Monthly Archives: Feb 2023

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီး​​နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယ​နေ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး​နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ပြေးနေရတာ အဝေးကနေပဲ လှမ်းကြည့်နေရတယ်” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ် ၁၆ ခုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၄၄ ဦးသေဆုံး

နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ် ၁၆ ခုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၄၄ ဦးသေဆုံး ခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင် ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့် မဟာဗျုဟာကျကျ ဟန္ခ်က္ညီညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်ခဲ့သည့် စစ်ရေးပစ်မှတ် ၁၆ ခုမွာ ကန့်ဘလူမြို့နယ်တွင် ကိုးတောင်ဘို့အထိုင်စခန်း၊စံပယ်နသာ အထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်း မြို့နယ်တွင် ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ၊ တန့်ဆည်မြို့ နယ်တွင် အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ်တွင် ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခင်ဦးမြို့နယ်တွင် မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင် မြို့နယ်တွင် ယင်းမာပင် ရဲစခန်း၊ ပုလဲမြို့နယ်တွင် ပုလဲ ရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်ရဲစခန်း၊ ရွှေဘိုမြို့နယ်တွင် ပန်းလှိုင် ကျေးရွာ ပျူစောထီး အထိုင်စခန်းတို့ ဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

တိုက်ပွဲများအတွင်း ရန္သူ ၄၄ ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် နှစ်ဦး က်ဆုံးခဲ့ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။စစ် ရေးပစ်မှတ်များကို တိုက်ခိုက်ရာတွင် ရန်သူ့တပ်များထံမှ လက္နက္ငယ္မ်ား၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုက္ပြဲမ်ားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း မ်ား၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင် တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခု စစ်ရေးပစ်မှတ်များအပြင် မဟာဗျုဟာကျ ဟန္ခ်က္ညီ တိုက်ခိုက်ခဲ့သည့် အခြားစစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်ထုတ်ပြန်မည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု NUG အစိုးရအဖွဲ့က ပြောကြားထားပြီးနောက်တွင် စစ်ရေးပစ်မှတ်များကို ဟန္ခ်က္ညီညီ တိုက်ခိုက်လာခြင်းဖြစ်သည်။mizzima

မုံရွာ- ပုသိမ်လမ်း၊ ရဲတပ်ရင်း ၂၈ ဂိတ်ပေါက်တွင် ပိုက်ဆံတောင်းနေသော ရဲ ၂ ဦးကို အနီး ကပ် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ပုသိမ်လမ်းကြီးပေါ်ရှိ အမှတ် ၂၈ ရဲတပ်ရင်း ရှေ့ဂိတ်တွင် ပိုက် ဆံ တောင်းနေသော ရဲ ၂ ဦးကို အနီး ကပ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း National Revolutionary Guards တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၉ ရက်​နေ့ ညနေ ၃ နာရီခွဲခန့်အချိန် အမှတ် ၂၈ ရဲတပ်ရင်း ဂိတ်ပေါက်တွင် ခရီးသွားပြည်သူများ ကို အဓမ္မငွေကြေးကော်ကခံနေသော စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ ကားကိုပိုက်ဆံတောင်းရန် တားဆီးချိန် အော်တိုမောင်း ပြန်အ ရှည် ဖြင့် ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားနဲ့သွားပစ်ခဲ့တာ၊ သူတို့(ရဲ)တွေက ပိုက်ဆံတောင်းဖို့ လာတားတဲ့အချိန် ဝိုင်းပစ်လိုက်တာ၊ ကိုးယို့ကားယားနဲ့ဖြစ်သွားတာ၊ သေနတ်ဂျန့်ဖြစ်သွားလို့ လက်နက်မရဘဲ တစ်ကောင်ပဲ ပစ်သတ်နိုင်ခဲ့တာ၊ သေနတ် ဂျန့်မဖြစ်ရင် လက်နက်ပါရမှာ” ဟု National Revolutionary Guards တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို National Revolutionary Guards (NRG-PDF Sailngyi)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ပုလောမြို့နယ် တိုရွာကအိမ်များကို စစ်ကောင်စီတပ်မီးရှို့

