Monthly Archives: Feb 2023

စစ်ကောင်စီတပ်က ၂ နှစ်အတွင်း ပြည်သူ့နေ အိမ်ပေါင်း ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီး

စစ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထု နေအိမ်ပေါင်း ၅၅၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ Data of Myanmar က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၈၈၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁၄၀၀ ကျော်နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၃ မြို့နယ်မှာ ဇန်နဝါရီလ တစ်လတာအတွင်း နေအိမ် ၅၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရပြီး အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၀၀၀၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ DVB

ဖယ်ခုံ၊ ကယန်း ကျေးရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ၊ KNU တပ်မဟာ ၆ နယ်မြေ ထီးကပလယ်ရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲမှု ခရစ်ယာန်ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း ကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် နေပြည်တော် လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၁ စီးက ဖယ်ခုံမြို့နယ် အနောက်ကယန်းအုပ်စုကျေးရွာ အနီး တစ်ဝိုက်ကို ပေါင် ၅၀၀ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်သူ မရှိ သော်လည်း အဆောက်အဦး ၁ လုံး၊ ၃ ခန်းတွဲအိမ်သာ ၁ လုံးနှင့် ရေလှောင်ကန် ၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ထီးကပလယ်ရွာ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနှင့်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကျဲချခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များက ပြောဆိုသည်။khit thit

ကျိုက်ထို၊ လက်ပံပင်လမ်းခွဲအနီး ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဟုဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ လက်ပံပင်လမ်းခွဲ၌ ယနေ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်၈ နာရီ၃၀ မိနစ်ခန့်က ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်သားသုံးဦးသေဆုံးကြောင်း သိရသည်။

အင်္ဂဘိုကျေးရွာ လက်ပံပင်လမ်းခွဲအနီး၌ ကင်းပုန်းဝပ်ရန် ကားဖြင့်လာချသွားသောစစ်ကောင်စီတပ်သားများကို KNU၊ KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွား ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး သုံးဦးထက်မနည်းဒဏ်ရာရသွားကြောင်း ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

” သူတို့က ကင်းပုန်းဝပ်ဖို့လာချတာ။ အဲ့ချိန်မှာ ဒီဘက်က စောင့်ပြီး ပစ်တာ”ဟု ၎င်းကပြောသည်။အင်္ဂဘိုကျေးရွာသည် KNU တပ်မဟာ- ၁၊ တပ်ရင်း- ၃ နယ်မြေအတွင်းပါဝင်သည်ဟု ဆိုသည်။

မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ အထိနာသွားပြီးနောက် မုပ္ပလင်ကျေးရွာအနီး အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းမှ ၄၀မမ၊ ၆၀ မမ လက်နက်ကြီးအမျိုးအစားဖြင့်

အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ မပေါက်ကွဲသော ၄၀ မမ ကျည်အချို့ကို ကျေးရွာများအတွင်းတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုသည်။

ယင်းကဲ့သို့ လက်နက်ကြီးများ ပစ်ကူပေးပြီးနောက် သေဆုံးစစ်ကောင်စီတပ်သားများ​၏ အလောင်းများကို ယနေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီက ကောက်ယူသွားကြကြောင်း သိရသည်။

KNU တပ်မဟာ ၁၊ တပ်ရင်း ၃၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီသိမ်ဇရပ်အခြေစိုက် အမတ-၃၁၀၊ ခမရ-၂၀၇ တို့မှ မ ကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး ဒေသခံပြည်သူများ​၏ နေအိမ်များ ထိခိုက်ပျက်ဆီးရကြောင်း သိရသည်။

ယနေ့ နံနက် စစ်ကောင်စီပစ်သော လက်နက်ကြီးကျည်အချို့သည် လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအချို့က ပြော သည်။

” လက်နက်ကြီးသံတွေကြားလို့ ရှောင်နေမလို့။ အဲ့ဒီကောင်မလေးက ဖိနပ်စီးနေတဲ့အချိန်သူ့အိမ်ရှေ့လာကျတာ မပေါက်လို့တော်တော့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။mizzima

စစ်ကောင်စီအကြမ်းဖက်မှုများအတွက် နှုတ်ဆိတ်မနေရန် အမေရိကန်ရှိ အိန္ဒိယသံရုံးရှေ့ ဆန္ဒပြ

