ကသာမြို့နယ်၊ အလယ်ကျွန်းရွာ တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံး၊ ကောလင်း၊ ကုက္ကိုကုန်းရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၍ အသက် ၃၄ နှစ် အရွယ် မခိုင်နွယ်သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီးတိုက်ပွဲတွင် အကြမ်း ဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ပြော ကြားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၂၁ တပ်မှ တပ်သားအင်အား ၁၀၀ ကျော် ဖြင့် ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကသာခရိုင် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ သည် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး၏ ဒူးဆစ် အထက် မိုင်းစထိမှန်ဒဏ်ရာရရှိ၍ ရဟတ်ယာဉ်ဖြင့် သယ်ယူသွားကြောင်း သိရသည်။

“တိုက်ပွဲက ၂ ရက်ကြာတယ်၊ စစ်ခွေးတွေက အထိနာတော့ အလယ်ကျွန်း ရွာကို သေဆုံးစစ်ခွေး အ လောင်းတွေနဲ့ အတူမီးရှို့သွားတာ၊ ၈ ကောင်သေတယ်၊ ဗိုလ်တစ်ဦးက ဒူးဆစ်အထက်နား မိုင်းစ ထိ မှန်တာ ထုတ်မရလို့ ရဟတ်ယာဉ် နဲ့ သယ်သွားတယ်၊ နယ်မြေရှင်းလင်းရင်းနဲ့ စစ်ခွေး အလောင်း တွေ တွေ့ခဲ့ တယ်” ဟု ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အကြမ်းဖက်စစ်သားများ ဝင်ရောက်မီးရှို့ သွား ရာနေရာများကို နယ်မြေ ရှင်း လင်း ရေးလုပ်ဆောင်ခဲ့ရာ သေဆုံးစစ်သား အလောင်းများ၊ စစ်အဝတ်အစားများ၊ အသုံး အဆာင် များ တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံး၊ အထက် တန်း ကျောင်းခွဲ တစ် ကျောင်း နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ မီးလောင်ပြာ ကျခဲ့ ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကို အကြမ်းဖက် စစ် တပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Kawlin info ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ် ခမရ ၃၆၉ တပ်ရင်းမှ Mi 35၊ Mi 17 ရဟတ်ယာဥ်များဖြင့် စီးနင်းပစ်ခတ်မှု အသက် ၃၄ နှစ် အရွယ် မခိုင်ဇင်နွယ် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီးနောက် စစ်တပ်မှ အင်အား ၇၂ ဦးပါ စစ်ကြောင်း သည် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၇ ဦး ​ပျောက်ဆုံးနေကာ ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများလည်း ရှိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s