Monthly Archives: Feb 2023

FOEIM နှင့် K4U ကျောင်းတာဝန်ခံများကို အရေးယူမည်ဟု NUG ပညာရေးဝန်ကြီးဌာန ကြေညာ

ငွေကြေးအလွဲသုံးစားလုပ်တာနဲ့ ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားခဲ့တဲ့ တော်လှန်ရေးကာလ အွန်လိုင်းပညာရေးကျောင်း ၂ ကျောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့ NUG ပညာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Free Online Education Institution Myanmar (FOEIM) ကျောင်းကို တည်ထောင်သူဟာ ငွေကျပ် သိန်းပေါင်းထောင်သောင်းချီအလွဲ သုံးစားလုပ်တယ်လို့ သူ့ရဲ့ရုံးအဖွဲ့က တိုင်ကြားခဲ့တာဖြစ်ပြီး K4U ကျောင်းကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အချက်အလက်တွေ ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။

ဒီကျောင်းတွေရဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက စုံစမ်းရေးအဖွဲ့တွေ ဖွဲ့ပေးခဲ့ပြီး ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း FOEIM ရဲ့ ပညာသင်ကြားတာ မရပ်တန့်စေရေးအတွက် ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး တည်ထောင်သူ ကိုခန့်သူမှာ တာဝန်ရှိတယ်လို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကိုခန့်သူက ဆရာ၊ ဆရာမတွေ ရုံးဝန်ထမ်းတွေကို လစဉ်ပေးရမယ့် Data Support တွေ ဆက်မပေးတာကို တွေ့ရတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးတော့ လုံခြုံရေးမကျိုးပေါက်စေဖို့ ရုံးအဖွဲ့မှာ တာဝန်ရှိကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်မှာ ကျောင်းသား၊ ကျောင်းသူ တချို့ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကျောင်းလခတွေကောက်ခံပြီး ဆရာ၊ ဆရာမတွေ Data Support အတွက် တာဝန်မယူတဲ့ ကိုခန့်သူနဲ့ ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်လုပ်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။

FOEIM ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်တုန်းက အခမဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လကစလို့ ငွေကြေးကောက်ခံခဲ့ပြီး မူလတန်းတွေဆီကနေ ထိုင်းဘတ် ၃၇၀၀၊ အလယ်တန်းတွေဆီကနေ ထိုင်းဘတ် ၅၁၀၀ နဲ့ အထက်တန်းနဲ့ GED တွေဆီကနေ ထိုင်းဘတ် ၅၅၀၀ စီကောက် ခံခဲ့တယ်လို့ ကြားနာစုံစမ်းရေးအဖွဲ့က ဆိုပါတယ်။

ကျောင်းမှာ ကျောင်းသူ ကျောင်သားပေါင်း ၃၀၀၀၀ ကျော်တက်ရောက်နေပြီး ငွေကြေးစီမံခန့်ခွဲတဲ့အဖွဲ့မရှိဘဲ ကိုခန့်သူတယောက်တည်းက ငွေကို ကိုင်တွယ်ခဲ့တယ် ဆိုတာ စစ်ဆေးတွေ့ရပေမယ့် ပညာရေးဝန်ကြီးဌာနရော ကြားနာစုံစမ်းရေးအဖွဲ့ကပါ ကျောင်းတည်ထောင်သူနဲ့ တိုင်ကြာ းခဲ့တဲ့ ရုံးအဖွဲ့အပေါ်မှာပါ ပြစ်တင်ထားတာကိုတွေ့ရပါတယ်။

တိုင်ကြားခံရသူ ကိုခန့်သူဟာ ငွေကြေးစာရင်းကို စုံစမ်းရေးအဖွဲ့ဆီ ၃ ကြိမ် တင်ပြရာမှာ ၃ ကြိမ်လုံးကွဲလွဲနေခဲ့တာ တွေ့ရသလို ထွက်ငွေအ ထောက်အထားတွေ မတင်ပြနိုင်တာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ငွေကြေးစီမံခန့်ခွဲခွင့်မရှိတဲ့ ရုံးအဖွဲ့ဟာ ဝင်ငွေနဲ့ပတ်သက်လို့ အထောက်အထား သောင်းနဲ့ချီတင်ပြခဲ့ပေမယ့် ထွက်ငွေအထောက်အ ထားမပြနိုင်တာကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ တိုင်ကြားသူရော တိုင်ကြားခံရသူပါ ညှိနှိုင်းရေးကို လက်မခံခဲ့ဘူးလို့လည်း ဆိုပါတယ်။

