မြင်းမူတွင် စစ်တပ်တပ်စွဲရာနေရာများ၊ စစ် ကြောင်းများ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ ဆုံး ၊ ခင်ဦးတွင်လည်း စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်တပ်စွဲနေရာများ၊ စစ်ကြောင်းများကို PDF တပ်ပေါင်းစုများ က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် စစ်ကိုင်း မှ ဘိုးမင်းကျီးကင်းသို့ အင်းအား ဖြည့်ရန် ခိုးကြောင်ခိုးဝှက် ထွက်လာသော အင်အား၂၀ခန့်ပါ စစ်ကား တစ်စီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့် နှင့်အလ္လကပ္ပအကြားတွင် ၄ လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကားထိမှန်ပြီး စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်သား ၆ ဦးသေဆုံးပါတယ်။ နောက်တစ်ခုကတော့ ခွေးကားနဲ့ ကပ်လျက် ပါလာတဲ့ ပြည်သူ့ကားကို ပါထိမှန်ခဲ့လို့ ကျနော်တို့အဖွဲ့အနေနဲ့ များစွာစိတ်မကောင်းဝမ်းနည်းမိပါတယ်။ ခွေးကားနောက်ကို ကပ်မလိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်” ဟု People’s knight Defense Force Myinmu (PKDF-MMU)က ပြောသည်။

အလားတူ မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အ.ထ.က ၁ အတွင်းတွင်နေထိုင်နေသော အကြမ်းဖက် စစ်ကောင်စီဝင်များ ဇန်နဝါရီ ၂၉ ရက်နေ့ ည နေ ၅ နာရီ ၄၁ မိနစ်အချိန်တွင် ၆၀- မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ရဲများ နေထိုင်သည့် လိုင်းခန်းများအတွင်း ထိမှန် ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသည့် စစ်သားများလိုက်ပါလာသော Parado နှင့် Max II ကား၂ စီးကိုလည်း ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၇ မိနစ်အချိန်ခန့်တွင် ဝမ်းပြည့်ကျေးရွာ နှင့် အလ္လကပ္ပရွာကြားတွင် ၆ လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကားကို ထိထိမိမိမှန်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ စစ်ဆင်ရေးများကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွှေဘို-ခင်ဦး-ရေဦးလမ်းပေါ်တွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိ ခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာ၊ မူးလိပ်ချောင်းပျူစောထီး စခန်းမှ ရွာသစ်ကုန်းရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၃၀ခန့်ကို ဒို့ညီနောင်မဟာမိတ်အဖွဲ့များက အဝေးထိန်းမိုင်း ၅လုံးဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲဘော်တစ်ဦးက ရန်ကုန်‌ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“ဆိုင်ကယ်၅စီး၊ ခြေလျင်က၂၀၊ အင်အား၃၀လောက် ထွက်လာတာပါ။ မိုင်း၅လုံးဆွဲတာ ၃လုံးထိတယ်။ ထိခိုက်မှုအတိအကျတော့ မသိခဲ့ရဘူး။ မိုင်းထိတော့ ခွေးတွေက ရမ်းပစ်လို့ အနီးနားရွာတွေက ပြည်သူ တွေ ထွက်ပြေးတိမ်းရှောင်ရတယ်”ဟု သူကပြော သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သဖြင့် သရက် ပင်စု၊ ကားဆိပ်နှင့် အင်တိုင်း လေး‌ (မ)ရွာတို့မှ ပြည်သူများ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s