ထားတဲ့ မူဝါဒက နိုင်ငံတကာစျေးကွက်နဲ့ ယှဉ်ပြိုင်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ လိုငွေပြမှုက နှစ်စဉ်လိုလို ဖြစ်ပေါ်နေခဲ့တာပါ။ ဒါပေမဲ့ အရင် အရပ်သားအစိုးရလက်ထက်မှာတော့ ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းလာခဲ့တာ တွေ့ရပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရဆိုရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ၄ ဘီလီယံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၄ ဘီလီယံကျော် အသီးသီးရှိခဲ့ပါတယ်။

၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရှိပြီး ၂၀၁၇−၂၀၁၈ မှာ ၃ ဒသမ ၈၁၁ ဘီလီယံ၊ ၂၀၁၈ မီနီဘတ်ဂျက်မှာ ၁ ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉ မှာ ၁ ဒသမ ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံသာရှိပြီး နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။

ကုန်သွယ်မှုလိုငွေ ကာလရှည်ကြာ ဖြစ်ပေါ်ခြင်းရဲ့ နောက်ဆက်တွဲက ပြည်တွင်း ငွေကြေးတန်ဖိုးကို အားနည်းလာစေပြီး ပြည်ပက ကုန်ကြမ်းတွေကို မှီခိုထုတ်လုပ်နေရတဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေလည်း စျေးနှုန်းကြီးမြင့်လာစေတာကြောင့် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြထားကြပါတယ်။ DVB

အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် မြို့နယ်တိုင်းတွင် စစ်တပ် ထောက်ခံ ပွဲများ ပြုလုပ်မည်ဟု ကြေညာ၊ အသံ တိတ် သပိတ် မဖြစ်စေ ရေး ဆက်တိုက် ခြိမ်းခြောက်နေ

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး အသံ တိတ် သပိတ်တွင် တစ်နိုင် ငံ လုံးအတိုင်းအတာဖြင့် ပြည်သူများ ပါဝင်ရန် ပြင်ဆင် နေကြချိန် စစ်တပ်ထောက်ခံသူများက အသံ တိတ် သပိတ်ကို တန်ပြန်မည့် စစ်တပ်ထောက်ခံပွဲများကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ် မည် ဖြစ် ကြောင်း ကြေညာချက်များ ထုတ်ပြန်လာသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်တော်လှန်ရေးအဖြစ် ဆိုင်ပိတ်စရာမလို၊ ရုံးပိတ် စရာမလိုဘဲ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်းဖြင့် အသံတိတ် သပိတ် ပါဝင်ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်နေကြချိန် စစ်တပ်ထောက်ခံသူများ ဘက်ကလည်း မြို့နယ် တိုင်းတွင် ပုံမှန်သွားလာကြရန်နှင့် လိုအပ်ပါက စစ်တပ်ထောက်ခံပွဲများ မြို့ နယ် တိုင်း စုပေါင်းပြု လုပ်သွားမည်ဟု ကြေညာခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြို့လယ်ခေါင် မဟာဗန္ဓုလ ကားပါကင် တွင် စစ်တပ် ထောက်ခံ ကြိုပွဲတစ်ခုကို မိုက်ကယ်ကျော်မြင့်နှင့် အစွန်းရောက် အမျိုးသားရေးသ မားများက ဦးဆောင် ပြုလုပ်မည်ဖြစ်‌ပြီး ယင်းပွဲကို တက်ရောက်ရန်လည်း စစ်တပ်ထောက်ခံသူများက စည်းရုံး လှုံ့ဆော် နေကြကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့် အစရှိသည့် တယ်လီဂရမ် များတွင် အသံတိတ် သပိတ် ပါဝင်လျှင် ဖမ်းဆီးအရေးယူခံရနိုင်၍ မပါဝင်ကြရန် လည်း ခြိမ်းခြောက်နေပြီး အသံတိတ် ပါဝင်သူများတွေ့ရှိလျှင် သတင်းပေးကြရန် ဆိုသော ပို့စ်များကို ဆက်တိုက်တင်နေကြသည်ကို မြင်တွေ့ရသည်။khit thit

ဟားခါးမြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှ မတူပီမြို့ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း CDF – Hakha မှ ထုတ်ပြန်သည်။

