ဆင်တုံးမနွယ်ဖြင့်ဖော်စပ်ထားသည့်ဆေးစွဲသောက်ပါက လေဖြတ်ခြင်းပျောက်သည်ဆိုသည့် သတင်းမှား

ဆင်တုံးမနွယ်၊ ရေ၊ ရှောက်နုသီး၊ ထန်းလျက်၊ ဆား စသည့်ပစ္စည်းများရောစပ်ကာ စွဲသောက်ပါက တစ်သက်လုံးလေမဖြတ်သည့်အပြင် လေဖြတ်ရောဂါကိုပါ အရှင်းပျောက်ကင်းစေနိုင်သည်ဆိုသည့်ဆေး နည်း ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

အထွေထွေဗဟုသုတအမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် “သေတဲ့အထိ လေ မဖြတ်ဘူး”ဟုဆိုကာ လွန်ခဲ့သည့်ကိုးနှစ်ကထုတ်ဝေခဲ့သည့် နက္ခတရောင်ခြည်မဂ္ဂဇင်းမှ မှတ်သားစရာ ဆေးနည်းအဖြစ် ကိုယ်တခြမ်းသေပြီးလေဖြတ်သူမှာ နှစ်လခန့် ဤဆေးနည်းကိုသောက်သုံးပြီး လမ်း လျှောက်နိုင်သည်အထိ ရောဂါပျောက်ကင်းသွားကြောင်း ဖြန့်ဝေထားသည်။

ထိုဆေးနည်းမှာ ဆင်တုံးမနွယ်၊ ရေ၊ ထန်းလျက်၊ ဆား နှင့် ရှောက်နု(ရှောက်ဘီလူး)သီးများကို ရောစပ် သည့်ဆေးနည်းဖြစ်ပြီး ထိုဆေးကိုမှီဝဲလျှင် သွေးလည်ပတ်မှုကောင်းပြီး လေဖြတ်သည့်ရောဂါမဖြစ်တော့ ဘဲ လေဖြတ်ဝေဒနာရှင်မှ ခြောက်လခန့်စွဲသောက်ပါက ပုံမှန်အလုပ်ကို ပြန်လုပ်နိုင်ကြောင်း ဆိုထား သည်။

ထိုအကြောင်းကို အခြားအကောင့်များတွင်လည်းဖြန့်ဝေထားပြီး မျှဝေသူ ၄၀၀ ကျော်နေပြီဖြစ်သည်။ ယင်းသည် ယခုမှ ပျံ့နှံ့ခဲ့ခြင်းမဟုတ်ဘဲ ၂၀၁၆ ခုနှစ်ကတည်းက မခင်နီဝင်းအကောင့်မှဖြန့်ဝေကာ ပျံ့နှံ့ခဲ့ ပြီး ဖြစ်သည်။ မူရင်းပိုစ့်ကို ဖြန့်ဝေသူ ၁၂,၀၀၀ ကျော်ရှိနေသည်။

သတင်းတုတွင် လေဖြတ်ဝေဒနာပျောက်ကင်းသည်ဟုဆိုထားသော်လည်း မည်သည့်ဒေသမှ မည်သူဖြစ် ကြောင်း တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါဆေးနည်းနှင့်ပတ်သက်၍ တိုင်းရင်းသမားတော်ကြီး တစ်ဦးအား မေးမြန်းခဲ့ရာ “လွန်ခဲ့တဲ့ အ နှစ် ၂၀ ကျော်လောက်က တောင်ငူမှာ ဆရာတစ်ယောက်ဖော်ပြီး ရောင်းဖူးပါတယ်။ ဆေးဆရာ မဟုတ်ပါဘူး။ အခုတော့ ဆုံးသွားပါပြီ။ ဆေးလည်း မတွေ့ရတော့ပါဘူး။ နက္ခတရောင်ခြည်မဂ္ဂဇင်းဖတ်ပြီးဖော်တာလို့ထင်ပါတယ်။ ကြာကြာထားမခံပါဘူး။ ဆေးရည်က ပုပ်သွား ပါတယ်။ အဲဒါမျိုး သုတေသနလုပ်ထားတာမရှိပါဘူး။ တစ်သက်လုံး လေမဖြတ်ဘူးဆိုတာ တိုင်းရင်းဆေး ပညာရပ်အကြောင်း တိတိပပမသိလို့ပါ” ဟု ဆိုသည်။

အခြားတိုင်းရင်းဆေးဆရာတစ်ဦးမှလည်း “လေဖြန်းတစ်ခြမ်းသေတာက ဆင်တုံးမနွယ်တစ်မျိုးတည်း မရ ဘူး။ လေမဖြတ်ခင် ကြိုတင်ကာကွယ်ချင်ရင်တော့ရတယ်။ လေဖြတ်ပြီးရင်တော့ မရတော့ဘူး။ ဆင်တုံး မနွယ်က သွေးကိုသန့်စေတာပဲရှိတယ်” ဟု ဆိုသည်။