K4U ကျောင်းနဲ့ပတ်သက်ပြီးတော့ အချက်အလက်ထိန်းသိမ်းတာမှာ အားနည်းတာကို တွေ့ရပြီး စီမံခန့်ခွဲတဲ့ကိစ္စတွေ၊ အချင်းချင်းမပြေလည်တာတွေ၊ ကျောင်းပြင်ပကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်နိုင်တယ်လို့ ယူဆပြီး ဖြစ်စဉ်တွေအတွက် ကျောင်းစီမံခန့်ခွဲရေး တာဝန်ရှိသူတွေနဲ့ ရုံးအ ဖွဲ့မှာ တာဝန်ရှိတာကို တွေ့ရတယ်လို့ ကြားနာရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ DVB

ပုလောတွင် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အထိရှိလာပြီး လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်းမှ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေညာလိုက်ပြီး နောက် စစ်ကောင်စီတပ်က လက်နက်နှင့်လူအင်အားဖြည့်နေခြင်းကြောင့် စစ်ရေးတင်းမာမှုရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တနင်္သာရီစစ်ဒေသခွဲလက်‌အောက်ခံ မြိတ်ခရိုင် တပ်ရင်း(၁)၊ ပုလော PDF တပ်ဖွဲ့ဝင် ဒေါ်စန်းစန်းဝေက “ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာဖို့အခြေအနေတွေက အများကြီးရှိနေပါတယ်။ ဒါကြောင့်လည်း ရွာအတော်များများမှာ စစ်တပ်က အဝင်အထွက်ပြုလုပ်နေတာတွေ့တော့ ဒေ သခံတွေက မနေရဲ့လို့ ထွက် ပြေးနေရတဲ့အတွက် စစ်ရှောင်တွေ တအားများလာတယ်”ဟု ပြောသည်။

ပုလောမြို့နယ်ရှိ ကျေးရွာအတော်များများမှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် သည် လွတ်မြောက်နယ်မြေ စစ်ရှောင်စခန်းများသို့သွားရောက်နိုင်ခြင်းမရှိဘဲ နီးစပ်ရာ ဥယျာဉ်ခြံများနှင့်မြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေရသဖြင့် စာနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် အခက်အခဲများဖြစ်နေကြောင်း စစ်ဘေးရှောင် များအားကူညီပေးနေသူများထံမှ သိရသည်။

“ပြီးခဲ့တဲ့လတွေက စစ်တပ်ကရွာကိုမီးဝင်ရှို့ထားလို့ ရွာသူရွာသားတွေ ဘယ်သူမှပြန်မဝင်ရဲကြဘူး။ အခု အချိန်ထိလည်း စစ်သားတွေက ရွာထဲကိုဝင်လာပြီး ပြန်တဲ့အခါ ထပ်တလဲလဲ မီးရှို့သွားလို့ တရွာလုံးနီးပါး ရွာကို မပြန်ရဲကြဘူး”ဟု ပလမြို့ တိုရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုရွာ၌ နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံ ၄,၀၀၀ နီးပါး စစ်ဘေးရှောင်နေ ရကြောင်း သိရသည်။

အလားတူ ပုလောမြို့နယ်တစ်ဖက်ကမ်းရှိ ရှပ်ပုံကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက် ဆီးမှုကြောင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာမှာလည်း PDF တွေ ရှိတယ်ဆိုပြီး စစ်တပ်က မကြာခဏဝင်လာနေတော့ ဘယ်သူမှမနေရဲဘူး၊ ပုလော မြို့ပေါ်နဲ့အခြားရွာတွေမှာတိမ်း ရှောင်နေရတယ်”ဟု ရှပ်ပုံမှ စစ်ဘေးရှောင်တစ်ဦးကလည်း ဆိုသည်။

ရှပ်ပုံဒေသမှစစ်ဘေးရှောင်များသည် ပုလောမြို့ပေါ်ရှိဘုန်းကြီးကျောင်းနှင့် အခြားနေရာများ၌စစ်ရှောင် နေစဉ် စစ်ကောင်စီတပ်ကနေရပ်ပြန်ရန်လာရောက်ဖိအားပေးနေ၍ နေထိုင်ရန်အခက်အခဲဖြစ်နေ ကြောင်းလည်း သိရသည်။

