Monthly Archives: Feb 2023

ရန်ကုန်မြို့ရဲ့ နာမည်ကျော် အထင်ကရ လူ စည်ကားရာ ဗိုလ်ချုပ်စျေး၊ Time City ၊ မြန်မာပလာဇာ၊ သီရိမင်္ဂလာစျေး တို့မှာ ဆိုင်တွေ ဖွင့်ထားပြီး လူမရှိလို့ ခြောက်ကပ် တိတ် ဆိတ်ငြိမ်သက်နေ

ရန်ကုန်မြို့ရဲ့ နာမည်ကျော် အထင်ကရ လူစည်ကားရာ ဗိုလ်ချုပ်စျေး၊ Time City ၊ မြန်မာပလာဇာ၊ သီရိမင်္ဂလာစျေး တို့မှာ ဆိုင်တွေ ဖွင့်ထားပြီး လူမရှိလို့ သရဲခြောက် မတတ် တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

ပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်မှာ ပါဝင်နေပြီး ဆိုင်ခန်းတွေ မပိတ်ထားပေမယ့် လူသူမရှိဘဲ ခြောကပ်နေတာပါ။

“အရင် ဒီအချိန် လူအရမ်းစည်တာ အခုချိန်မှာတော့ သရဲတောင်ခြောက်မှာ ကြောက်ရတယ်။ သီရိမင်္ဂလာစျး အခြေအနေက။ စျေးသည်တွေလည်း ဆိုင်ဖွင့်ပြီး အိပ်နေကြတယ်။ လာဝယ်သူလည်းမရှိဘူး။ ရောင်းသူလည်း မရှိဘူး။ ၃ နာရီအထိ အိပ်ကြမယ်လေ” လို့ စျေးသားတစ်ဦးက ပြောဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင် ခြောက်ကပ်နေတဲ့ လမ်းမကြီးတွေရဲ့ မြင်ကွင်းကိုလည်း ဖော်ပြလိုက်ပါတယ်။ khit thit

တောင်ငူထောင်က နိုင်ငံရေးအကျဥ်းသားများ Silent strike တွင်ပူးပေါင်းပါဝင်မည်

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဥဉ်းသားတွေကလည်း စစ်ကောင်စီ မတရားအာဏာသိမ်းခဲ့တဲ့ ဖေ ဖော်ဝါရီ ၁ ရက်နေ့မှာ  Silent strike “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်”ကို ထောင်ထဲကနေ ပူးပေါင်းပါဝင် ပြုလုပ်သွားမှာဖြစ်ကြောင်း ထောင်တွင်းက ပေးပို့တဲ့စာအရ သိရပါတယ်။

အဲဒီစာမှာ “မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီးမှာ အချိန်မတိုင်ခင် လူမဆန်စွာ မသေရုံတမယ် ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံ ထောင်ထဲရောက်ခဲ့ရပေမဲ့ တနေ့မှ သွေးအေးမသွားဘူး။ အာဏာရူးကို တော်လှန်ဖို့ (လုံးဝ)ကြောက်မသွားခဲ့ဘူး။ အသက်ရှင်သမျှ တိုက်ပွဲ‌ဝင်သွားမယ်။”လို့ ရေး သားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်လုံးကျွတ်ဆင်နွှဲခဲ့ကြတဲ့ Silent strike သပိတ်ကိုကို NUG အစိုးရနဲ့ ပြည်သူတွေနဲ့အတူ  ထောင်ထဲရောက် ရဲဘော်တွေအားလုံးကလည်း ပါဝင်ပြုလုပ်သွားမည်ဟု အသိပေးလိုက်ပါတယ်။

“ထောင်တွင်းရောက် ရဲဘော်တွေက တက်နိုင်တဲ့ဘက်က အာဏာရှင်ကို အဆုံးထိ တိုက်ပွဲဝင်သွားပါမယ်။ မြန်မာပြည်သူတွေအားလုံးလည်း အာဏာရှင်ကျဆုံးဖို့ သွေးမအေးကြနဲ့။ အင်တိုက်အားတိုက် အဆုံးထိ ပါဝင်ပေးကြဖို့ မေတ္တရပ်ခံအပ်ပါတယ်”လို့ စာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီခေါင်းဆောင်တွေ၊ ထင်ရှားတဲ့နိုင်ငံရေးသမားကို စစ်တပ်ကဖမ်းဆီးပြီး  အာဏာလုယူခဲ့တာဖြစ်ပါတယ်။ 

အခုဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အဲဒီလို တရားမဝင် အာဏာလုယူခဲ့တဲ့ ဖြစ်စဉ်နဲ့ စစ်အာဏာရှင်တွေကို ပြည်သူတွေက လုံးဝလက်မခံဘူးဆိုတာပြသတဲ့အနေနဲ့ ဒီနေ့မှာ မြန်မာတနိုင်ငံလုံးကအတိုင်းအတာနဲ့ ပြည်သူတွေက ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး တိတ်ဆိတ် ငြိမ်သက်ခြင်း သ ပိတ်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။ DVB