ဟားခါးမြို့အထွက်ရှိ ကျော်ဘုတ်စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဂိတ်ကိုတိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား သေဆုံးခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟားခါးမြို့မှ မတူပီမြို့ဘက်သို့သွားသော ကျော်ဘုတ်စခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀ ဦး ခန့် အထိုင်ချထားလေ့ရှိပြီး ခရီးသွားပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံခြင်း၊ ခရီးသွား ထောက်ခံစာ များအပါအဝင် ပစ္စည်းများကိုပါသိမ်းယူခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း အဆိုပါဂိတ်သို့ ထမင်းပို့သွားသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို CDF – Hakha တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ပြီး သေနတ်တစ်လက်သိမ်းယူနိုင်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုအပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပြည်သူပိုင် နေအိမ်နှစ်လုံးကို စစ်ကောင်စီ တပ်သား များကဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် အနီးနားဝန်းကျင်ရှိ အရွယ်မရောက်သေးသည့် လူငယ် ခုနစ်ဦးအပါ အဝင် လူ ၁၃ ဦး ကိုပါ ဖမ်းဆီးခဲ့ကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူမှ ပြောဆိုထားသည်။

အဖမ်းဆီးခံရသူများကို ခလရ (၂၆၆) တွင်စစ်ဆေးနေပြီး အသက်မပြည့်သေးသည့်လူငယ်များကို ညတွင်းချင်းပြန်လွှတ်ခဲ့ကာ ခရစ်ယာန်အ သင်းထောက် လူကြီးအပါအဝင်ကျန်လူများကိုမူ ဆက်လက်ဖမ်း ဆီးထားဆဲဖြစ်သည်။

CDF – Hakha သည် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး ပါဝင်ကူညီသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။ mizzima

ကြံ့ခိုင်ရေးတပါတီအာဏာရှင်ဖြစ်ရေး လုပ် ဆောင်နေသည့်အပေါ် မဟာမိတ်ပါတီများ ဝေဖန်

ကြံ့ခိုင်ရေးပါတီ တပါတီတည်းသာ နိုင်ငံရေးမှာဦးဆောင်နိုင်ဖို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းပေး လိုက်တာဖြစ်ပြီး ဒီဥပဒေကြောင့်ပဲ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ် ဆက်ဆံရေးဟာလည်း ပြိုကွဲသွားနိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ မဟာမိတ်ပါတီတွေက ဝေဖန် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဟာမိတ်ပါတီတွေက ဝေဖန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို မလိုလားတာကြောင့် စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင် ဆင်နေကြပေမဲ့ စစ်တပ်ကသော်လည်းကောင်း၊ တစ်ပါတီတည်းကသော်လည်းကောင်း တိုင်းပြည်အာဏာကို ဆက်ချုပ်ကိုင်ထားတာကို မလိုလားဘူးလို့လည်း မဟာမိတ်ပါတီတွေက ပြောဆိုလာကြပါတယ်။

အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေအတွက် ပြင်းထန်လွန်းပြီး ပါတီ အင်အားရှိတယ်ဆိုရင်တောင် လက်ရှိနိုင်ငံရေးအခြေအနေအရ ဥပဒေပါသတ်မှတ်ချက်ပြည့်မီဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

“နိုင်ငံရဲ့ အခြေအနေမှန်ကို မသိဘူးလို့ ကျနော် ထင်ပါတယ်။ နိုင်ငံရဲ့အခြေအနေမှန်ကို သိရင် ဒီလိုတွေ မလုပ်ဆောင်ပါဘူး။ ရွေးကောက်ပွဲ နီးလာပြီဆိုရင်‌တော့ မဟာမိတ်က မရှိတော့ပါဘူး။ သူ့လမ်း သူလျှောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်ဆိုပေမဲ့ ပြည်ခိုင်ဖြိုး တခုတည်းအတွက်ကိုပဲ တပ်မတော်က လုပ်ပေးနေရင်တော့ နိုင်ငံရေးပါတီတွေက တော်တော်လေး သူတို့အပေါ် ငြိုငြင်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ တိုင်းပြည်မှာ စစ်တပ်က လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကျနော်တို့ကလည်း အဲဒီအတွက် ကျားကုတ်ကျားခဲ တောင့်ခံနေတာ။ ချစ်လွန်းလို့တော့ မဟုတ်ဘူးပေါ့ဗျာ။ အခုအချိန်မှာ လူ တသိန်း စည်းရုံးဖို့ဆိုတာ တော်တော်လေးခက်တယ်။ ပါတီဝင်ဖို့ ပါတီထဲကို လာပါဆိုတဲ့ အသံကြားရင် သေဒဏ်ကျတယ်လို့ လူတွေက ထင်နေတယ်။”

