Monthly Archives: Feb 2023

လျှပ်စစ်မော်တော်ယာဥ်အားသွင်းရန်နေရာများ တိုးချဲ့တည်ဆောက်မည်ဟု စစ်ခေါင်း ဆောင်ဆိုပြန်

လျှပ်စစ်မော်တော်ယာဥ်များအားသွင်းရန်နေရာ(Power Station)များကို လူသွားများသည့် လမ်း နှင့်မြို့ကြီးများတွင်တိုးချဲ့တည်ဆောက်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကဆိုပြန် သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်တိုင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MS ME)လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၌တွေ့ဆုံစဥ် ၎င်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်ဓာတ်အားသုံးကားတွေ တင်သွင်းနိုင်ဖို့အတွက် အခွန်နှုန်းထားတွေ လျှော့ပေါ့ပေးထားပါတယ်။ လျှပ်စစ်ဓာတ်အားသုံးကားတွေအ တွက် Power Station တွေကို စပြီးတည်ဆောက်နေပါတယ်။ လူအသုံး များတဲ့လမ်းတွေနဲ့ မြို့ကြီးတွေမှာ ထပ်ပြီးတိုးချဲ့တည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်နိုင်ပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကိုကျင့်သုံးမည်ဟုလည်း ပြောကြားခဲ့သည်။

“နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင် နေသလို လေအားသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်နိုင် ဖို့ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင်မပေးနိုင်သေးသလို၊ လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားလို အပ်ချက်အား ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ အချိန် ပိုင်းပေးဝေမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပုံမှန်မရဘဲ မကြာခဏဆိုသလို ပြတ်တောက်နေချိန်တွင် ပြည်သူများ လျှပ်စစ် မီးချွေတာကြရန်၊ ရေကိုချွေတာကြရန်နှင့် စက်သုံးဆီကိုချွေတာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ပြောဆိုထားသည်။mizzima

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာ၊ မုံရွာတစ်မြို့လုံးကို စစ်တပ်နှင့်ရဲက အိမ်တိုင်း ဝင်စစ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာကြောင်း Alpha Special Force Column၊ ချင်းတွင်းဂဠုန်ရာဇာ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထက်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ မူလက စစ်သား ၄ ဦး သေဆုံးကြောင်း သိရှိရပြီးနောက် ထပ်မံ၍ စစ်သားများ သေဆုံးမှု ထိခိုက်မှု အရေအတွက် တိုးလာကြောင်း သိရှိရသည်။

“လစရ ၆ ကားဂိုဒေါင် တစ်လုံး ၊ နမခ ကင်းဂိတ်၊ ဆောက်လုပ်ရေးတပ်အတွင်းက အဆောက်အဦး ၃လုံး ထိခိုက်ပျက်စီးမှု ရှိတယ်။ ဗိုလ်ကြီးတစ်ဦး တပ်ကြပ်ကြီးတစ်ဦး ဒုတပ်ကြပ်တစ်ဦး အပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိတာရယ်။ သေဆုံးမှုတွေလည်း ရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက် ခိုက်မှုကို Shadow Ranger နှင့် မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ နှင့် မုံရွာခရိုင် အမှတ် – ၅ တပ်ရင်း (Aung San Force -ASF) ၊ Alpha Special Force Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲက မုံရွာတစ်မြို့လုံးရှိ ရပ်ကွက်များကို အိမ်တိုင်းစေ့ စစ်အင်အားအများအပြားဖြင့် လက်နက်များ ရှာဖွေခြင်း၊ အိုးခွက် ပန်းကန်မှစ၍ လှန်လှော စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁ မြို့နယ် စစ်အုပ်ချုပ်ရေးကြေညာပြီး တိုင်းမှူးကို အာဏာ အပြည့်ဖြင့် အုပ်ချုပ်ခိုင်းချိန်တွင် တိုင်းမှူးနေထိုင်သော နမခ ဌာနချုပ်ကို တော်လှန်ရေး တပ်များက တိုက်ခိုက်လာခြင်း ဖြစ်သည်။ khit thit

ကျားဖြူပါတီ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်

၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ၁ နေရာသာ အနိုင်ရရှိခဲ့တဲ့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ တနိုင်ငံလုံးစည်းရုံးနိုင်တဲ့ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအ နေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်ကြမယ့်က ကိုယ် စားလှယ်တွေက သူတို့ ဖာသာ ရုံးခန်းဖွင့်ရမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာ မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ်နိုင်ငံလုံးမြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့လည်း ပါရှိပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူထုထောက်ခံမှုအများဆုံးရရှိထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၁၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၂၇ အနိုင်ရရှိခဲ့တဲ့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)ကတော့   အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့အပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်ကတော့ ဥပဒေသစ်အရ ပါတီတခုအနေနဲ့ အထူးသဖြင့်တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ကြောင်းနဲ့ ကြံ့ခိုင်ရေးတပါတီတည်းသာ နိုင်ငံတဝန်းယှဉ်ပြိုင်မယ့်ပါတီကျန်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ 

“ဒီ ၅ လ ၆ လ အတွင်းမှာ လူတစ်သိန်းစုဖို့ရယ်၊ ပါတီရုံး ၁၅၀ ဖွင့်ဖို့ရယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ထွန်းကားအောင် အားပေး ဖို့လိုတဲ့အချိန်မှာ တခြားမဖြစ်နိုင်တဲ့ကိစ္စတွေကို အချက်အလက်တွေနဲ့ လုပ်လိုက်တော့ ပြိုင်ဘက်တွေကို ချိုးနှိမ်လိုက်တာပေါ့ဗျာ။ ခုနက ကျနော်ပြောသလိုပေါ့ ပြိုင်ဘက်က ခပ်ညံ့ညံ့ပြိုင်ဘက်ပဲ ကျန်ခဲ့မယ်။” DVB

ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်သား ၁၆ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF–Paletwa က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂ ရက်မှ ၁၆ ရက်နေ့အတွင်း CDF – Paletwa တပ်ရင်း(၂) ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝစစ်ဆေးရေးဂိတ်၊ ရှင်းလက်ဝနှင့်ခုံရွာကြားတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF – Paletwa ၊ ချင်းအမျိုးသားတပ် မတော် (CNA) ၊ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ – အထူး တပ်ဖွဲ့( CJDC – Special Force) စသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“စစ်ကောင်စီဂိတ်ကို ကျနော်တို့ဘက်က သွားတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းတွေထိုးလာတဲ့အတွက် ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ အဓိကတိုက်တဲ့ပုံစံက မိုင်းနဲ့ ချုံခိုတိုက်တာဖြစ်ပါတယ်” ဟု CDF – Paletwa ဗဟိုကာကွယ်ရေးကော်မတီဥက္ကဋ္ဌ Paul က မဇ္စျိမကိုပြော သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ MA-1 တစ် လက်သိမ်းဆည်းနိုင်ခဲ့ကာ ရဲဘော်နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် ဖွဲ့များ၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ခုံရွာနှင့် ရှင်းလက်ဝရွာကြားတိုက်ပွဲများကြောင့် ခုံရွာမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး ရှင်းလက်ဝရွာမှာ စစ်ကောင်စီတပ် အခြေချတပ်စွဲထားခြင်းနှင့် အခြားသောအကြောင်းများကြောင့် စစ်ဘေးရှောင်ခြင်းမရှိ ကြောင်းသိရသည်။

ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပြီး စစ်ကောင်စီဘက်မှလည်း စစ်ကြောင်းများ ထိုးလာနိုင်ကြောင်းနှင့် ၎င်းတို့ တ ရားမဝင်အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲများ ဆောင်ရွက် လာနိုင်ခြေရှိကြောင်း Paul က သုံးသပ် ပြောဆိုသည်။

၎င်းအခြေအနေများအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် အကောင်းဆုံးပြင်ဆင်ထားပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီမှပြုလုပ်မည့် ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုရန် ထုတ်ပြန်ချက်များ ကို လေးလေးနက်နက်လိုက်နာရန်တောင်းဆိုလိုကြောင်း ပြောသည်။

CDF – Paletwa တွင် တပ်ရင်းလေးရင်းဖြင့်ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်ဂိတ်နှင့် အထိုင်စခန်းများ သွားရောက်ပစ်ခတ်ခြင်းများရှိသကဲ့သို့ စစ်ကြောင်းများကိုလည်း ကြားဖြတ်ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ပလက်ဝမြို့နယ်သည် အင်တာနက်လိုင်း၊ ဖုန်းအဆက်အသွယ်နှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနိမ့်ကျ လျက်ရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်းနှင့် စစ်ဆင်ရေးကိရိယာများ လိုအပ်နေ ကြောင်း ဗဟိုကာကွယ်ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာစဉ် ချင်းပြည်နယ်မှ ခုနစ်မြို့နယ်ပါဝင် သော်လည်း ပလက်ဝမြို့နယ် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့စဉ်က ပုဒ်မ (၁၄၄) ထုတ် ပြန်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းခြင်းမရှိသဖြင့် စစ်အာဏာသိမ်းပြီးနောက် ပလက်ဝတွင် လူစုလူဝေးပြုလုပ် နိုင်ခြင်းမရှိဘဲ ဆန္ဒပြပွဲများပြုလုပ်ခွင့်မရကြောင်း ဆိုသည်။

