စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေး ကောက်ပွဲအတွက် အနောက်ရွှေဂုံတိုင်ရှင်း တမ်း ထုတ်ပြန်

စစ်ကောင်စီက ကျင်းပမည့်အတုအယောင်ရွေးကောက်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ် မည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။

ယင်းသည် စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ၏ (၁/၂၀၂၃) အနောက်ရွှေဂုံတိုင် ရှင်းတမ်းတစ်ခု အဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

NLD ရုံး၏ ထုတ်ပြန်ချက်တွင် တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထား သော စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည် ဖြစ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ ရည်မှန်းချက်များ ပြည့်ဝ စေရန် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိရာတွင် ရည်ရွယ်ချက်တူ အင်အားစုများအားလုံးနှင့် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး အနာဂတ်နိုင်ငံတော်သစ်ကိုလည်း အတူ တကွ ပူးပေါင်းအကောင်အထည် ဖော် ကြိုးပမ်းဆောင်ရွက်ရန် သံန္နိဋ္ဌာန်ချထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်နိုင်ရေးလမ်းစဉ်နှင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများ ကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်မည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးတို့ အတွက် ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် ဗဟိုအလုပ်ကော်မတီက မေတ္တာရပ်ခံတိုက်တွန်း ထားသည်။

NLD ၏ ရှင်းတမ်းထုတ်ပြန်ချက်တွင်၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကြီးကို COVID-19 ကပ်ရောဂါစိန်ခေါ်မှုများကြားမှ သန့်ရှင်းလွတ်လပ်စွာ ကျင်းပပေးနိုင်ခဲ့ပြီး ပြည်သူ လူထု၏ ဆန္ဒမဲဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော်တွင် မဲဆန္ဒ နယ်ပေါင်း ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်ပေါင်း ၁၆၁ နယ်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များတွင် မဲဆန္ဒနယ်ပေါင်း ၆၁၂ နယ်နှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ မဲဆန္ဒနယ် ၂၉ နယ် ကျင်းပပေးနိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၁၁၁၇ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာ ပြည်သူ့လွှတ်တော်အတွက် လာရောက်ဆန္ဒမဲပေးသူ ၂၇,၅၁၂,၈၅၅ ဦးရှိသဖြင့် မဲပေးသူ ၇၁ ဒသမ ၈၉ ရာခိုင်နှုန်း ဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၆ ဒသမ ၉၄ ရာခိုင်နှုန်း ရှိသည်။ အမျိုးသားလွှတ်တော်တွင် လာ ရောက်ဆန္ဒမဲပေးသူ ၂၇,၄၉၅,၅၅၅ဦးရှိသဖြင့် မဲပေးသူ ၇၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၇ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၂,၈၆၆,၇၄၁ ဦးရှိရာ လာရောက်ဆန္ဒမဲပေးသူ ၃၀,၄၅၉,၁၁၃ ဦး ရှိသဖြင့် မဲပေးသူ ၇၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၇ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ဆိုသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိပြီး အနိုင်ရပါတီ ၁၉ ပါတီ နှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် နှစ်နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများထုတ်ပေးခဲ့ပြီး တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များ လုပ်ထုံး လုပ် နည်းများနှင့်အညီ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော် ခေါ်ယူကျင်းပနိုင်ရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော်သို့ဖိတ်ကြားပြီး စီစဉ်ဆောင်ရွက်နေစဉ် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင် ဦးဆောင်သောစစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ နိုင်ငံတော်၏ အာဏာကို အဓမ္မလုယူခဲ့ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် စစ်ဖက်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့မှုများအား အာဏာလုစစ်ကောင် စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ပါဝင်သူများကို ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များနှင့် လူသား များကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စသည့် အကြမ်းဖက်မှုတို့ဖြင့် ရက်စက်စွာ တုံ့ပြန်ခဲ့ပါသည်။

လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT)က စုစည်း ထားသော ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ရရှိထားသည့်မှတ်တမ်းများအရ ပြည်သူတို့၏ နေအိမ်များ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှုဖြစ်စဉ်ပေါင်း ၉၁၃ ကြိမ်တွင် အိုးအိမ်အဆောက် အဦးပေါင်း ၃၅,၉၆၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံသဖြင့် ဥပဒေမဲ့ မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစု ပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့သည်။ နေအိမ်အပါအဝင် ပိုင်ဆိုင် မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာတွင် လွှတ်တော်ကိုယ်စား လှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့သည်။

ထို့ပြင် ပါတီရုံးချုပ်အပါအဝင် အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း၊ ပါတီ ပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း ၁၂၀ ကြိမ် ရှိခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားသည့်ကာလအတွင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ သည် ဆိုးရွားစွာ ကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုတို့မှာ အတိ ဒုက္ခရောက်လျက်ရှိနေသည်ကို လျစ်လျူရှုကာ ၎င်းတို့အာဏာကို ဆက် လက်ချုပ်ကိုင်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရ တရားဝင်မှုကို ရယူရန်ကြိုးပမ်းအားထုတ်လျက်ရှိ နေ သည်ကို မြင်တွေ့နေရကြောင်း ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s