စစ်ခေါင်းဆောင်အမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ တစ်နိုင်ငံလုံးကိုစည်းရုံးမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်ပြီး ပါတီရံပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ် နိုင်ငံလုံးမြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့လည်းပါရှိပါတယ်။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်စည်းရုံးမယ့်ပါတီတွေအနေနဲ့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား အနည်း ဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရံပုံငွေ ကျပ်သိန်း ၁၀၀ ရှိမယ့်အပြင် ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ် ငါး မြို့နယ်မှာ ပါတီ ရုံးခန်းဖွင့်ရမယ်လို့ ဆိုပါတယ်။

ဒီသတ်မှတ်ချက်တွေကြောင့် ကြံ့ခိုင်ရေးပါတီတခုတည်းသာ ငွေကြေးသုံးစွဲနိုင်တဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့်ပါတီဖြစ်နိုင်ပြီး ကျန်ပါတီတွေက တိုင်းနဲ့ ပြည်နယ်အဆင့်ပါတီတွေသာဖြစ် သွားမယ့် အခြေအနေဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

“အာဏာသိမ်းတာကို ကျနော်တို့ လက်မခံဘူးဗျ။ နောက်ဆုံး ကာလုံကနေ ထိန်းတယ်ဆိုတာတောင် လက်မခံပါဘူး။ လက်မခံလို့ ကျနော်တို့ ပြောကြတယ်။ ပြောတာ နားမှမထောင်တာဘဲ။ ပြည်သူလူထုကို နိုင်ငံရေးအရ စည်းရုံးတဲ့၊ နိုင်ငံရေးကျင့်စဉ်နဲ့ သွားတဲ့ကိစ္စမှာ ဘုံရပ်တည်ချက်ရှိဖို့တော့ လိုလမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အသက်အန္တရာယ် ခြိမ်းခြောက်တာ၊ ငွေကြေးနဲ့ ဆွယ်တာမျိုးတွေက အားကောင်းမောင်းသန် ဖြစ်နေရင်တော့ fair ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြည်ခိုင်ဖြိုးက တပါတီ လုပ်လိုက်၊ အန်အယ်လ်ဒီက တပါတီ လုပ်လိုက်ပေါ့။ အဲဒီလို ဖြစ်နေတယ်။ သူ့လက်ထက်ရောက် သူလုပ်ချင်တာ လုပ်မယ်၊ ငါ့လက်ထက်ရောက် ငါ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ တိုင်းပြည်ကသွားနေတာ ကျနော်တို့က ဘဝင်မကျတာပါ။ တပါတီကနေပြီး လက်ဝါးကြီးအုပ် ကြီးစိုးနေတာမျိုး၊ တပါတီတည်းက လုပ်ပြီဆိုရင် တပါတီအာဏာရှင် ပုံစံမျိုး ဖြစ်သွားမှာပေါ့။ နှစ်ပေါင်းသုံးဆယ်ကျော်တဲ့အခါကျတော့ တပတ်ပြန်လည်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ တခွန်းတည်းပြောရရင် ကျနော်တို့ ညံ့လို့ ခံရတာပေါ့။ ကျနော်တို့ ညံ့လို့ ခံရတဲ့ကိစ္စကို သူ မတရားလုပ်ပါတယ်ဆိုတဲ့ စကားချည်းထပ်ခါတလဲလဲ ပြောနေလို့ ကျနော်တို့ လွတ်မြောက်လမ်းစဉ်တော့ ပေါ်လာမှာ မဟုတ်ဘူး။”