ပလက်ဝမြို့နယ်အား စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်မှ အပြည့်အဝမအုပ်ချုပ်နိုင်သည့် အပြင် CDF – Paletwa ထိန်းချုပ်နယ်မြေများတိုးပွားလျက်ရှိပြီး အုပ်ချုပ် ရေး၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း Paul မှ ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း၍ စစ်မှန်သော တိုင်းရင်းသားအားလုံး တန်းတူမှုရှိ သည့် ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်ရေးတွင် ပြည်သူများအနေဖြင့် CDF – Paletwa လက်တွဲ၍ ယခု ထက်ပိုမိုပါဝင်ပေးကြရန် CDF – Paletwa ဗဟိုကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မှ မေတ္တာရပ်ခံပြောကြား သည်။mizzima

ပခုက္ကူမြို့ရှောင်လမ်းတွင် စစ်ကားတစ်စီး မိုင်းခွဲခံရပြီးနောက် ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းပိုင်းတနေရာတွင် စစ်တပ်လှည့်ကင်းကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၅ ဦးကို စစ် တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီခန့်အချိန် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့ရှောင်လမ်းတွင် စစ်တပ်၏ လှည့်ကင်းကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတွင် တွေ့ရှိသည့် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ် သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။

“စစ်တပ်လှည့်ကင်းကားကို မိုင်းခွဲခဲ့တာတော့မှန်တယ်၊ ပခုက္ကူမြို့နယ် ကာကွယ် ရေးတပ်ဖွဲ့တစ်ခုကပဲ၊ သူတို့တပ်ဖွဲ့ကတော့ ထုတ်ပြန်ပါလိမ့်မယ်၊ စစ်တပ်က ပစ်သတ်လို့ သေတယ် ဆိုတဲ့သူတွေက PDF တွေမဟုတ်ပါဘူး၊ ပြည်သူတွေပဲ” ဟု ပခုက္ကူအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောကြားသည်။

ယမန်နေ့ညပိုင်း စစ်ကား မိုင်းခွဲခံရချိန် အနီးအနားပတ်ဝန်းကျင်နေအိမ်များပါ လှုပ်ခါသွားကြောင်း၊ အကြမ်းဖက်စစ်တပ်က သေနတ်များရမ်းသမ်းပစ်နေသည်ကို အဆက်မပြတ်ကြားရကြောင်း၊ အနီးအနားရှိ ကညနရုံးတွင်းမှ စစ် သားများကလည်း ည ၉ နာရီကျော်အထိ သေနတ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတစ်ဦး က ရှင်းပြသည်။khit thit

သံတောင်မြို့ရှိ ကေအန်ယူအရာရှိ ၂ ဦး၏ နေအိမ် မီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ သံတောင်မြို့မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တောင်ငူခရိုင် သံတောင်မြို့နယ် တာဝန်ရှိသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်ညနေ ၃ နာရီလောက်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“ရှို့တာက စကစ တပ်က ရှို့တာ။ မီးလောင်သွားတာက ကေအန်ယူသံတောင်မြို့နယ် မြို့နယ်မှူးအိမ်နဲ့၊ တပ်မတော်(ကေအန်ယူအရာရှိ) အိမ် ၂ အိမ် အပါအဝင် ဒေသခံအိမ် ၈ လုံး မီးလောင်ပျက်စီးသွာတယ်။”

အဆိုပါ မီးရှို့မှုမတိုင်ခင် ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့  စစ်ကား ၃ စီးပျက်ပြီး စစ်ကောင်စီတပ်သား ၃၀ လောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မြို့ထဲကို ဆက်တိုက်ပစ်ခတ်လို့ မြို့နေလူထုတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတယောက် ထိမှန်ခဲ့သလို လူနေအိမ် ၈ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့တဲ့အတွက် မြို့ခံပြည်သူတွေဟာ ဥယျာဉ်ခြံ၊ သံတောင်နဲ့ နီးစပ်ရာပျား စခန်း၊ ရွာကြီး၊ ကျောက်တိုင်၊ အန္တရာယ်ကွေ့၊ သူဌေးကုန်း၊ ချောင်းနှစ်ခွ စတဲ့ကျေးရွာတွေအပြင် သံတောင်ကြီး၊ တောင်ငူမြို့ စတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတချို့လည်း ဒီကနေ့ အထိ အိမ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရပါတယ်။ DVB

ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီခန့် ကျေး ရွာအုပ်ကြီးအပါဝင် အမျိုးသား ၃ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထင်းမယ် ကျေးရွာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ကြီးအပါဝင် အမျိုးသား သုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ကြီးမှာ ချောင်းကဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆိုသူ ဖြစ်ပြီး ၎င်းသည် ရဲဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ခံတစ်ဦးက “ဖမ်းခံရတာက သုံးဦးပါ၊ အခု နှစ်ဦးကို ပြန်လွှတ်လိုက်‌ပြီလို့ သိရတယ်။ ဘာကြောင့် ဖမ်းဆီးသွားတာလည်းဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူသုံးဦးသည် စစ်ကောင်စီသတင်းပေးဟုနာမည် ထွက်နေသူများဖြစ်ပြီး ၎င်းတို့ကို မည်သည့်အဖွဲ့ကဖမ်းဆီးခဲ့သည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါအမျိုးသားသုံးဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့၍ စစ်ကောင်စီတပ်ဖွဲ့မှတောနင်း ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေ သ ခံသတင်း အရင်းမြစ်များထံမှ သိရသည်။mizzima

ငါန်းဇွန်မြို့နယ်တွင် ကင်းလှည့်နေသာ စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါးဇွန်မြို့အရှေ့ဘက် ၃ မိုင်အကွာ ငွေစင်ကုန်းကျေးရွာနှင့် ညောင်ပင် ကြီးရိုးရွာကြားတွင် ကင်းလှည့်လာသော စစ်သားများမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း Ngazun People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ငါန်းဇွန်မြို့မှ အကြမ်းဖက်စစ်သားများသည် ဆိုင် ကယ် ၅ စီးဖြင့် ငါးဇွန်မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ငွေကုန်းကျေးရွာနှင့် ညောင်ပင်ကြီးရိုးရွာကြား ရှိ ငါန်းဇွန်- တံတားဦးကားလမ်းပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မိနစ် ၂၀ လောက်ဖြစ်ခဲ့တာ၊ စစ်ခွေး ၉ ကောင်နေရာမှတင်သေတယ်၊ ၁ ကောင်က အပြင်း အထန်ဒဏ်ရာရတယ်၊ မြို့ပေါ်က စစ်ခွေးတွေ ချက်ချင်းရောက်လာတာနဲ့ ဒဏ်ရာရစစ်ခွေးတစ်ကောင် က ပြန်ပစ်နေလို့ လက်နက်မကောက်နိုင်ခဲ့တာပါ၊ တိုက်ပွဲဝင်ရဲဘော်တွေ အ ထိအခိုက်မရှိပြန်လည်ဆုတ် ခွာနိုင်ခဲ့ပါတယ်” ဟု Ngazun People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မြင်းခြံခရိုင်ရင်း ၆ ( ငါန်းဇွန် )၊ စစ်ကိုင်းခရိုင် ရင်း ၂ ၊ မန္တလေးခရိုင် ရင်း ၅ MNPDF ( မြစ်ငယ်) ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်) ၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့ ၊ ခုနှစ်စင်ကြယ် ပြောက်ကျား တပ်ဖွဲ့၊ TGYR ပြောက်ကျားတပ်ဖွဲ့ ၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့ ၊ special task foce ၊ ပြည်သူ့အင်အား၊ LPDF ( စဉ့်ကိုင်) ၊ MSPDF(မြောင်)၊ ငါန်းဇွန် local တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit

မြို့ပြပြောက်ကျားရုပ်ရှင်ကို ဆစ်ဒနီမြို့မှာ ပွဲဦးထွက်အဖြစ် ပွဲချိန် ၂ချိန်ခွဲပြီး ပြသခဲ့ရ

ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးပုံဖော်ထားတဲ့ မြို့ပြပြောက်ကျားရုပ်ရှင်ကို ဖေဖော်ဝါရီ ၅ ရက်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပွဲဦး ထွက်အဖြစ်ပြသခဲ့ရာ ရုပ်ရှင်လာရောက်ကြည့်ရှုသူ ပရိသတ်များပြားတဲ့အတွက် ပွဲချိန် ၂ချိန်ခွဲ ပြသခဲ့ရလို့ ပွဲဦးထွက်အနေနဲ့ အောင်မြင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။

ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေက တော်လှန်ရေး အောင်မြင်စေချင်လို့ ဖန်တီးထားတဲ့ မြို့ပြပြောက်ကျားရုပ်ရှင်ကို ပွဲဦးထွက်အနေနဲ့ ပရိသတ်အများအပြားလာရောက်အားပေးခဲ့သလို ရုပ်ရှင်ထဲက ပဟေဠိကိုပါ စိတ်အားထက်သန်စွာနဲ့ ဖြေဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက“ပွဲဦးထွက်ဆိုတော့ ရင်ခုန်တာပေါ့နော် ဇာတ်လမ်းက ကိုယ့်ဇာတ်လမ်းဆိုပေမယ့် တော်လှန်ရေးအတွက် အောင် မြင်စေချင်တာပေါ့ တကယ်တမ်းကျတော့ ပွဲချိန် ၂ ချိန်ခွဲပြရပြီး ပရိသတ်တော်တော်များများလာပြီး အားပေးကြတယ်။ ပထမပွဲဆို ၁၀၀ ရာခိုင်နှုန်းလက်မှတ်ရောင်းချနိုင်ခဲ့ပါတယ်၊ ဒုတိယပွဲစဉ်ကိုတေ့ ၈၀ ရာခိုင် နှုန်းလောက် လက်မှတ်ရောင်းချနိုင်ခဲ့တယ်၊ ရုပ်ရှင်လာကြည့်တဲ့သူတွေကလည်း ဇာတ်လမ်းကို စိတ်ဝင်စားပြီး ရုပ်ရှင်ပြီးသွားတာတောင် ခုံက မထကြသေးဘဲ ဇာတ်လမ်းထပ်လာဦးမယ်ထင်ပြီး စောင့်နေကြတယ်။  ပြီးတော့ feedback အနေနဲ့ ဇာတ်လမ်း၊ ကင်မရာအယူအဆ၊ မီးအလင်းအမှောင် စတာတွေကိုလည်း သေချာလုပ်ထား ကြတယ်။ လူငယ်တွေ ဝိုင်းပြီးကြိုးစားထားကြတယ်ဆိုတာကိုလည်း ပြန်ပြောကြတဲ့အတွက် တယောက်ချင်းကို လည်းကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်၊

မြို့ပြပြောက်ကျားရုပ်ရှင် ပွဲဦးထွက်အနေနဲ့ ဆစ်ဒနီမြို့မှာစတင်ပြသခဲ့တာဖြစ်ပြီး နောက်ထပ် ဩစတြေးလျမြို့ကြီးလေးခုမှာ ဆက်လက်ပြသသွားဖို့ရှိပြီး မလေးရှား၊ ယူကေ၊ ဂျပန်နဲ့  ကိုရီးယားနိုင်ငံတွေမှာ ဆက်လက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံအသီးသီးမှာ ပြသရင်လည်း ကျနော်တို့ ပရိသတ်တွေကို လာရောက်အားပေးစေချင်ပါတယ်။ ကျနော်တို့တော်လှန်ရေးအတွက်ခွန်အားတခုဖြစ်အောင် ဒီလိုကားလေးတွေကို ရုပ်ရှင်သမားတွေကို ရုပ်ရှင်နဲ့ တော်လှန်နေခြင်းဖြစ်ပါတယ်။ တာကြောင့် အားပေးကြပါ၊ တစ်ယောက်လက်က တယောက်ရဲ့ အားပါ” လို့ ဒါရိုက်တာ သည်ခေတ်နေတာ ထပ်မံပြောပါတယ်။

အဆိုပါ မြို့ပြပြောက်ကျားရုပ်ရှင်ကို ပြည်ပနိုင်ငံတွေမှာ ပြသပြီးတဲ့အခါမှာ  မြန်မာပြည်တွင်းက ပရိသတ်တွေ ကြည့်နိုင်အောင်လို့ NUG အစိုးရနဲ့ ပူးပေါင်းပြီး လုပ်နေဆောင်နေပြီဖြစ်တာမို့ အသေးစိတ်အချက်အလက်တွေ ကို ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရက်စက်တဲ့နေရာမှာ ပြတ်သားတဲ့သူတွေကို တော်လှန်တဲ့နေရာမှာပြတ်သားရမယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့ မြို့ပြပျောက်ကျားရုပ်ရှင်က နွေဦးတော် လှန်ရေးမှာ ကျဆုံးသွားတဲ့ ကိုဇေယျာသော်နဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ ရိုက်ကူးထားပြီး ဩစတြေးလျရောက် တော် လှန်ရေးလူငယ်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ DVB

« Older Entries