ချင်းပြည်နယ်မှာ စစ်ကောင်စီက အကြမ်းဖက်နေတာနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက နှုတ်ဆိတ်မနေဘဲ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ထန်တလန်မြို့အနီးက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေ ကြောင်းတိုက်ခိုက်ခဲ့တာပါ။ 

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီလေယာဉ်တွေဟာ အိန္ဒိယလေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အိန္ဒိယအစိုးရဘက်က မြင်သာတဲ့ အရေးယူပြောဆိုဆောင်ရွက်မှုတွေ မရှိခဲ့တဲ့နောက် အခုအချိန်အထိ စစ်ကောင်စီက ချင်းပြည်နယ်ထဲမှာ အကြမ်းဖက်မှုတွေ ဆက် တိုက် ကျူးလွန်နေပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ အိန္ဒိယသံရုံးရှေ့မှာ အိန္ဒိ ယအစိုးရက နှုတ်ဆိတ်နေတာကို ရပ်တန့်ပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုဖို့နဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အတာ (Anti Dictatorship in Burma – DC Metro Area) က “စစ်တပ်ကနေပြီးတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ကိုယ့်လူမျိုးက လက်မခံဘူးဆိုတာကို အတင်းအဓမ္မ သူတို့တွေက ဗုံးကြဲပြီးတော့ သတ်ဖြတ်နေတာကို ရပ်တန်းကရပ်ဖို့။ ၂ အချက်က ဘာကြောင့်လဲဆို‌တော့ တိုင်းပြည်တပြည်မှာ ပြည်သူလူထုကထောက်ခံတဲ့အစိုးရကသာ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒါကို မတရားအာဏာသိမ်းထားပြီးတော့မှ မတရားသတ်ဖြတ်နေတာ၊ ဒါဟာ သူတို့ကိုယ်သူတို့ပြောနေတဲ့ အစိုးရမဟုတ်ဘူးဆိုတာ သိစေချင်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၂၁ ရက်ကနေ ၂၃ရက်နေ့အထိ ၃ ရက်ဆက်တိုက် ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ဘေးရှောင်တွေ စုဝေးတဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာလည်း မင်းတပ်မြို့ပေါ်က နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ခြိမ်းခြောက်တာတွေ ဆက်လက်ပြုလုပ်နေပါတယ်။ 

ဖေဖော်ဝါရီ ၈ ရက်နေ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ထန်တလန် CDF တို့ ထန်တလန်မြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ထန်တလန်မြို့အနီးက ကျေးရွာတွေကို လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ခန့်မှန်းလူဦးရေ ၅ သိန်းကျော်ထဲက ပြည်သူ ၁ သိန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ စစ်ဘေးရှောင်နေရတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စံမန်း (Anti Dictatorship in Burma – DC Metro Area) က “အိန္ဒိယလေပိုင်နက်ကို အသုံးပြုခွင့်ပေးပြီးတော့မှ ဒုက္ခသည်စခန်းတွေပေါ်မှာ ဗုံးကြဲခွင့်ပေးတာတွေ။ ပြည်သူ့တော်လှန်ရေး သူရဲကောင်းတွေရဲ့ စားနပ်ရိက္ခာတွေ လွယ်လင့်တကူမရရှိအောင် တားဆီးဖြတ်တောက်နေတာတွေ၊ နောက်ပြီးတော့ ကျနော်တို့ဒုက္ခသည်တွေအတွက် နေစရာပဲပေးပြီးတော့ လူသားချင်းစာနာထောက်ထားမှု အတိုင်းအတာကို ကမ္ဘာ့အင် အားကြီး ဒီမိုကရေစီနိုင်ငံဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနေတဲ့ အိန္ဒိယနိုင်ငံက အခုထက်ထိ မျက်ကွယ်ပြုနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့လာပြီးတော့ ဆန္ဒပြထုတ်ဖော်တာဖြစ်ပါတယ်။”

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ၃၇ မြို့နယ်ကို စစ်ကောင်စီဟာ  စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့  မြို့နယ်၉ခုမှာ ၈ခုဟာ စစ်ကောင်စီရဲ့ စစ်အုပ် ချုပ်ရေးကြေညာခံထားရတဲ့အခြေအနေဖြစ်ပါတယ်။DVB

