နိုင်ငံကူး လက်မှတ်များ ဇန်နဝါရီလကုန်တွင် ပြန်ထုတ်ပေးမည်ဟု စစ်တပ် ပြန် ကြားရေး ဇော်မင်းထွန်း ပြောခဲ့သော်လည်း လက်တွေ့မှာ ရုံးဆက်ပိတ်ထား

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ယမန်နှစ် ဒီဇင်ဘာလမှ စတင်ရပ်ဆိုင်းခဲ့ပြီး ဇန်နဝါရီလကုန်တွင် ပြန်လည် ထုတ် ပေး မည်ဟု စစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းက သတင်းမီဒီယာများသို့ ထုတ် ဖော်ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ နိုင်ငံကူးလက်မှတ်များ ပိတ်ထား ဆဲဖြစ်ကြောင်း ရန်ကုန်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ကျနော်တို့က ရုံးဖွင့်၊ မဖွင့် နေ့တိုင်းသွားကြည့်တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ပြန်စမယ်လို့ ပြောလို့ သွားကြည့်တယ်။ အခုလည်း ဖေဖော် ဝါရီ ၆ ရက်နေ့ ဖွင့်နိုင်တယ်ဆိုပြီး ပြောကြပြန်တယ်။ ပတ်စ်ပို့ရုံးကို နေ့တိုင်းသွားနေတာ အဲဒီနားက စျေးသည်တွေ၊ လုံခြုံရေးစောင့်တဲ့ သူတွေနဲ့တောင် ခင်နေပြီ။ ဘာမှလည်း သေချာ မကြေညာဘူး။ ဒီမနက်လည်း သွားခဲ့တယ်။ ပိတ်ထားတုန်းပဲ။ ကိုယ်လိုပဲ လာကြည့်တဲ့သူတွေလည်းများတယ်” ဟု ရန်ကုန်လူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှုများကို ဒီဇင်ဘာ ၅ ရက် ရပ်ဆိုင်းခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများ စတင်ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ဗုဒ္ဓဂါယာ ဘုရားဖူးပို့ဆောင်ရေး ခရီးသွား အေဂျင်စီတချို့၊ ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကို နားလည်မှုဖြင့် နိုင်ငံကူးလက်မှတ် လုပ်ပေးမှု များ ရှိသော်လည်း အရေအတွက် အလွန်နည်းပါးကြောင်း၊ ငွေကြေးတောင်းခံမှုများမှာလည်း နိုင်ငံကူးလက်မှတ် တစ်ခုအတွက် ငွေကျပ် ၁၂ သိန်းမှ ၂၀ နီးပါး အထိ တောင်းယူမှုများရှိနေကြောင်း၊ အလိမ်အညာများစွာလည်းရှိနေကြောင်း သိရှိသည်။

“တချို့ ဗုဒ္ဓဂါယာဘုရားဖူးကုမ္ပဏီတွေက PV အလည်အပတ် ပတ်စ်ပို့အတွက် အာမခံနဲ့ လုပ်ပေးမယ်တစ်ဦးကို ၁၂ သိန်း တောင်းတယ်လို့ ပြောတယ်။ လုပ်တဲ့လူလည်း လုပ်ကြတယ်။ ရတဲ့လူလည်း ရတယ်။ ဒါပေမယ့် အလိမ်ခံရတဲ့ ပြည်သူတွေလည်း အရမ်းများတယ်။ ဂျင်းထည့်ပြီး လိမ်ကြတာ။ ပြည်ပ အလုပ် အကိုင် အကိုင်အေဂျင်စီတွေကလည်း PJ နိုင်ငံကူးလက်မှတ်လုပ်ပေးလို့ရတယ် ပြောတယ်။ အဲဒါတွေက အရေ အတွက် အင်မတန်ကို နည်းပါတယ်။ ပြည်သူ အားလုံးက နိုင်ငံကူးလက်မှတ် လုပ်မရပါဘူး။ ဆေးကုမယ့်သူ၊ ပညာသင်မယ့် ကျောင်းသားကျောင်းသူ၊ စီးပွားရေး အလုပ်ကိစ္စ သွားချင်တဲ့သူ အားလုံး ဒုက္ခရောက်ရတယ်။ ပြည်တွင်းမှာ လုပ်ကိုင်စားသောက်ရတာ ငွေရှာရတာအရမ်းခက်တယ်။ ပြည်ပလည်း ထွက်မရတဲ့ အခြေအနေမျိုးပါ” ဟု ရန်ကုန်မြို့မှ ပြည်ပ ခရီးသွား Tour ကုမ္ပဏီလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ခြင်း၊ PJ မှ PV ပြောင်းလဲခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သော လုပ်ငန်းစဉ်အားလုံးကို ယနေ့ အချိန် အထိ ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းခြင်းသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက် ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန် ယမန်နှစ် ဩဂုတ်လ နေ ပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် အ မိန့်ပေးခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

အလားတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကလည်း ဖေဖော် ဝါရီလ ၆ ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို စတင် ရပ် ဆိုင်းမည်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် Passport Printer စက် ပြုပြင်ထိန်းသိမ်းမည်ဖြစ်၍ ရပ်နားခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် မလေးရှားရောက် မြန်မာများကမူ စစ်ကောင်စီအနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများကို အခက်အခဲဖြစ်စေရန်၊ နွေဦးတော်လှန်ရေးတွင် မပါဝင်စေရန်၊ NUG နှင့် PDF ကို ထောက်ပို့ လှူဒါန်းမှုများ မလုပ်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်ဖြင့် အကျပ်ကိုင် ခြိမ်း ခြောက် လာခြင်းဟုဆိုသည်။

“ပြည်ပရောက် မြန်မာတွေကို နိုင်ငံကူးလက်မှတ်နဲ့ ထိန်းချုပ်ချင်လို့ ဒီလို ပတ်စ်ပို့ ထုတ်ပေးတာတွေကို ထိန်းချုပ်တာပါ။ ကျနော်တို့ကတော့ စစ်အာဏာရှင် တော်လှန်ရေးအတွက် အမြဲတမ်းလှူသွားမယ်” ဟု ကွာလာလမ်ပူ ၊ တရုတ် တန်း တွင် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အ လုပ်သမား တစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s