ကြံ့ခိုင်ရေးပါတီ အပါအဝင် သူရဲ့မဟာမိတ်ပါတီတွေကတော့ စစ်ခေါင်းဆောင်ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအတိုင်း ပါတီမှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေကြပြီး တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ပါတီဖြစ်ဖို့ ပါတီတွေစုပေါင်းပြီး တပါတီတည်းဖြစ်ရေး လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က “သဘောထား တူရာတူရာတွေ စုနိုင်ဖို့ ကျနော်တို့ ကြိုးစားတယ်။ သတ်မှတ်ထားတဲ့ အင်အား၊ သတ်မှတ်ထားတဲ့ ငွေကြေး ဒါတွေကို ရှာပြီး ကျနော်တို့ ပါတီကို တည်ဆောက်တယ်။ အနည်းဆုံး ငါးပါတီ၊ ငါးပါတီ၊ ဆယ်ပါတီပေါ့ဗျာ မှန်ထားတယ်။ ငါးပါတီလောက် ဖြစ်နိုင်ရင် ငါးပါတီလောက် စုပြီးတော့ တပါတီဖြစ်အောင်လို့ ကြိုးစားမယ်လို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”လို့ပြောပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ အတည်မပြုခင်အချိန်ကတည်းက စစ်တပ် ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက အခုလိုပြင်းထန်တဲ့ကန့်သတ်ချက်တွေမလုပ်ဖို့ တောင်းဆိုတင်ပြခဲ့ပေမယ့် အဲဒီပြောဆိုမှုတွေကိုလျစ်လျူရှုပြီး အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လိုက်တာပါ။ 

အခုလို အတည်ပြုထုတ်ပြန်လိုက်တာကြောင့် တိုင်းရင်းသားပါတီငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ခက်ခဲသွားပြီး ပါတီမှတ်ပုံတင် ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကိုယ့်တိုင်းရင်းသားဒေသတွေမှာ ပါတီရုံးခန်းတွေ ကျနော်တို့ မဖွင့်ချင်ဘူး။ အဲဒါအတွက် အခက်အခဲ ရှိပါတယ်။ ကိုယ့်လူမျိုးအတွက်ပဲ အေးအေးချမ်းချမ်း လုပ်ချင်ပါတယ်။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါမယ်။ ကျနော်တို့ပါတီက အာဏာရဖို့အတွက် ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်လူမျိုး နိုင်ငံရေးစင်မြင့်လေးပဲ ကျနော်တို့ ရချင်တယ်။ အခုကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာ ကျနော်တို့လူမျိုးတွေ နေရာရရင် တော်ပါပြီ”လို့ပြောပါတယ်။

အခုစစ်တပ်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ တိုင်းရင်းသားပါတီငယ်တွေအပြင် အင်အားကြီးတိုင်းရင်းသားပါတီအတွက်ပါ အခက်အခဲဖြစ်သွားပြီး ရခိုင်အမျိုးသားပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မလဲဆိုတာကို ဆုံးဖြတ်ချက်မချရသေးပေမယ့် ပါတီဆက်လက်ရပ်တည်ရေးက ခက်ခဲသွားတဲ့ အခြေအနေဖြစ်သွားပြီလို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အခုလို တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ လုပ်ဆောင်လိုက်တာဟာ တနိုင်ငံလုံးအဆင့် ပါတီအင်အားကို လျှော့ချလိုက်ပြီး တိုင်းရင်းသားပါတီတွေကို တနိုင်ငံလုံး လွှမ်းခြုံတဲ့ပါတီတွေ ဖြစ်မလာအောင် လုပ်ဆောင်လိုက်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ “၂၀၂၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ မြို့နယ်နေရာစုံမှာ ကျင်းပခဲ့တာမရှိဘူး။ မြို့နယ်အနည်းအကျဉ်းမှာပဲ လုပ်တဲ့အခြေအနေမျိုးပဲ ရှိတယ်။ ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ်မှာ စိတ်ဝင်စားမှုက အလွန်နည်းနေမယ်လို့ ကျနော်တို့ သုံးသပ်တယ်။”လို့ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို အပြတ်အသတ်ရှုံးသွားပြီးနောက် စစ်တပ်အာဏာ သိမ်းဖို့ တိုက်တွန်းခဲ့ကြတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူကိုထောက်ခံပြီး စစ်တပ်က နိုင်ငံရေးမှာ ထာဝရ အုပ်ချုပ်နိုင်အောင် ပုံဖော်ပေးမယ့် နိုင်ငံရေးပါတီတွေကိုသာ ဆက်လက်ရှင်သန်စေလိုတာကြောင့် အခုလို ဥပဒေပြဋ္ဌာန်းပြီး ထိန်းချုပ်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှစိုးဝေက ထောက်ပြပါတယ်။