လောင်းရှည်မြို့ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့၊ ရဲစခန်းများ အပါအဝင် စစ်တပ် နေရာများကို တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု စစ် သားနှင့် ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိအကြမ်းဖက်စစ်တပ်စခန်းနေရာများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး ခဲ့ကြောင်း လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၂၀ အချိန် လောင်းရှည်ဒေသရှိ ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့ ဗဟိုကင်းရုံး၊ ခရိုင်းဆက်လမ်းစစ်ဆေးရေးဂိတ်၊ ကပစ ၂၅ ညောင်ချောင်းကင်းစခန်း၊ လောင်းရှည်ရဲစခန်းကုန်း၊ လောင်းရှည်မီးသတ်ကုန်း၊ လောင်းရှည်စက်တော်ရာကုန်းနှင့်လောင်းရှည်ယွန်းကျောင်းအောက်တို့ တွင် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်သား ၈ ဦး၊ ရဲ ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ရဲဘော် ၁ ဦးကျဆုံးပြီး ၅ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ် ခတ်မှုကြောင့် လောင်းရှည်မြို့နေ ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ်(၆) တပ်ရင်း၊ ဂန့်ဂေါခရိုင်အမှတ် တပ်ရင်း ၃ တပ်ခွဲ ၅ ၊ မကွေး ခရိုင်အမှတ် – ၁ တပ်ရင်း၊ စလင်းတပ် ဖွဲ့ ပူးပေါင်းတပ်ဖွဲတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ကာ ၃ နာရီ မိနစ် ၄၀ အထိကြာမြင့်ခဲ့ပြီး နံနက် ၅ နာရီခန့်အချိန် တိုက်ပွဲပြီးဆုံးခဲ့ ကြောင်း သိရသည်။

မကွေးခရိုင်အမှတ် ၁ တပ်ရင်းကမူ အဆိုပါ စစ်ဆင်ရေးကို PDF ပူးပေါင်းတပ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ အောင်မြင်မှုများရှိ ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။khit thit

ကန့်ဘလူမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူတို့၏ စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ များတိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူ‌စောထီး ပူးပေါင်းတပ်စခန်းကို ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်း၌ ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးပြီး စခန်းကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း Kanbalu Underground Warrior မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ခြေကုပ်ရွာဆိုတော့ အပြင်ကင်းရှိတယ် အထိုင်ရှိတယ်၊ အဲ့ဒါတွေကို ဝင်သိမ်းတာပါ၊ သူတို့အင်အား ၂၀ ကျော်လောက်ရှိတယ်၊ ကျတော်တို့ မျက်မြင်က တစ်ယောက်သေတယ်၊ ကျန်တာတွေက ထိခိုက်ပြီးတော့ ထွက်ပြေးကြတာများတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု လေးနာရီနီးပါး ကြာမြင့်ခဲ့ပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အများစုမှာ ထွက်ပြေးသွားကြသည့်အတွက် လက်နက်သိမ်းဆည်းရမိမှု မရှိခဲ့ကြောင်း သိရသည်။

“စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိတာတော့မရှိဘူး၊ စခန်းကိုတော့မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု Kanbalu Underground Warrior အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warrior ၊ MPF U.18 ၊ မြေပြင်လှုပ်ရှား ညီနောင်များ၊ ကန့်ဘလူမြို့နယ် LPDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် စံပယ်နံ့သာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။mizzima

ပေါင်းတည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ၊ ညောင်လေးပင်မြို့နယ်ရှိ တံတားတစင်းကို PDF မိုင်းခွဲ

ပဲခူတိုင်း၊ ပေါင်းတည်မြို့နယ်မှာ သပြေကြီးစုရွာအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF အဖွဲ့က ပြောပါတယ်။

ဇီးကုန်းကလေးရွာမှာနေထိုင်တဲ့ သပြေကြီးစုရွာအုပ်ချုပ်ရေးမှူး  မော်ကြီး(ခ)မော်ဝင်းကို  သပြေကြီးစုနဲ့ ဇီးကုန်းလေးရွာကြားမှာ သေနတ်နဲ့  ၄ ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ အရင်က ပစ်ခတ်ရှင်းလင်းလို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး မြဟန်နေရာမှာ အစားထိုးဝင်ရောက်ကာ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပဲခူးPDF တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့  ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ထိန်တပင်နဲ့ ထော်နွတ်ရွာကြားက စစ်ကောင်စီရဲ့ ထောက်ပို့ဆက်သွယ်ရေးအဖြစ် အသုံးပြုနေတဲ့ ပေ ၆၀ ရှည် တံတားကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းခွဲခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အဆိုပါမိုင်းခွဲတာကြောင့် တံတားတခြမ်း ပျက်စီးသွားခဲ့ပြီး  စစ်ကောင်စီတပ်နဲ့ ပဲခူး PDF တွေကြားမှာ စစ်ရေး တင်းမာလာနေသလို ဒေသအတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။ DVB