သမားတော်တစ်ဦးမှလည်း “အနောက်တိုင်းဆေးပညာအမြင်နဲ့ကြည့်ရမယ်ဆိုရင်တော့ လေဖြတ်တာနဲ့ ဆင်တုံးမနွယ်နဲ့ဘာမှမဆိုင်ဘူး။ အ နောက်တိုင်းဆေးပညာရဲ့ research(သုတေသန)ထဲမှာလည်း ဆင်တုံး မနွယ်က ကောင်းတယ်လို့ မရှိဘူး” ဟု ဆိုသည်။

ဆက်လက်၍ “လေဖြန်းတာမျိုးက ပြန်ကောင်းတတ်တယ်။ နောက်တစ်ခေါက်ပြန်ဖြစ်ရင်တော့ ဆိုးဆိုး ရွားရွားကို ပြန်ဖြစ်တတ်တယ်။ တစ်ခါတစ်လေ ဒီကေ့စ်တွေက ဘာကုသမှုမပါဘဲနဲ့လည်း ပြန်ကောင်းနိုင် တယ်ဆိုတော့ ဒီဆင်တုံးမနွယ်ကြောင့်မဟုတ်ပဲနဲ့လည်း သူ့ဘာသာသူသက် သာမှာဗျာ။ ဒီဆေးသောက် လိုက်လို့ သက်သာသွားတာ မဟုတ်ဘူး။ ပါဝင်တဲ့ပစ္စည်းတစ်ခုချင်းက ကောင်းပေမယ့် ဘယ်လို ဖော်မြူ လာနဲ့ပေါင်းစပ်ပြီး ဘယ်လိုသိုလှောင်လည်း စတာအပေါ်မူတည်ပြီး အာနိသင်ကပြောင်းသွားတတ်တယ်။ မတော်တဆ ဆေးလုပ်တဲ့ဖြစ်စဉ်ထဲ အ ဆိပ်အတောက်တွေပါလာခဲ့ရင် သောက်တဲ့သူက ခံရလိမ့်မယ်” ဟု CDM ဆရာဝန်တစ်ဦးက သုံးသပ်သည်။

အဆိုပါဆေးနည်းသည် အိမ်တွင်းဆေးနည်းဖြစ်ကာ သုတေသနအခြေပြုမဟုတ်သဖြင့် မှတ်ချက်မပေး လိုကြောင်း “ဆင်တုံးမနွယ်”စာအုပ် ရေးသားပြုစုသူ ဒေါက်တာခင်မောင်လွင်က စာဖြင့်ရေးသားဖြေဆိုခဲ့ သည်။

ဒေါက်တာခင်မောင်လွင်၏ဖေ့ဘုတ်စာမျက်နှာတွင်လည်း “ဆေးဖက်ဝင်ဆင်တုံးမနွယ်” ဆိုသည့် ခေါင်စဉ် ဖြင့် ဆင်တုံးမနွယ်သည် သေသေချာ ချာမထားတတ်ပါက ဖိုင်ဘာပါဝင်မှုများသဖြင့် မှိုတက်တတ်သော ကြောင့် အထူးသတိပြုရန် ဖော်ပြထားသည်။ လေဖြတ်ခြင်းကို ပျောက် ကင်း သည်ဟု မပါဝင်ချေ။ လင့် https://bit.ly/3RMLs6e

ဆင်တုံးမနွယ်သည် ကျန်းမာရေးအတွက်ကောင်းသည်ဆိုသော်လည်း အာနိသင်၊ ဘေးထွက်ဆိုးကျိုးများ နှင့်ပတ်သက်၍ လေ့လာမှုများလုပ်ရန်လိုအပ်သေးကြောင်းနှင့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိ သဖြင့် အချို့သူများတွင် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ကြောင်း hellosayarwon.com ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။ အလားတူပင် လေဖြတ်ခြင်းကို သက်သာစေသည်ဟု မပါဝင်ပေ။

လင့် http://bit.ly/3xdVunw

အကယ်၍ လေဖြတ်ခြင်းကို စတင်ခံစားရပါက ဆေးမြီးတိုများကိုသာ မှီဝဲခြင်းမပြုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကာ ကုသမှုခံယူသင့်ကြောင်း ဆေးပညာရပ်ဆိုင်ရာ တိုင်းရင်းသမားတော်များနှင့် ဆရာဝန်များက တိုက်တွန်းထားသည်။

ထို့ကြောင့် ယခုပျံ့နှံ့နေသည့်ဆေးမြီးတိုသည် သုတေသနတစ်စုံတစ်ရာ စမ်းသပ်ပြုလုပ်ထားခြင်းမရှိသည့် အပြင် ရေရှည်ထားသိုချိန်တွင်လည်း အခန့်မသင့်ပါက အဆိပ်အတောက်ဖြစ်နိုင်ကြောင်းကို ဆေးပညာ တတ်ကျွမ်းသူ သမားတော်များက တစ်ညီတစ်ညွတ်တည်း ဆိုထားသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s