ပုလောမြို့နယ်အနီးတဝိုက်မှကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ဆက်လက်နေထိုင်သူများ လည်းရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူများရှိကြောင်း သိရသည်။ mizzima

မူဆယ်-ကွတ်ခိုင်၊ သပိတ်ကျင်း၊ ယင်းမာပင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-ကွတ်ခိုင် နယ်စပ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တို့တွင် ယနေ့တိုက်ပွဲများဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားကြောင်း ဒေသကာကွယ်ရေးတပ် များထံမှ သိရှိရသည်။

မူဆယ်-ကွတ်ခိုင်နယ်စပ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူများသော ကြောင့် တိုက်လေယာဉ် ဖြင့် ဗုံးကျဲ

=========================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ် တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများသေဆုံးနေပြီး အ ကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်နေကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၈ နာရီခန့်မှ စ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တပ်မ ဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် တပ်မ ၉၉ လက် အောက်ခံတပ်ဖွဲ့များနှင့် မူမြို့ဆယ်မြို့နယ် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကို KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ သေဆုံးသည်အထိ ကျရှုံးနေသ ဖြင့် နေ့လည် ၁၂ နာရီ ၄ မိ နစ် တွင် တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ၁ နာရီခွဲ အထိ ၃ ကြိမ်လှည့် ပတ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁ နာရီ ၄၆ မိနစ်တွင်လည်း မြစ်ကြီး မြို့ လေတပ်စခန်းမှ တိုက် လေယာဉ်တစ်စီးပျံတက်လာပြီး ၁ နာရီ ၅၆ မိနစ်မှ စတင်ကာ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း၊ တံတား ဦး လေဆိပ်မှလည်း ညနေ ၃ နာရီ ၅၈ မိနစ်တွင် ဂျက်ဖိုက်တာတိုက်လေယာဉ် တစ်စီး ထပ်မံတက်လာ ကာ ၄ နာရီ ၂၂ မိနစ်တွင်ထပ်မံဗုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် KIA တပ်နှင့်စတင်တိုက်ပွဲဖြစ်ခဲ့ရာ သေဆုံးသွားသော ရာထူးကြီးသူများကို ပလပ်စတစ်အုပ်ကာ Light Truck ကားဖြင့် သယ်ယူသွားကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ကလည်း တိုက်ပွဲအတွင်းသေဆုံးသွားသော စစ်သားအရာရှိကြီးများကို 4 Wheel ကား ၃ စီးဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော လက်အောက်ငယ်သား စစ်သားအလောင်းများမှာ သယ်ယူ ခြင်းမခံရ ပဲ စုပုံလျက်ရှိကြောင်းနှင့် KIA တပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မသိရသေးပေ။

မြတောင်တိုက်ပွဲသို့ စစ်ကူလာသော စစ်ကား တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

========================================

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၄ မိုင် ကျေးရွာမှ ထီးချိုင့်မြို့နယ်၊ မြတောင် ကျေးရွာအထက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲသို့ စစ်ကူပေးရန် ထွက်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သားများ ထိခိုက်သေဆုံးနိုင်ကြောင်း တကောင်း PDF မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် အင်အား ၄၀ ခန့်ဖြင့် စစ်ကူပေးရန် ထွက် လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးကို သစ်တပင်ကျေးရွာ အနီး အရောက် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ကို ထိထိမိမိထိမှန်ပြီး အကြမ်းဖက်စစ်သား များထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မိုင်းဆွဲလိုက်တဲ့ အချိန် ကားက ထိုးရပ်သွားတယ်၊ ထိုးရပ်သွားတဲ့အချိန် ကွက် တိပဲ မိုင်းက ဘော်ဒီကို ထိသွားတာ၊ စစ်ခွေးသေဆုံးထိခိုက်နိုင်ပေမယ့် အတိ အကျမသိရသေးဘူး၊ မြတောင်အထက်ဘက် တိုက် ပွဲကို စစ်ကူသွားတဲ့ကားပါ၊ အဲဒီအထိတော့ ကားကမရောက်နိုင်ဘူး၊ နီကယ်စက်ရုံလောက်ပဲ ရောက်မှာ၊ မြတောင်တိုက်ပွဲအခြေအနေကတော့ မသိရသေးဘူး” ဟု တကောင်း PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို တကောင်း ပကဖ နှင့် Special 9-HPDF ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘ ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းများ တွေ့ရှိပါက အချိန်မှီ သတင်းပို့ ပေးပါ ရန်၊ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးဝေးမှ သွားလာနေထိုင်ကြရန် တကောင်း ပကဖ က သတိပေးထားသည်။

ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံး

===========================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ယင်းမာပင်မြို့ပန်းခြံ၊ ရဲစခန်း၊ စုပေါင်းရုံးတို့တွင် တပ် စွဲနေရာယူထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ ၊ Chindwin Toe Na Yar PDF ၊ Real Hero ၊ Jungle Hunter Revolution Force ၊ Tritle Two တပ် ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ khit thit

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံများကို ပြန် လည်ပတ်ရန် စစ်ခေါင်းဆောင် ခိုင်းစေမှုကြောင့် တိုင်းပြည် ပိုမိုနစ်နာဆုံးရှုံးဖွယ်ရှိဟု သုတေသီများ သုံးသပ်

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေကို ပြန်လည်ပတ်ဖို့  အကြမ်းဖက်စစ်ခေါင်းဆောင်က ခြိမ်းခြောက် ခိုင်းစေနေတာဟာ နိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးဖို့ ရှိနေတယ်လို့   သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ရပ်တန့်ထားတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေကို ပြန်လည် လည်ပတ်ဖို့ ဆောင်ရွက်ရာမှာ အကုန်အကျ အနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြဖို့၊ မလိုလားအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ မရှိအောင် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း မရှိပါက အရေးယူခံရမယ်လို့ စစ်ခေါင်းဆောင်က စက်ရုံတာဝန်ရှိသူတွေကို ခြိမ်းခြောက်ခိုင်းစေထားတာ ဖြစ်ပါတယ်။

ယခင် အစိုးရလက်ထက်မှာ စီမံခန့်ခွဲမှု လွဲမှားမှုတွေကြောင့် တချို့နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့ရတယ်၊ ရပ်တန့်ထားတဲ့ စက်ရုံတွေဟာ နိုင်ငံအတွက် အရှုံးများသာ ဖြစ်ပေါ်စေလို့ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နိုင်ငံပိုင်လုပ်ငန်းတွေဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေဟာ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး နိုင်ငံပိုင်စက်ရုံတွေက ထွက်တဲ့ပစ္စည်းတွေဟာလည်း ဈေးကွက်မဝင်၊ တွက်ခြေမကိုက် အရည်အသွေးမမီ၊၊ ကုန်ကြမ်းမရှိ၊ စက်တွေ ဟောင်းနွမ်းယိုယွင်းပျက်စီးနေတာဖြစ်လို့   NLD အစိုးရက ဒီစက်ရုံတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းထားတဲ့ကာလမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရလို့ ရပ်တန့်ထားတဲ့ စက်ရုံတွေကို ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေတာက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