“ခေါင်းထောင်မလာနိုင်အောင်လို့ တကယ်လို့ သူကြိုက်တဲ့ပါတီမျိုးထဲက ပြန်ရွေးမှာ။ ရွေးမယ် ဆိုတာက အခွင့်အရေးတွေကို နည်းနည်းပါးပါး ဖြေလျှော့ပေးလိုက်မယ်။ မသိချင်ယောင်ဆောင်ပေးလိုက်မယ်။ ဝင်ပြိုင်ခိုင်းလိုက်မယ်။ အဲဒီတော့ သူ မကြိုက်တဲ့သူမျိုး၊ စိတ်ထဲမှာ မယုံရတဲ့သူမျိုးတွေကို  ဒီဥပဒေနဲ့ကိုင်ပြီးတော့ မပါကြနဲ့ သူလုပ်ဖို့ စပြီးလမ်းခင်းလိုက်တာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းနဲ့  ပါတီမှတ် ပုံပြန်တင်မှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ 

တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ ပြိုင်ဘက်ပါတီတွေကိုချိုးနှိမ်လိုက်တာဖြစ်ပြီး ခပ်ညံ့ညံ့ ပြိုင်ဘက်တွေပဲကျန်ခဲ့မယ်လို့  ပြောဆိုပါတယ်။ DVB

ပခုက္ကူ ကန်တော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက် ပြေး တိမ်းရှောင်နေရ၊ တောင်ယာဆိပ်ရွာကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က မီရှို့ဖျက် ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကန် တော် ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေပြီး ကန်တော်ရွာ မြောက်ဘက် ၂ မိုင် အကွာ ရှိ ကန်ရပ်ကြီးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ပြည်သူ ၁၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေ​ရကြောင်း သိရသည်။

” ရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ PDF တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ် ပြီး ရွာထဲကို မီးရှို့တော့တာပဲ အနီးအနားက ရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရတယ်။ လူဦးရေ ၁၀၀၀ ကျော်လောက် တိမ်းရှောင်တေရတယ်။ စစ်ခွေးတွေက အခုထိ ရွာထဲမှာ ရှိနေသေးတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကိုလည်း အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူ များ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ တောင် ယာဆိပ်ရွာကို အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် ခြေမြန် တပ် ရင်း ၃၆၈ နှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ယင်းစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် မန်ကျီးကုန်းရွာကို ထွက် ခွာသွား​​​ပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများကို အတည်မပြုနိုင် သေး ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ နှစ်လအတွင်း ကန့်ဘလူမြို့ နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးကာ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲ ၃၀ ခန့် နှင့် စပါးတင်း ထောင် နှင့်ချီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁၃ ဦးအား ဖမ်းဆီး မီးရှို့သတ် ဖြတ်ခဲ့ ကြောင်း ကျွန်းလှ တက်ကြွလှုပ် ရှားသူများ အဖွဲ့ထံမှ သိရသည်။ khit thit

မင်းလှမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဖဲကစားနေစဉ် ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်ဆိုသူသည် ဖဲကစားနေစဉ် ပစ်သတ်ခံရလိုက်ရကြောင်း သိရ သည်။

သာယာဝတီ(ခရိုင်)ဂဠုန်တပ်ဖွဲ့ အဖွဲ့(၃)နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ၂၉ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အသတ်ခံရသူမှာ ဦးထွန်းဝင်းဆိုသူဖြစ်ပြီး ငလှစမ်းရွာတွင်ဖဲကစားနေစဉ် သေနတ်ဖြင့်သုံးချက်ပစ်ခတ် ခံရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“သူက အရင်ကလည်း အပစ်ခံရဖူးတယ်၊ တခြားအဖွဲ့က လုပ်တာပေါ့။ အဲဒီတုန်းက လက်ထိသွားတယ်။ အခုတော့ ထပ်ပြီး ပစ်သတ်လိုက်တာပေါ့”ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

သေဆုံးသူဦးထွန်းဝင်းသည် ပြည်သူလူထုအပေါ် အမျိုးမျိုးခေါင်းစဉ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေးတောင်း ခံခြင်း၊ လောင်းကစားမျိုးစုံပြုလုပ်ပြီး စစ်ကောင်စီကို ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်နေ သည့်အတွက် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးသည် ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင် ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။mizzima

« Older Entries