ပြုပြင်ထားသည့်ပုံများဖြင့် PDF များက NUG ကို ဆန္ဒပြသည်ဟု သတင်းတုဖြန့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များက NUG အား ဆန္ဒပြသည့်ရုပ်ပုံများပျံ့နှံ့လျက်ရှိ သည်။ ယင်းပုံများမှာ မှားယွင်းနေသည်။
မှိုင်းဝေတယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် “NUG ကကောင်တွေ ရွေးကောက်ပွဲနဲ့ပတ် သက်ပြီး စကစကို တိတ်တခိုးဆက်သွယ်လိုတဲ့ ပဒက်တွေ ပေါက်ကွဲနေပြီ” ဆိုသည့် သတင်းခေါင်းစဉ်နှင့် အတူ ဓာတ်ပုံသုံးပုံဖြင့်ဖြန့်ဝေထားသည်။
ယင်းကို အခြားတယ်လီဂရမ်ရှစ်ခုတွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၄၀,၀၀၀ ခန့် ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့ခဲ့သည်။
မဇ္ဈိမ၏ သတင်းအချက်အလက်စစ်ဆေးသူများအနေဖြင့် သတင်းတွင်အသုံးပြုထားသောပုံများကို စစ် ဆေးခဲ့ရာ မူရင်းမှာ ဇန်နဝါရီ ၃၀ ရက်နေ့က 96 Soldiers-တောင်ပိုင်းကျားဖြူတပ်ခွဲ(၂)က စစ်အာဏာ သိမ်းမှု(၂)နှစ်ပြည့်အနေဖြင့် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ကြရန် မေတ္တာရပ်ခံထားသည့် ပုံများ ဖြစ်သည်။ မူရင်းလင့် – https://bit.ly/3HJw9Io
ထိုပုံများကို အသုံးပြု၍ ဆန္ဒပြဆိုင်းဘုတ်တွင်ရေးသားထားသည့် စာများကိုပြုပြင်ကာ သတင်းတုအဖြစ် ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။
ထိုအကြောင်းကို အခြား မီဒီယာများကလည်း အသီးသီးဖော်ပြခဲ့ကြပြီး ဖြစ်သည်။
Tachileik News Agency – t.ly/P1aL
Burma VJ – t.ly/8Ylh
96 Soldiers သို့ ဆက်သွယ်မေးမြန်းရာတွင် NUG ကို ဆန္ဒပြခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။
သတင်းတု ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ “သူတို့လည်း သူတို့အလုပ်သူတို့လုပ်၊ ကျနော်တို့လည်း ကျနော်တို့ အလုပ်ကို ဆက်လုပ်သွားဖို့ပဲရှိပါတယ်” ဟု မဇ္ဈိမသို့ ဆိုသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ NUG အား ဆန္ဒပြသည့်ရုပ်ပုံများသည် 96 Soldiers မှ ဆန္ဒပြရဲဘော်ပုံများကို လိုသလိုပြန်လည်ပြုပြင်ကာ ဖြန့်ဝေထားသည့်သတင်းတုသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima