ပြင်ဦးလွင် တပ်မတော်ဆက်သွယ်ရေး သင် တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူး ကြီး ကျော်စိုးအောင်ကို စစ်သည်တစ်ဦးက သေ နတ် ဖြင့် ပစ်ခတ် သတ်ဖြတ် ၊ တပ်တွင်း ပုန်ကန်မှု ဖြစ်၍ သတင်း အမှောင်ချ ပိတ်ဆို့

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင် တန်း ကျောင်းမှ ဒုတိ ယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ် လိုက် ကြောင်း စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊ ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ် ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်း သေသွားခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး တက္ကသိုလ်(ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊ ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်း ကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

“ဒုဗိုလ်မှူးကြီး ကျော်စိုးအောင် က တန်းစီစကားပြော အပြီးမှာ ဒုတပ်ကြပ်က မောင်းတင်ပြီးသား သေနတ် နဲ့၂ချက် ပစ်တာ။ ဆေးရုံ ရောက်တော့ အသည်း ထိ သွားတာလို့ သိရတယ်။ ပြင်ဦးလွင် စစ် ဆေးရုံ မှာပဲ ဆုံးပါတယ်။ချက်ချင်း ဆေးရုံ ပို့ခဲ့ပေမယ့်လည်း ဆေးရုံရောက်ပြီး ၂နာရီ အကြာ မှာ သေဆုံး ခဲ့ပါတယ်။ ပစ်ခတ်ခံရတာက သေနတ်နဲ့ ၂ချက် ပစ်ခံရတာပါ” ဟု စစ်တပ် သတင်းရင်း မြစ်က ဆိုသည်။

လတ်တလော ပစ်ခတ်သည့် ဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း၊ ယမန်နေ့ ညနေပိုင်းကတည်းက ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေ ဆုံးသွားသည့် ဖြစ်စဉ်ကြောင် တပ်တွင်း ပုန် ကန်မှု ဖြစ်မည်ကို စိုးရိမ်သည့် အတွက် သတင်းအမှောင်ချထားကြောင်း၊ နာရေး ကြော်ငြာပင် ပေးမ ထည့် ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

” ပြင်ဦးလွင် တပ်နယ် မှူး က ပစ်ခတ်မှုဖြစ်စဉ်နဲ့ ဒုဗိုလ်မှူးကြီး သေဆုံးသွားတဲ့ သတင်းကို သတင်း အမှောင်ချထားတယ်။ ဖုံးထားပါတယ်။ နာ ရေးသတင်း တောင် မတင်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ အထိုင်တပ်၊ ကျောင်းမှာ အဲဒီလို တပ်ကြပ်က အရာရှိကြီး ကို ပစ်ခတ်တာ သတ်တာမျိုး ဖြစ်စဉ်က မရှိခဲ့ဖူး သေးဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်၏ ဖရဲသီး တပ်သတင်းရင်းမြစ်တစ်ခုကလည်း ပြင်ဦးလွင် တပ်နယ် တွင် ဒုတိယ ဗိုလ်မှူးကြီးကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး သွား သည့် ဖြစ်စဉ် မှန်ကန်ကြောင်း ထပ်မံ အတည် ပြု ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s