လောင်းလုံး၊ မင်းရပ်ရွာမှ ပြည်သူ ၁ ဦးကို စစ် တပ်က သတ်ဖြတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး၊ မကွေးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်း ဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၂ နာရီ ကျော်ခန့်တွင် ထားဝယ်ဘက် မှ စစ်သား အပြည့်ဖြင့် ဆင်းလာသော စစ်ကား ၂ စီးသည် လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သား ပြည်သူ ဦးတင်လောင်း ကို ပစ်သတ်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်သားများသည် မင်းရပ်တောင်ပေါ်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောစပ်နေရာများကို ပစ်ခတ်ခဲ့ပြီး ပြည် သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ဆိုင်ကယ် ၅ စီးကို ခိုးယူသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ (LLPDF) က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ မကွေးမြို့နယ်၊ ပုထိုးကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်ကောင်စီဝင်များ ဖေဖော်ဝါရီ ၂ရက်နေ့ ည ၂ နာရီ အချိန်တွင် ဝင်ရောက်၍ ရွာသား ၄ဦးကို အကြောင်းမဲ့ အင်အားသုံးဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးခံရသည့် ရွာသားများမှာ ကိုသန်းမင်းဦး၊ ကိုမြင့်သူ၊ ကိုမင်းနိုင်နှင့် ကိုမျိုးဝင်းနိုင်တို့ ၄ ဦးတို့ ဖြစ်ကြကြောင်း၊ ကိုသန်းမင်းဦးနှင့် ကိုမြင့်နိုင် တို့မှာ ညီအစ်ကိုများဖြစ်ပြီး ဖခင်ဖြစ်သူ အသည်းအသန်ဖြစ်၍ ဘားအံတွင် အလုပ်လုပ်ရာမှ ရွာသို့ ပြန်လာစဉ် မတရားဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သူတို့အကြောင်းပြချက်က ဘားအံက ပြန်လာတဲ့ ကလေးကို ကရင်ပြည်ပြန်လာတာ အထင်ကြီးပြီး ဖမ်းတာနေမှာပေါ့ဗျ။ အမှန်က အဲ့က လေးကလည်း သူ့အဖေအသည်းအသန်ဖြစ်လို့ ရွာပြန်လာတာ။ မကွေးက ညအချိန်သွားမရလို့ ရင်းဆိပ်တိုက်နယ်ဆေးခန်းသွားပြပြီး ပြန်အလာ သူ့လိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားလည်း အဖမ်းခံရတယ်။ ဆိုင်ကယ်အပ်ခဲ့တဲ့ အိမ်က အစ်ကိုလည်း အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုမျိုးဝင်းနိုင်မှာ တိုက်နယ်ဆေးခန်းလိုက်ပို့ပေးသည့် ဆိုင်ကယ်ကယ်ရီသမားဖြစ်ပြီး ကိုမင်းနိုင်မှာ ဆေးခန်းက အပြန် ဆိုင်ကယ်အပ်နှံ့ခဲ့သည့် အိမ်မှ ဖြစ်ကြောင်း လတ်တလောတွင် ကိုမျိုးဝင်းနိုင်ကိုမူ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ကျန် ၃ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုထိုးကျေးရွာတွင် ဖမ်းဆီးခံရသူများမှာ သာမန်ပြည်သူများသာ ဖြစ်ကြောင်းနှင့် မတရားစွတ်စွဲဖမ်းဆီးခံရသည့်အတွက် ရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်ရွာလုံးကြောက်လန့်နေကြကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s