ဆားလင်းကြီးမြို့နယ်တွင် အသံတိတ်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် အာဏာသိမ်းမှု နှစ်နှစ်မြောက်နေ့အဖြစ် ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက အသံတိတ်သပိတ် ပြုလုပ်နေကြသည်။ mizzima

မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ် ကားလမ်း လောဒန်ကျေးရွာနဲ့ လောမွန်ကြားမှာ မိုးမောက်မြို့ကနေ တက်လာတဲ့ စက်ယန္တရားတင် စစ်ကောင်စီယာဉ်တန်း ဇန်နဝါရီ ၃၁ ရက် မနက် ၈ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်သူတွေကပြောပါတယ်။

စက်ယန္တရားတင်တဲ့ ကား ၄ စီးနဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ ကားယာဉ်တန်းဟာ မိုးမောက်မြို့ကနေ မနေ့မနက်ပိုင်းက တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

“မနေ့ကတည်းကနေ တက်လာတာ ကားပေါ်မှာ ဘူဒိုဇာတွေတင်ထားတဲ့ ကားတန်း၊ အဲဒီမှာ စစ်သား(စကစ)တွေကော ပါတယ်။ အဲတာကို လောမွန်နဲ့ လောဒန်ကြားမှာ စစ်သားတွေပါတဲ့ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်၊ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ်၊ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့ကနေ လွယ်ဂျယ်ကိုသွားတဲ့ ကားတွေကိုလည်း သွားလာခွင့်မပြုထားဘူးလို့ သိရပါတယ်။

လွယ်ဂျယ်ဘက်ကနေ မိုးမောက်မြို့ဘက်ကို အရပ်သားကား ၄ စီးနဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရရှိတဲ့ စစ်ကောင်စီတပ်သားတွေလို့ ယူဆရသူတွေကို ဗန်းမော်မြို့ကို သယ်ယူတာတွေလည်း တွေ့ရတယ်လို့ မြို့ခံတွေကနေတဆင့် သိရပါတယ်။

မိုးမောက်မြို့အထွက် လွယ်ဂျယ်ကာလမ်းပေါ်က ကျောက်စခန်းကျေးရွာနဲ့ တဂေါကျေးရွာ ပတ်ဝန်းကျင်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတည်းက သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းကလည်း မိုးမောက်မြို့ပေါ်က ခလရ (၄၃၇) ကို မိုင်းတွေနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး မိုးမောက်မြို့နဲ့ လွယ်ဂျယ်-မိုးမောက်ကားလမ်းဟာ  တပ်မဟာ (၃)၊ တပ်ရင်း(၁၅)က ကချင်လွတ်မြောက်ရေးတပ်သားတွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။ DVB

မိုးကုတ်နှင့် မြစ်ခြေတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်

မန္တေလးတိုင်း မိုးကုတ်မြို့နှင့် မကွေးတိုင်း မြစ်ခြေတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။ khit thit

မြန်မာ့အရေးကို နိုင်ငံတကာက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ ၂ နှစ်ပြည့်ပြီဟု ကုလအထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံတကာအသိုက်အဝန်းက ထိထိရောက်ရောက် မဖြေရှင်း မကိုင်တွယ်နိုင်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးကပြောတဲ့ကြောင်း  ရိုက်တာသတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာ  ၂ နှစ်ပြည့်တဲ့နေ့မတိုင်ခင်  ဇန်နဝါရီ ၃၁ ရက်နေ့မှာ တွမ်အမ်ဒရူးစ်ကပြောကြားလိုက်တာဖြစ်ပါတယ်။

“အခုက တကယ်ကို စိတ်မကောင်းစရာ အခြေအနေပါပဲ၊ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီ၊ ဒါဟာ ကျနော်တို့ နိုင်ငံတကာအသိုက်အဝန်းက အဲဒီပြဿနာအပေါ်မှာ ထိထိရောက်ရောက် တာဝန်မယူ မဖြေရှင်းနိုင်ခဲ့တာ နှစ်နှစ်ပြည့်ပြီဆိုတာကို ပြတာပါပဲ။”

စစ်အာဏာရှင်တွေ သူတို့ကိုယ်သူတို့ ကျားကန်ထားနိုင်ဖို့အတွက် ပိုက်ဆံရယ်၊ လက်နက်ရယ်၊ တရားဝင်မှုရယ်ဆိုတဲ့ ၃ ခု လိုအပ်ပြီး မြန်မာ နိုင်ငံသားတွေရဲ့ အမြင်မှာ ဒီစစ်အာဏာရှင်တွေဟာ တရားဝင်မှု လုံးဝမရှိဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကပြောပါတယ်။