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် တိုရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖေ ဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက တိုရွာမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက  “စစ်ကောင်စီဘက်ကမီးရှို့တာဟာ ပြည်သူတွေကို ကြောက်စိတ်ဝင်လာအောင်လုပ်တာပါ။ နောက်တချက်က ပြည်သူတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား လုံးဝဆက်ဆံမှု မရှိအောင် ချိန်းခြောက်တဲ့ သဘောမျိုးနဲ့ လုပ်နေတာပါ” လို့ ပြောပါတယ်။

တိုရွာမှာရှိတဲ့ ဒေသခံတွေဟာ ယခင်ကတည်းက နီးစပ်ရာတောတောင်တွေနဲ့ ကျေးရွာ တချို့ဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံတွေရဲ့ နေအိမ်အလုံး ၅၀ နီးပါးလောက် စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေက ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ အမျိုးသ မီးတဦးက ပြောပါတယ်။

မီးရှို့ခံရတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေရဲ့ စာရင်းအတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြိတ်ခရိုင်တပ်ရင်း ၁ က ဒေသခံတွေကို ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ စိပ်လာတဲ့အတွက် စစ်ရေးသတင်း နားစွင့်ထားဖို့ သတိပေး ထုတ်ပြန်ထားတာတွေလည်း ရှိပါသေးတယ်။DVB

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သပိတ် အင် အားစုများနှင့် နဂါးနီစစ်ကြောင်းတို့ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ၃၂၀ ကျော် ဖြစ်ပွား

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီ ၂၀၂၁ ခုနစ်မှ ဇန်နဝါရီ ၂၀၂၃ ခုနစ်အထိ တိုက်ပွဲပေါင်း ၃၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီအခြေစိုက် Southern Monitorရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်မှာ တော့ ဖြစ်စဉ်အရေအတွက် နည်းပါးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Southern Monitor ပြန်ကြားရေးတာဝန်ခံက “အဲဒီလို ထုတ်ပြန်ရခြင်းဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်ပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကို လအလိုက်နှိုင်းယှဉ်ကြည့်ရင် ၂၀၂၂ ခုနစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တိုက်ပွဲ အရေအတွက်အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ ဇန်နဝါရီလထဲမှာတော့ တိုက်ပွဲ ဖြစ်စဉ် ၃၃ကြိမ်ရှိခဲ့တယ်လို့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တဦးက  “တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျေးရွာအတွင်း လက် နက်ကြီးပစ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးတဲ့ ၃၇ မြို့နယ်ထဲမှာ ပါဝင်ပြီး ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တနင်္သာရီဒေသတခုလုံးအတွင်း စစ်ဘေးရှောင် ၇၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။DVB

မြင်းမူတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မအိအိချွန် မျက်လုံးကျွတ်၊ ဦးခေါင်းထိမှန်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး လည်း ပြင်းထန်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မအိအိချွန် မျက်လုံးကျွတ်ထွက်ပြီး ဦးခေါင်းထိမှန်သွားကာ အမျိုးသမီး ၁ ဦး လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာရရှိ ကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်တပ်နှင့်ပျူစောထီး စခန်းက ၁၂၀ မမ လက်နက် ကြီးများဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် မူးမြစ်တစ်ဖက်ကမ်း၊ မြင်းမူမြို့နယ်၊ ဂုဏ်ညင်းဆိပ်ကျေးရွာနေ အသက် ၇ နှစ် အရွယ် မအိအိချွန်၏ ဘယ်ဘယ်မျက်လုံးကို လက်နက်ကြီးစ ထိမှန်၍ မျက်လုံး ကျွတ်ထွက်သွားပြီး ဦးခေါင်းကိုပါ ကျည်ထိမှန်သွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် မဆုမွန်ဇော်လည်း နောက်ကျောတွင် လက်နက်ကြီးစ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

“ဒီနေ့ စစ်ကိုင်းမြို့နယ် ကြွယ်ပုံ(ပျူ)ရွာမှာ ရှိနေတဲ့ စစ်ခွေးနဲ့ ပျူတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်လို့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ၊စံသစ်၊ရွာထောင်၊တောင်မြို့ ကျေးရွာမှပြည်သူများထွက်ပြေးနေရပါတယ်။ အဲဒီလို ရမ်းသမ်းပစ်ခတ်တာကြောင့် မူးမြစ်တစ်ဖက်ကမ်း မြင်းမူမြို့နယ် ဂုဏ်ညင်းဆိပ်ရွာနေ ဦးစန်းအောင်ရဲ့ သမီး အသက် ၇ နှစ်အရွယ် မအိအိချွန် ဘယ်မျက်လုံးကျွတ်ထွက် ဦးခေါင်းထိထားတယ်။ အသက် ၂၅ နှစ်အရွယ် မဆုမွန်ဇော်လည်း နောက်ကျောကို လက်နက်ကြီး ထိထားတယ်။ အသက် အန္တရာယ် စိုးရိမ်ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။khit thit

