မြောင်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ် စစ် ကြောင်းများကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ခု PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များ ပြား ကြောင်း CDSOM အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာ သော စစ်တပ်ကြောင်းသည် နဘက်ရွာကို စီးနင်း ဝင်ရောက်ခဲ့ကြောင်း၊ နဘက် ရွာ မှ ပြည်သူ ၁ ဦးကိုဖမ်းဆီးပြီး ကင်းကျေးရွာ မှ ပြည်သူတစ်ဦးကိုလည်း သေ နတ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိုပြည်သူမှာ လက်မောင်း ကျည်ထိမှန်ခဲ့ ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ကျောက်ရစ်ရဲစခန်းမှ လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ရစ်ရဲစခန်းသို့ ပြန် လည် ဆုတ်ခွာလာစဥ် စစ်ကိုင်းခရိုင် တပ်ရင်း ၆၊ CDSOM၊ Genius Satan LPDFနှင့် Myaung Famer Defense Force တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်အချိန် ကျောက်ရစ် စခန်းကို Myaung Fighter Defense Forceနှင့် ဗိုလ်တောက်ထွန်း MBTT အဖွဲ့ တို့က ၆၀ မမ လက်လုပ် ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက် သေဆုံးမှု ရှိနိုင်​သော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်အချိန် မြောင်မြို့ပေါ်သို့ ပြန်လာစဥ် စော်ဘွားကြီး အဖွဲ့၊ Blood Brother အဖွဲ့နှင့် Hero အဖွဲ့တို့က မိုင်း ၄ လုံးတွဲ ၂ ပွိုင့်၊ မိုင်း ၃ လုံးတွဲ ၂ ပွိုင့် စုစုပေါင်း မိုင်း ၁၄ လုံး ပွိုင့် ၄ ပွိုင့် ဖြင့် မြောင်မြို့ အဝင်နားတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ယမန်နေ့ ညနေ ၅ နာရီ ၅ မိနစ်တွင် မြောင်မြို့အဝင် လျှော်ဖြူခင်း နား အရောက်တွင် CDSOM ၏တူမီးဖိုက်တာအဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ဒေါင်းညီနောင်အဖွဲ့နှင့် ဇာမဏီအဖွဲ့တို့မှ မိုင်း ၄ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၃ ဦးကို ထမ်းခေါ်သွားကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာနှင့် မြေပုံ ကျေး ရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၁ နာရီခန့်အချိန် အင်အား ၁၂၀ ခန့်ဖြင့် မတ္တရာ မြို့ပေါ်မှ စစ်ကြောင်း ထိုးလာသော စစ်တပ်ကို ကောက် ရိုးပုံ ကျေးရွာနှင့် မြွေပုံကန်ကျေးရွာ အကြားတွင် ၅ ဂါလံ ပုံး မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက် ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ အချို့ထိခိုက်ဒဏ် ရာ ရရှိကာ မိုင်း ဆွဲပြီးနေရာနှင့်မနီးမဝေးနေရာတွင် တပ်စွဲနေရာယူထား ကြောင်း သိရသည်။

“မနေ့က မတ္တရာကနေ ညောင်အုပ်ရွာအထိ ကားနဲ့တက်လာပြီး ညအိပ်တာ၊ ဒီနေ့မနက်မှ ခြေလျင် စစ်ကြောင်းထိုးလာတာ၊ ၅ ဂါလန်ပုံ မိုင်း ၃ လုံးနဲ့တိုက် ခိုက်ခဲ့တာပါ၊ ခွေးသေကောင်တွေကို ဘယ်လို လုပ်ထားခဲ့မလဲတော့မသိဘူး၊ အခု မိုင်းဆွဲတဲ့နေရာနဲ့ မနီးမဝေးမှာ တပ်စွဲထားတယ်” ဟု တောကြီး မြွေပွေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေပွေးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်ကြောင်းမှာ ဆက် လက်ရှိနေသေးသဖြင့် လမ်းသွား၊လမ်းလာမိဘ ပြည်သူများအနေဖြင့် သတိပြုရှောင်ရှားသွားလာကြရန် သတိပေးထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s