“မြန်မာစစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုရေးမှာ ကျနော်တို့ နိုင်ငံတကာ အသိုက်အဝန်းတွေ အရေးပါမှု ဘယ်လောက်ထိရှိတယ်ဆိုတာကို ကျနော်တို့နားလည်နေဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒီနေ့ပြောချင်တဲ့ အဓိကအကြောင်းကလည်း ဒါပါပဲ။” 

စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူခဲ့သလို အာဏာသိမ်း သက်တမ်း ၂ နှစ် ပြည့်သွားချိန်မှာလည်း အာဏာကို ဆက်ယူထားပြီး နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ အတုအယောင်ရွေးကောက်ပွဲသစ်ကျင်းပဖို့ ပြင်ဆင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီးလည်း တွမ်းအန်ဒရူးစ်က “သူတို့ကတော့ နိုင်ငံတကာအသိုက်အဝန်းကြားမှာ တရားဝင်အသိအမှတ်ပြုတဲ့ ဒီမိုကရေစီစနစ်အတိုင်း ရွေးကောက်ခံအစိုးရဖြစ်လာစေရေးအတွက် နိုင်ငံရေး စာမျက်နှာသစ်ကိုလှန်ဖို့သူတို့ပြောတဲ့ ရွေးကောက်ပွဲကို ဒီနှစ်မှာ လုပ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။ လူကြီးမင်းတို့ ခင်ဗျာ၊ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ နှိပ်စက်၊ သတ်ဖြတ်နေပြီးတော့ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဆိုတာ ရှိမလာနိုင်ပါဘူး။ သတင်းထောက်တွေ သူတို့အလုပ်ကိုသူတို့လုပ်တာဟာ တရားဥပဒေနဲ့ မညီပါဘူးဆိုတဲ့ နိုင်ငံမှာ တကယ့်ရွေးကောက်ပွဲအစစ် ဖြစ်မလာနိုင်ပါဘူး။ စစ်အာဏာရှင်တွေကို ဝေဖန်တာဟာ ရာဇဝတ်မှုလို့ သတ်မှတ်ထားတဲ့ နိုင်ငံမှာ တရားဝင်လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ရှိမလာနိုင်ပါဘူး။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအသိုက်အဝန်းတွေ၊ ရွေး ကောက်ပွဲစောင့်ကြည့်အကဲဖြတ်ရေးအဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်း ပ ညာဆိုင်ရာတွေ ထောက်ပံ့ပေးပြီး ဒါမှမဟုတ် ရွေးကောက်ပွဲစောင့်ကြည့်သူတွေ လွှတ်ပေးပြီး သူတို့ရဲ့ ကလိမ်ကကျစ်လုပ်ရပ်ကို ထောက်ခံကူညီလို့မဖြစ်ပါဘူး။ တကယ်လုပ်ရမှာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို စစ်အုပ်ချုပ်မှုအောက်ရောက်အောင် စီစဉ်ရေးဆွဲထားတဲ့ သူတို့ရဲ့ ကလိမ်စေ့ငြမ်းဆင်လုပ်ရပ်အပေါ်မှာ ကန့်ကွက်ကြောင်း လက်မခံကြောင်းကို ချက်ကျလက်ကျ ကြေညာရမှာပဲ ဖြစ်ပါတယ်။”

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ယူကရိန်းအရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသလို မြန်မာ့ အရေးကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“လိုနေတာက ဘယ်လိုစီးပွားရေးပိတ်ဆို့မှုတွေက အကောင်းဆုံးဖြစ်မလဲ၊ အထိရောက်ဆုံးဖြစ်မလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားပြီး စီးပွား ရေး ပိတ်ဆို့ရမလဲ၊ ဒီစီးပွားရေးပိတ်ဆို့မှုတွေအပေါ်မှာလဲ ယူကရိန်းအရေးမှာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသလို နိုင်ငံတကာ အသိုက်အဝန်းတွေက ဘယ်လိုပူးပေါင်းအရေးယူဆောင်ရွက်ကြမလဲ၊ အဲတာတွေကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ထောက်ပံ့အားပေးကူညီမယ့် နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။ ”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ဟာ “တရားမဝင် ဥပဒေမဲ့သော – မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် စစ်တပ်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံတကာတုံ့ ပြန်မှုတွေအပေါ် လေ့လာဆန်းစစ်ခြင်း”ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို မကြာခင်ကမှ တင်သွင်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဝင်ရွေးကောက်ခံ အစိုးရကိုဖယ်ရှားကာ စစ် တပ် က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီးတဲ့နောက် မြန်မာပြည်မှာ လူ့အသက်ပေါင်းများစွာ ကြွေလွင့်ခဲ့ရပြီး ဘဝပေါင်းများစွာဟာ ကျွမ်း ထိုးမှောက်ခုံ ဖြစ်သွားခဲ့ရပါတယ်။ 

ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းခဲ့ပြီး အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ စစ်အာဏာသိမ်း ၂ နှစ်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ အပြစ်မဲ့ပြည်သူ ၂၉၄၀ ဦး ကျဆုံးခဲ့ရပြီး၊ ထောင်သွင်းအကျဉ်းချကာ နှိပ်စက်ညှဉ်းပန်း ဖမ်းဆီးခံရသူပေါင်း ၁၇၅၇၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

လူဦးရေ ၁ ဒသမ ၂ သန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအတွင်းကနေ ထွက်ခွာခဲ့သူ ၇၀,၀၀၀ ကျော်ရှိတယ်လို့ စစ်တပ်ကို စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာစစ်တပ်ကတော့ သူတို့ရဲ့လုပ်ရပ်ကို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ တရားဝင်လုပ်ရပ်လို့ ငြင်းဆန်နေဆဲဖြစ်ပြီး မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ရိုက်တာက ရေးပါတယ်။ DVB

စလင်းမြို့နှင့် နတ်မောက်မြို့တွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နှင့် နတ်မောက်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။ khit thit

၂ နှစ်အတွင်း စစ်အုပ်စုက ပြည်သူ ၃၀၀၀ ခန့်ကို သတ်ဖြတ်၊ စစ်ကိုင်းတိုင်းက ၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃၀၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ မြေပြင်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက ၁,၀၀၀ ကျော်နဲ့ အများဆုံးပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြ လိုက်တာဖြစ်ပြီး စစ်ကိုင်းတိုင်းနောက်မှာတော့ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေက ကျဆုံးပြည်သူဦးရေ ၂၅၀ ကျော်နဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျဆုံးပြည်သူစုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၃၄ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၁၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ကလေးသူငယ်ဦးရေ ၉ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ဖမ်းဆီးခံရတဲ့ စာရင်းမှာတော့ စုစုပေါင်းပြည်သူ ၁၇,၅၇၂ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၃,၇၆၃ ယောက်ကတော့ လက်ရှိအချိန်ထိတိုင်အောင် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၁ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေအပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် ပြည်သူ ၁၇ သန်းကျော် အကူအညီတွေလိုအပ်နေကာ ပြည်သူ ၁ သန်းခွဲကတော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီးတော့ တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲ ဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတစ်ခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှု မြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတစ်ရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ DVB

အာဏာသိမ်း ၂ နှစ်ပြည့် နေပြည်တော်မြင် ကွင်း

ရွေး​ကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အ​ကြောင်းပြပြီး စစ်တပ်ကအာဏာသိမ်းထားသည်မှာ ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အာဏာသိမ်းစက​ နေပြည်​တော်တွင် စုဝေးဆန္ဒပြမှုများဖြင့် စည်ကားခဲ့သည့် နေပြည်တော် သပြေကုန်းအဝိုင်းကိုမူ စစ်ကောင်စီလက်အောက် ခံရဲများက ယနေ့တိုင် ဆက်လက်ပိတ်ထားဆဲဖြစ်သည်ကို တွေ့ရသည်။

နေပြည်တော် မြို့လယ်ခေါင်ရှိ သပြေကုန်းဈေးတွင်လည်း စစ်ကောင်စီ လက်အောက်ခံရဲတချို့ စောင့်ကြပ်နေသည်ကို ယနေ့ နံနက်ပိုင်းကတွေ့မြင်ခဲ့ရပြီး လမ်းမကြီးများတွင်လည်း ရဲကားတချို့ လှည့်လှည်ကင်းပတ် သွားလာနေသည်ကို တွေ့ရသည်။

ထို့အပြင် နေပြည်တော်ရှိ လမ်းမကြီးများနှင့် လူစည်ကားတတ်သည့် လမ်းသွယ်များတွင် ယာဉ်များ၊ ဆိုင်ကယ်များ သွားလာမှုများရှိသော် လည်း ယခင်နေ့များ နှင့် နှိုင်းယှဉ်ပါက အသွားအလား အနည်းငယ် ကျဲပါး​​နေသည်ကို တွေ့ရသည်။

“သွားတာကတော့ သွားနေကြတာပဲ။ ဒါပေမဲ့ ဒီမနက် သွားနေကျလမ်းမှာတော့ ပုံမှန်ထက်စာရင် နည်းနည်းလေး နည်းသွားတာတော့တွေ့တယ်” ဟု နေပြည်တော် ဇမ္မူသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းနှစ်နှစ်ပြည့်တွင် နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ရန် ​တော်လှန်​ရေးအင်အားစုများက နှိုး​ဆော်ထားသည်mizzima

« Older Entries