အိုမန်တွင် အိမ်အကူ အဖြစ် ပို့ဆောင်ခံရသည့် မနွဲ့နွဲ့ရီ စအိုအကြိတ်အနာကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရ၍ အသက်အန္တရာယ်စိုးရိမ်နေရ

မြန်မာနိုင်ငံတွင် ကျန်းမာရေးမကောင်းမွန်သော မနွဲ့နွဲ့ရီကို အရှေ့အလယ်ပိုင်း၊ အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်ပါက အလုပ် ရရှိမည့်အပြင် ဆေး ကုသမှုပါ လုပ်ဆောင်နိုင်မည်ဟု ပြောဆိုပြီး တရားမဝင် အေးဂျင့်တစ်ခုက လိမ်လည် စေလွှတ်ခဲ့ကာ အိုမန်နိုင်ငံရောက်ရှိသော အခါ ဆေးကုသခွင့် မရသည့် အတွက် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်စအိုအကြိတ်ရောဂါ ခံစားနေရသည့် မနွဲ့နွဲ့ရီသည် ဝေဒနာ ကုသပျောက်ကင်းပြီးမှ ပြည်ပနိုင်ငံများသို့ သွားရောက် ရည်ရွယ်ခဲ့သော်လည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာမှ တရားမဝင် အေးဂျင့် ဟန်နီထွေးက အိုမန်နိုင်ငံတွင် အိမ်အကူ အလုပ်ရရှိမည့်အပြင် လက်ရှိ ခံစားနေရသည့် ရောဂါကိုပါ ကုသခွင့်ရရှိမည်ဟု ပြောဆိုပြီး ယမန်နှစ် ဩဂုတ်လတွင် အိုမန်နိုင်ငံသို့ လိမ်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုလတ်လ ၁၆ ရက်နေ့ တရားမဝင်အေးဂျင့် ဟန်နီထွေး၏ အဆက်အသွယ်ဖြင့် အိုမန်သို့ ရောက်ရှိခဲ့ပြီး အိုမန်ရောက်ပြီး ၃ လအကြာတွင် စအိုဘေးတွင် အကြိတ်တည်မှု အခြေအနေမှာ ပြင်းထန်လာကြောင်း၊ ဆေးခန်းသို့ပြသ၍ ဆရာဝန်များက စစ်ဆေးကြည့်သောအခါ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် ခွဲစိတ်ကုသခွင့်မရဘဲ ဝေဒနာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေကြောင်း ၊ ယခုအခါ အသက်အန္တရာယ်စိုးရိမ်လာရကြောင်း သိရှိရသည်။

မနွဲ့နွဲ့ရီက တရားမဝင်အေးဂျင့်ကို ပို့ဆောင်ပေးခ ဝန်ဆောင်ခအဖြစ် အိုမန်တွင် အိမ်ဖော်လုပ်၍ ရရှိသော လစာ ၂ လစာကို ပေးအပ်ခဲ့ကြောင်း၊ ဆေးကုသခွင့် အတွက် အေးဂျင့်ကို ပြောဆိုရာတွင် ခွဲစိတ်ကုသရန်မလိုဟု ဆိုကာ အိုမန်ရှိ တိုင်းရင်းဆေးခန်းတစ်ခုသို့ သာ ပို့ပေးဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ တိုင်းရင်းဆေးခန်းတွင် နောက်ကျောဘက်သို့ အပ်များဖြင့် စိုက်ကာ သွေးများ စုပ်ထုတ်ယူခဲ့ကြောင်း၊ သို့ရာတွင် စအိုအကြိတ်အနာမှာ မသက်သာဘဲ ပို၍သာ ဆိုးရွာလာကြောင်း မနွဲ့နွဲ့ရီက ပြောကြားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် ကျန်းမာရေးမကောင်းမွန်ဘဲ အနာပိုနာသည့် ကြားမှ အိုမန်အေးဂျင့်က အိမ်အကူလုပ်ရန် အိမ်တစ်ခုဆီသို့ ထပ်မံ စေလွှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တရားမဝင် အေးဂျင့် ဟန်နီထွေးထံသို့ မြန်မာပြည်ခွင့်ရရေးနှင့် ဆေးကုခွင့် ရရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့သော်လည်း တာဝန်ယူခြင်းမရှိဘဲ ရှောင်တိမ်းလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် အနာအရှိန်ကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း၊ ထို့ကြောင့် အိမ်ရှင်က မနွဲ့နွဲ့ရီကို အိုမန်ရှိ အိမ်ဖော်အေးဂျင်ကုမ္ပဏီထံသို့ ပြန်ပို့ခံခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အိုမန်အိမ်ဖော်အေးဂျင့်က တိုင်းရင်းဆေးခန်းသို့ ထပ်မံပို့ပေးခဲ့ပြီး တိုင်းရင်းဆေးခန်းတွင် စအိုအကြိတ် အနာကို မီးဖြင့် ရှို့၍ ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ မနွဲ့နွဲ့ရီက ကြောက်လန့်ပြီး လူနာကုတင်ပေါ်မှာ ဆင်းပြေးခဲ့သည့်အတွက် ဆက်လက် မကုသတော့ဘဲ ပြန်လာရကြောင်း သိရှိရသည်။