စီးပွားရေးသုတေသီတဦးက “အရှုံးပြနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပြန်လည် လည်ပတ်မယ်ဆိုတော့ သူက ဒီစက်ရုံ အလုပ်ရုံ အကြောင်းကို ဘယ်လောက် သိလဲ ဆိုတာကနေ စပြောရမယ် ထင်တယ်။ ပြီးတော့ ဒီစက်ရုံက ဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ရဲ့လား။ ထုတ်လုပ်တဲ့အခါ အမြတ်ကောရှိရဲ့လား။ ဘာကြောင့်လဲဆို စီးပွားရေးအရ လေ့လာသုံးသပ်မှု ဆိုတာ လုပ်ရတယ်။ စက်ရုံလည်သင့် မလည်သင့် ဆိုတာ။ ပိတ်ထားတဲ့ စက်ရုံကြီး ရှုံးနေတဲ့ စက်ရုံကြီးကို လူကြားကောင်းအောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဆိုပြီး လည်ပတ်တယ် ထားဦး။ ဒါပေမဲ့ နိုင်ငံတော်က ဆက်ရှုံးနေမယ်ဆိုရင် အဲဒီအရှုံးက ဘယ်ထဲမှာ သွားဝင်မလဲဆို နိုင်ငံတော် ဘတ်ဂျက်ထဲမှာ သွားဝင်တာနော်။ နိုင်ငံတော်ဘတ်ဂျက် အနုတ်လက္ခဏာ ပြရတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံပိုင်လုပ်ငန်းတွေ ရှုံးတာက အကြောင်းရင်း တခုအနေနဲ့ ပါတယ်။ ပြန်လုပ်ချင်တယ် ဆိုတာလေးနဲ့ လုပ်လို့ မရဘူး။ ဒါက လက်ရှိ အကျိုး ရှိ၊ မရှိ နဲ့ နောက်တချက်က ရှုံးမယ်ဆိုရင် လုံးဝ မလုပ်သင့်ဘူး။ မြတ်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒါကို လုပ်သင့် မလုပ်သင့်ဆိုတာ ပညာရှင်အဖွဲ့နဲ့ သုံးသပ်ဖို့ လိုတယ်။ သူ့ဘာသာသုံးသပ်ပြီး လုပ်လို့ မရဘူး။ အဲ့အတွက် ဘက်ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ ဖွဲ့ရမယ်။ စီးပွားရေးရှုထောင့်ကနေ အမျိုးစုံ တွက်ချက်ရမယ်။ အဲ့လို မဟုတ်ရင်တော့ ထပ်ပြီးတော့ အ မှားတွေပဲ ဖြစ်နေဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် စိုးရိမ်စရာက အရှုံးနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေကို စစ်ခေါင်းဆောင်က နီးစပ်ရာ လာဘ်သိပ်ထိုး ဖြေရှင်းလိုက်ပါက နိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးဖို့ ရှိနေပါတယ်။

မက္ကရိုဘောဂဗေဒပညာရှင်တဦးက “မြန်မာပြည်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ရှုံးတာ အခုမှ မဟုတ်ဘူး။ ကြာလာပြီ။ မဆလခေတ်မှာကတည်းက ရှုံးခဲ့တာ။ ဒါပေမဲ့ အဲ့ဒါကို ဒီလောက် နှစ်တွေ ကြာလာတဲ့အထိ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်တဲ့အပြင် အဲဒီ နိုင်ငံပိုင် စက်ရုံတွေကို တပ်မတော်လက်ထဲ အပ်ခဲ့တာ။ ဒါကြောင့် တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ၊ ငပိစက်ရုံတို့ အများကြီးပဲ။ တပ်မ တော်လက်ထဲ ရောက်သွားခဲ့တာ။ ပြောရရင် နံပါတ် ၁ ဦးစားပေး အနေနဲ့ တပ်မတော် လက်ထဲ ရောက်သွားတယ်။ နံပါတ် ၂ ဦးစားပေးအနေနဲ့ ခရိုနီတွေ လက်ထဲ ရောက်သွားတယ်။ စက်ရုံတွေကို ဈေးပေါပေါနဲ့ ပေးပစ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် နိုင်ငံတော်အတွက် နစ်နာမှု မရှိအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်လို့ ပညာရှင်က  ဆက်လက်ပြောပါတယ်။

“အမှန်တကယ်တော့ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းက ၃ မျိုး၊ ၄ မျိုးလောက်ရှိတယ်။ သီ အိုရီအရ ပြောမယ်ဆိုရင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးတာ။ ပုဂ္ဂလိက လက်ထဲ ရောင်းချပေးတဲ့နေရာမှာ လာဘ်သိပ်ထိုး ရောင်းချရမှာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာစွာနဲ့ ရောင်းချရမယ်။ ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူ ပြီးတော့ နိုင်ငံ တော်အတွက် အကျိုးရှိမယ့်သူ အဲဒီလိုလူမျိုးဆီ ရောင်း ချပေးရမှာဖြစ်တယ်။

ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကို ပုဂ္ဂလိကဆီ လွှဲပြောင်းရောင်းချရာမှာ စနစ်တကျ လုပ်ခဲ့တာတခုမှ မရှိဘူး။ သူတို့နဲ့ နီးစပ်တဲ့သူတွေ ပြီးတော့ ခရိုနီတွေကို လာဘ်သိပ်ထိုး ပေးသွားတာတွေ အများကြီးပဲ။ ဒါက တိုင်းပြည်အတွက် အများကြီး နစ်နာရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ မဆလ တပါတီအာဏာရှင်ခေတ်နဲ့ စစ်အာဏာရှင်တွေ‌ ခေတ်အဆက်ဆက် လွဲမှားတဲ့ စိတ်ကူးယဉ်စီမံကိန်းတွေ၊ စီမံခန့်ခွဲမှု အ လွဲအမှားတွေ၊ ကိုယ်ကျိုးရှာ အကျင့်ပျက် ခြစားမှုတွေကြောင့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေ ချွတ်ခြုံကျ အရှုံးပေါ်နေခဲ့တာ ဖြစ်ပါတယ်။ DVB

မြန်မာတွင် တရုတ်ဂိုဏ်းများက ဒီဂျစ်တယ်ငွေ ကြေးလိမ်လည်မှု၌ ဖိလစ်ပိုင်များကို အ တင်းအကျပ်စေခိုင်

အရှေ့တောင်အာရှ၌ တရုတ်ဂိုဏ်းများ လည်ပတ်နေသော ဒီဂျစ်တယ်ငွေကြေး လိမ်လည်မှုလုပ်ငန်းများသည် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်အတွက် အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှုနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကြောင့် ဖိလစ်ပိုင်များကို ပစ်မှတ်ထားလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် လည်ပတ်နေသော လိမ်လည်မှုကွန်ရက်အတွက် ဖိလစ်ပိုင်များသည် “အဓိက” ပစ်မှတ်ထားခံနေရသည့်ဟု နိုင်ငံခြားရေးဌာန ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ ယာယီလက်ထောက်အတွင်းဝန် ဒီဗီဂါက ပြောသည်။ 

လိမ်လည်မှုလုပ်ငန်းအတွင်း ခိုင်းစေခံရသည့် ဖိလစ်ပိုင်များကို နိုင်ငံရင်းပြန်ပို့နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ လူ ၁၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့သည်ဟု ဒီဗီဂါက ပြောသည်။ 

တနင်္လာနေ့ကပင် မနီလာသို့ နေရပ်ပြန်ပို့ပေးသည့် နောက်ဆုံးအုပ်စု ရောက်ရှိခဲ့သည်။ အားလုံးက အသက် ၃၀ ဝန်းကျင်ဖြစ်သည့် အမျိုးသားလေးဦးသည် နှစ်လနီးပါးကြာမျှ မြန်မာနိုင်ငံအတွင်းသို့ လူမှောင်ခိုသွင်းခြင်း ခံခဲ့ရပြီး ယင်းကာလအတွင်း ထိန်းသိမ်းထားခံရခြင်းဖြစ်သည်ဟု ဒီဗီဂါက အေအက်ဖ်ပီသို့ ပြောသည်။ 

ထိုင်းတွင် အလုပ်လုပ်ရမည်ဟု စည်းရုံးခံရသည့် ၎င်းတို့သည် ဘန်ကောက်သို့ ရောက်ရှိချိန်၌ ထိုင်းအနောက်ပိုင်း မဲဆောက်မြို့သို့ ခေါ်ဆောင်ခံရပြီး ယင်းနောက် နယ်စပ်ကို ဖြတ်ကာ မြန်မာနိုင်ငံက “သူပုန်ပိုင်နက်”သို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်ဟု ဒီဗီဂါက ဆိုသည်။ 

ယင်းအရပ်တွင် “ဒီဂျစ်တယ်ငွေကြေးတွင် ရင်းနှီးမြှုပ်နှံရန် အွန်လိုင်းပေါ်မှနေ၍ လူများကို လိမ်လည်လှည့်ဖျားရသည့် အလုပ်ကို အတင်းအ ကျပ် စေခိုင်းခံရသည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်နှင့်နွယ်သော ပြည်သူ့စစ်များက ဆိုင်ရာနယ်မြေအလိုက် ထိန်းချုပ်နေကြခြင်းဖြစ်ပြီး နယ်မြေပိုင်နက်၊ အကျိုးအမြတ်များသော သစ်လုပ်ငန်းနှင့် ကျောက်စိမ်းသယံဇာတရင်းမြစ်များအတွက် တိုက် ခိုက်နေရာ ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါး ကုန်သွယ်ရာလည်း ဖြစ်နေသည်။ mizzima