ဦးထွန်းမင်းလတ်အမှုတွင် တိုက်ရိုက်ပတ်သက်သူ အွန်လိုင်းထီလုပ်ငန်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး အမှုပေါင်း ၉၀ ကျော်ဖြင့် တရားရင်ဆိုင်နေရ

စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်၏ အမှုများတွင် တိုက်ရိုက်ပတ်သက်နေသူ ထိုင်းနိုင်ငံ၏ အကြီးဆုံး အွန်လိုင်းထီလုပ်ငန်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများ လွန်ခဲ့သည့် နှစ်ပတ်က ချိပ်ပိတ်ခံရပြီး လက်ရှိတွင် အွန်လိုင်းထီလုပ်ငန်းလည်း အပိတ်ခံထားရကာ အမှုပေါင်း ၉၀ ကျော်ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

နော့ထ်ဟု ခေါ်သည့် အဆိုပါလုပ်ငန်းပိုင်ရှင်သည် ဦးထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတွင် တိုက်ရိုက်ပတ်သက်သူများထဲက တစ်ဦးဖြစ်ကြောင်း ထိုင်းရေးရာကျွမ်းကျင်သူ စတီဗင်စန်းယုက ယနေ့ ရေးသားထားသည်။

“သူက ထိုင်းနိုင်ငံရဲ့ “လိုတလီ” လို့ခေါ်တဲ့ အကြီးဆုံး အွန်လိုင်းထီ လုပ်ငန်းပိုင်ရှင်။ လွန်ခဲ့တဲ့ ၂ ပတ်တုန်းကဘဲ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်း ဆည်းချိတ်ပိတ်ခံခဲ့ရပြီး၊ ယခု သူ့ရဲ့ အွန်လိုင်းထီလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ပိတ်ပင်ထားကာ အမှုပေါင်း ၉၀ ကျော်နဲ့တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေရသူ”ဟု ​ရေးသားဖော်ပြထားသည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်စီးပွါးရေးအရပါပတ်သက်သူ ဦးထွန်းမင်းလတ်၏အမှုတွင် ​နောက်ထပ်တိုက်ရိုက်ပတ်သက်သူနှစ်ဦးမှာ ဖမ်းဆီးချိန်က မြန်မာနိုင်ငံဘက်ထွက်ပြေးသွားပြီး လက်ရှိ လန်ဒန်တွင် ရောက်ရှိနေကြောင်း သိရသည်။

ထွက်ပြေးသွားသူတစ်ဦးမှာ အွန်လိုင်းထီလုပ်ငန်းလုပ်ကိုင်နေသည့် နော့ထ်ဆိုသူနှင့် သူငယ်ချင်းများဖြစ်ကြောင်း စတီဗင်စန်းယုက ​​ရေးသားထားသည်။

၎င်းတို့နှစ်ဦးအကြား ငွေကြေးခဝါချမှုနှင့် ပတ်သက်သည့် ငွေလွှဲပြောင်းမှုအထောက်အထားများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

“ခဝါချ​ပေးဖို့ အက်ဒီး(ထွက်​ပြေးသွားသူ)ထံ ဥပကစ်အပ်ထားတဲ့​ငွေ​တွေကို အွန်လိုင်းထီလုပ်ငန်းလုပ်ကိုင်​နေတဲ့ ​နော့ထ်ထံလွှဲ​ပြောင်းမှုရှိ​ကြောင်း အ​ထောက်အထားပါ ရရှိထားပါတယ်”ဟု စတီဗင်စန်းယုက ဇန်နဝါရီလ ၂၉ရက်​နေ့က ​ရေးသားခဲ့သည်။

စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ထို့နောက် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က စွဲချက်အတင်ခံခဲ့ရကြောင်း Justice for Myanmarက ထုတ်ပြန်ခဲ့သည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပန်ချာရီယန်ကန် ၏ သားမက်နှင့် အတွင်းရေးမှူးအပါအဝင် လေးဦးတို့မှာလည်း ဦးထွန်းမင်းလတ်နှင့်အတူ စွဲချက်အတင်ခံခဲ့ရပြီး အမှုများရင်ဆိုင်နေရသည်။ ယခင်က ဖမ်းဆီးရမိထားသည့် ဦးထွန်းမင်းလတ်၏ အခြားအပေါင်းအပါခြောက်ဦးကိုမူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။

ဦးထွန်းမင်းလတ်သည် စစ်​ကောင်စီ​ခေါင်း​ဆောင် မင်း​အောင်လှိုင်၏ မိသားစုနှင့်လည်းဆက်စပ်​​နေပြီး ၎င်းထံမှ စစ်အုပ်စုခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုအခန်းတစ်ခန်းပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်ဘဏ်စာအုပ်နှစ်အုပ်ကို ထိုင်းရဲများသိမ်းဆည်းရမိခဲ့ကြောင်းJustice For Myanmar က ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဦးထွန်းမင်းလတ်၏ လုပ်​ဖော်ကိုင်ဖက် ထိုင်းအထက်လွှတ်​တော်အမတ်ကိုမူ ပြီးခဲ့သည့်​အောက်တိုဘာလက မူးယစ်​ဆေးဝါးနှင့် ငွေ​ကြေးခဝါချမှု စွဲချက်ဖြင့် ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်ရုပ်သိမ်းခဲ့​ကြောင်း Justice for Myanmarက ထုတ်ပြန်ခဲ့သည်။mizzima

စစ်ကိုင်း ရွာသစ်ကြီးစခန်းမှူးနှင့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစခန်းမှူးနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရွာသစ်ကြီးရဲစခန်းမှူးနဲ့အတူ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၄) ဦး လိုက်ပါလာတဲ့ မာခ်တူး ကားကို People’s Army to Fight Dictatorship (PAFD)နှင့် PAFDတပ်ခွဲDK PDF-MMU တို့က ရွာသစ်ကြီးကျေးရွာနှင့် နတ်ခရိုင်ရွာကြားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့ တပ်ဖွဲ့(PAFD)ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက   “ကားသမား တယောက်ပဲ ကျန်တော့တာ။ အော်တို သေနတ် ၂ လက်ပါတာ ၂ လက်လုံး ဂျန့်ဖြစ်သွားတယ်။ ဒါ့ကြောင့် လက်နက်တွေမရခဲ့ဘူး။ ကားသမားက လှည့်ပြီး စခန်းကို ပြန်သွား တယ်။ သေဆုံးဒဏ်ရာရတော့ ရှိတယ်။” 

မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တော်လှန်ရေးကာလ ၂ နှစ်နီးပါးအထိ ရှိလာပေမဲ့ လက်နက်ခဲယမ်း မပြည့်စုံမှုတွေ ရှိနေဆဲလို့ သိရပါတယ်။ DVB

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဌာနချုပ်အပါအဝင် စစ်တပ်၏ မဟာဗျူဟာကျသော နေရာ ၁၅ ခုကို တိုက်ခိုက်မှု စစ်သား ၄၄ ဦးသေဆုံးကြောင်း MOD ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဌာနချုပ်အပါဝင် အကြမ်းဖက် စစ်တပ်၏ မဟာဗျူဟာကျသော နေရာ ၁၅ ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက် ခိုက်မှု စစ်သား ၄၄ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် အတွင်းရှိ ကိုးတောင်ဘို့အထိုင်စခန်း၊ စံပယ်နသာအထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ၊ တန့်ဆည်မြို့နယ် အ တွင်းရှိ အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ် အတွင်းရှိ ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခင်ဦးမြို့နယ် အတွင်းရှိ မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင် မြို့နယ် အ တွင်းရှိ ယင်းမာပင် ရဲစခန်း၊ ပုလဲမြို့နယ် အတွင်းရှိ ပုလဲ ရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ် အတွင်းရှိ ကျောက်ရစ်ရဲစခန်းနှင့် ရွှေဘိုမြို့နယ် အတွင်းရှိ ပန်းလှိုင် ကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ကို PDF တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာ ကွယ်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်တပ် အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း များ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။khit thit

« Older Entries