ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့် လာ သဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ်အရာရှိများ မြေကွက်များ ရသည့်စျေးနှင့် ထုတ်ရောင်း

ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့်လာ သ ဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ် အရာရှိ များက မြေကွက်များ ရသည့်စျေးဖြင့် ထုတ်ရောင်းနေကြကြောင်း ကရင် ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက် စတင် အကောင်အထည်ဖော်ခဲ့သော တောင် ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် စစ်ကောင်စီ တပ်မှ တိုင်း မှူး၊ ဗျူဟာ မှူး၊ တပ်ရင်းမှူးများက တိုးချဲ့မြို့ပြ၏ အချက်အချာဖြစ်လာမည့် မြေနေ ရာများ ကို ရယူထားကြပြီး ပြည်နယ်အရာရှိများကပါ မြေကွက်များ ဝယ်ယူ ထားခဲ့ ကြကြောင်း၊ ယခုအခါတွင်မူ စစ်တပ်၏ အခြေအနေမှာ ကရင်ပြည်နယ်တွင် အရေး နိမ့်လာသဖြင့် စစ်တပ်အသိုင်းအ၀ိုင်းက ရယူထားသော မြေကွက် များ ကို ရသည့်စျေးဖြင့် ရောင်းထုတ်နေကြကြောင်း သိရှိရသည်။

“ကရင်ပြည်နယ်၊ တောင်ကလေးရွာက တောင်ကလေးဆရာတော်ကို အ ကြောင်း ပြုပြီး ပတ်ဝန်းကျင်ရွာများနှင့်ရွာချင်းဆက် တောင်ကလေးကို မြို့ပြ ပုံစံ ဖန်တီးဖို့ လုပ်ခဲ့တဲ့ စီမံကိန်းရှိတယ်။ တောင်ကလေး ဘုန်းကြီးကျောင်း အနောက်မှာ ပြည်သူပိုင်မြေတွေကိုသိမ်းယူပြီး တပ်ပိုင်မြေ မကျူးကျော်ရ နဲ့ပြည်နယ်တွင်းဝန်ထမ်းတွေကို လုပ်သက်နှင့် ခွဲပြီး အစိုးရစျေး နဲ့ ခွဲဝေပေး ခဲ့တယ်။ နဂိုကလည်း တောင်ကလေးရွာက တပ်ထောက်ခံရွာဖြစ်ပြီး သန်းရွှေ မိန်းမ ကြိုင်ကြိုင် ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းလည်းရှိတယ်။ တောင်ကလေး ရွာအနောက် မြေကွက်တွေမှာ စစ်တပ်နဲ့တပ်ထောက်ခံသူ ရာထူးကြီးပိုင်း တွေ က ရယူထားကြတာ အခုတော့ စစ်တပ်က အခြေအနေမကောင်းတော့လို့ တိုင်း မှူး၊တပ် နယ်မှုး၊တပ်မမှူးနှင့်အသွင်ပြောင်းခေါင်းကြီးပိုင်းတွေက ရတဲ့စျေးနဲ့ မြေကွက်တွေ ထုတ်ရောင်းကြတာ ကုန်လည်းကုန်နေပါပြီ” ဟု ကရင်ပြည် နယ် စစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။

ယခင်က တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းရှိ မြေကွက်များကို စစ်တပ်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများက စျေးကောင်းရရှိစေရန် သိုလှောင် ရောင်းချ ဝယ် ယူခြင်း များ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါအတွင်မူ KNU ၏ ထိန်းချုပ် နယ်မြေ ကြီးမားလာခြင်း၊ ထိုးစစ်များ ကျယ်ပြန့်လာခြင်းတို့ကြောင့် ၎င်းတို့၏ အနာဂတ် မသေချာ မရေရာတော့သည်ကို သိရှိလာကြကြောင်း ၊ မြို့ပြ စီမံ ကိန်း မှာလည်း အကွက်သာချထားပြီး ဟန်ပြသာရှိတော့ကြောင်း သိရှိရသည်။

” စစ်အရာရှိတွေနဲ့ ထွေအုပ်၊ စသုံးလုံး တွေက ခေတ်ကောင်းတုန်းက မြေကွက် တွေကို စျေးတက်အောင်လုပ်ပြီး စျေးကစားခဲ့ကြတယ်။ အခု သူတို့ အခြေနေ မကောင်းတော့ သုဿာန်၊ပန်းခြံ၊စျေးတို့ကို ပန္ဒက်ရိုက်ပြပြီး မြေကွက် တွေ အားလုံး အကုန်ရောင်းထုတ်ခဲ့တယ်။ ပြည်သူပိုင်မြေကိုသိမ်းယူပြီး ပြည်သူ ကို ရတဲ့စျေးတွေနဲ့ ပြန်ထုတ်ရောင်းနေတယ်။ တချို့ငွေရှိတဲ့သူတွေကလည်း မြို့ ဖြစ်မယ် ထင်ပြီး ဝယ်ကြတယ်” ဟု ကရင်ပြည်နယ် စစ်ကောင်စီ သတင်း ရင်းမြစ်က ပြောသည်။

NLD အစိုးရ လက်ထက်တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် မြေ ၉၂၈ ဒသမ ၉၃ ဧကကို ပြည်ထဲရေး ဝန်ကြီး ဌာနအမိန့် ကြေညာစာ အမှတ် ၄၇၁/ ၂၀၁၈ ၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ပိုင်မြေအဖြစ် ပြန် လည်သတ်မှတ်လိုက်ပြီး တပ်မ ၂၂ ခြေမြန် တပ်မဌာနချုပ်က ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည် လွှဲအပ်ခဲ့သည်။

တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်း တိုးချဲ့ရေးကော်မတီဖွဲ့စည်းကာ ယင်းကော်မတီဦး ဆောင်မှုဖြင့် စံဖရီးကျေးရွာအုပ် စုအတွင်းရှိ စစ်တပ်၏ စွန့်လွှတ်မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တောင်ကလေးမြို့ပြ စီမံကိန်းအနေဖြင့် မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်၌ ပေ ၆၀-၈၀ အကွက်ပေါင်း ၄၁၆ ကွက်၊ ဧရိယာ အားဖြင့် ၄၅ ဒသမ ၈၃ ဧက၊ အကျယ်ပေ ၄၀-၆၀ အကွက်ပေါင်း ၅,၆၀၂ ကွက်၊ ဧရိယာအားဖြင့် ၃၀၈ ဒသမ ၁၁ ဧက၊ အဆင့်မြင့် အိမ်ရာအတွက် ဧက ၁၀၀၊ လမ်းမြေအတွက် ၂၇၄ ဧက၊ စာသင်ကျောင်းနှင့် အစိုးရရုံး ဌာနများအတွက် ၈ ဧက၊ သုဿန်မြေ ၆ဧက၊ သာသနာ့မြေ ၂၂ ဧကနှင့် စံပနုံရွာမြေအဖြစ် ပြန်လည်သတ်မှတ် ပေးမည့် ၂၀၃ ဒသမ ၇၃ ဧကတို့ သတ်မှတ်ခဲ့သည်။

တောင်ကလေးမြို့ပြစီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းအဖြစ် မြေဧက ၁၀၀ ပေါ်တွင် SMH ကုမ္ပဏီကလည်းကောင်း၊ မြေဧက ၂၀ ပေါ်တွင် Golden ZENITH Construction ကုမ္ပဏီကလည်းကောင်း ၄ ခန်းတွဲ ၅ ထပ် များ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရ ပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်သွားရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s