မနွဲ့နွဲ့ရီက အိုမန်သို့ ပို့ဆောင်ပေးခဲ့သည့် တရားမဝင် အေးဂျင့် ဟန်နီထွေးကို ထပ်မံဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မထူးခြားလာကြောင်း၊ မနွဲ့နွဲ့ရီသည် စအိုအကြိတ်အနာကြောင့် ခါးရိုးနှင့် ကျောရိုးများ ယောင်လာပြီး ပိုမိုကိုက်ခဲသဖြင့် အချိန်မီ ဆေးကုသခွင့် ရယူရန် လိုအပ်နေကြောင်း၊ အရေးပေါ် ကုသမှု မလုပ်ဆောင်လျှင် အသက်အန္တရယ် စိုးရိမ်ရကြောင်း သိရှိရသည်။khit thit

ဘားအံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကူးဆိပ်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက် ၆ နာရီတွင် ဗုံး နှစ်လုံး ဖောက်ခွဲခံရကြောင်း သိရသည်။

“မနက်စောစော လူသူမရှိချိန် အဖောက်ခံရမို့ လူအထိအခိုက်မရှိဘူး။ ပေါက်ကွဲချိန်မှာတော့ မြေကြီးတွေပါတုန်တယ် ” ဟု ဘားအံမြို့ခံ ပြည်သူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ကွမ်းယာဆိုင်အဟောင်းနေရာ (ယခု ဆိုင်ပိတ်ထားဆဲ)မှ ဗုံးသီး နှစ်လုံးပစ်ကာ ဖောက်ခွဲခံရခြင်းဖြစ်ပြီး ထိုဆိုင်အ ဟောင်းသည် စစ်သားများ စုဝေးရာနေရာဖြစ်ကြောင်းသိရကာ ဗုံးဖောက်ခွဲမှုကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးက စစ်တပ်သတင်းပေး။ အရင်ကဆို ပြည်သူတွေကို လာဖမ်းတဲ့အချိန် သူက အရှေ့ကလာတာ သူလာပြီဆိုတာနဲ့ စစ်သားတွေ ရဲတွေပါလာပြီပဲ။” ဟု မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဘားအံမြို့ထဲတွင် အဖမ်းအဆီး၊ ဖောက်အခွဲ ကိစ္စများ ငြိမ်သက်နေခြင်းဖြစ်ပြီး ယခုအချိန်သည် ပထမဆုံး ဖောက် ခွဲခြင်းဖြစ်ကာ PDF ဘက်ကသာမက စစ်ကောင်စီတပ်ဘက်မှလည်း ဖောက်ခွဲနိုင်ချေရှိကြောင်း၊ ယခုဖောက်ခွဲမှုမှာလည်း မည်သည့်အဖွဲ့က ဖောက်ခွဲသည်ဆိုသည်ကို မသိရသေးပေ။။

ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူထားသူ ဦးစိုးကိုကိုလတ်(ခ) ဖရဲသီးသည် စစ်ကောင်စီ အာဏာသိမ်းကာလများတွင် ပြည်သူများအား

ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်အရှေ့မှ ဦးဆောင်လမ်းပြလေ့​ရှိကြောင်း၊ ရပ်ကွက်ရုံးသို့ မဖြစ်မနေ သွားရသည့် ပြည်သူများထံ မတန်မဆ

ငွေကြေးတောင်းခံကာ ငွေညှစ်လေ့ရှိကြောင်း သိရသည်။mizzima

« Older Entries