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေ၊ စစ်ကိုင်းတွင်တိုက်ပွဲ ၁၃ ကြိမ်ဖြင့် အများဆုံးဖြစ်

ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၃၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေက ပစ်ခတ်ခဲ့ကြပြီး ကနီမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာပို့ကား ၆ စီးကို PDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က ၁၂၀ မမနဲ့ ပစ်ခတ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေ ပြင်း ထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ရေးမြို့နယ်မှာတော့ စစ်ကောင်စီ ခြေလျင်ဂိတ်စခန်းတခု ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး တနင်္သာရီမြို့နယ်မှာလည်း အ ကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။ DVB

ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ၁၀ ဦးသေ ၁၀ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်း၌ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(YPPDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို YPPDF ညီနောင်များနှင့်မဟာမိတ်အဖွဲ့က ပြင်းအားမြင့်လက် လုပ်မိုင်းဖြင့်တိုက်ခိုက်ပြီးနောက် အ ပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြော သည်။

ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အဖွဲ့ ထိခိုက်မှုမရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင် စီတပ်ဘက်တော့ တော်တော်လေးကို အထိနာခဲ့တယ်”ဟု ပြော သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်မှ ၄၀ မမ၊ ၆၀ မမ ဖြင့် တရစပ် ပစ်ခတ်မှုကြောင့် တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအား YPPDF ညီနောင်များနှင့်မဟာမိတ်အဖွဲ့၏လုပ်ဆောင်ချက်သာဖြစ်ပြီး ကျေးရွာနေ မိဘ ပြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။mizzima

လွိုင်ကော်-ဆိုလစယ်- ဒေါတမြေး-ဒေါတမကြီး-ဘော်လခဲလမ်းပိတ်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဌာန ကြေညာ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကနေ -ဆိုလစယ်- ဒေါတမြေး-ဒေါတမကြီး-ဘော်လခဲကို ဆက်သွယ်ထားတဲ့လမ်းကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမှတ် (၁) ခရိုင် ဒီးမော့ဆိုမြို့နယ်က ကြေညာပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ အများပြည်သူရဲ့ လုံခြုံရေးအတွက်  အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့  ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပြီး ခရီးလုံးဝ သွားလာခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။

ဒီလို ကန့်သတ်ချက်စာကို ကရင်နီပြည်အစိုးရကနေ ထုတ်ပြန်ထားသလိုပဲ  လွိုင်ကော် -ဘုရားဖြူလမ်းကို စစ်ကောင်စီဘက်က ဈေးကားတွေ ဖြတ်သန်းသွားလာခွင့်မပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆန်၊ ဆီ၊ ဆားတွေကိုလည်း အကန့်အသတ်လုပ်ပြီးမှ ဖြတ်သန်းစေခိုင်းသလို ဒီးမော့ဆိုဘက်ခြမ်းသွားတဲ့ ဝင်ပေါက်မှန်သမျှကို ရိက္ခာကန့်သတ်မှု စစ်ကောင်စီက တင်းကျပ်လာနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့နယ် ၇ မြို့ထဲက ၄ မြို့နယ်ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တို့ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးတဲ့နောက် နေ့စဉ် စားသုံးရိက္ခာတွေကို သယ်ယူခွင့် တင်းကျပ်လာတာဖြစ်ပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအဖွဲ့က ဒီလိုသွားလာမှုတွေကို ကန့်သတ်ထားတဲ့အတွက် ဒီးမော့ဆိုမြို့နယ် သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့အရေး စိုးရိမ်စရာဖြစ်လာပါတယ်။ DVB

ဒေါ်လာစျေးဆွဲတင်နေသည့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအား အရေးယူမည်ဟု ဗဟိုဘဏ်သတိပေး

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များမှ ကောလဟာလသတင်းများဖြန့်ကာ ဒေါ်လာစျေးဆွဲတင်နေမှု အပေါ် အရေးယူမည်ဟု စစ်ကောင်စီလက် အောက်ခံ ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ထားသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအပြင် ဘဏ်များကလည်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်စေရန် ဆောင်ရွက်နေသည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရကြောင်း ဆိုထားသည်။

အဆိုပါ နိုင်ငံခြားငွေဈေးမြင့်တက်လာစေရန် လုပ်ဆောင်နေမှုများကို ဝင်ရောက်ထိန်းကြောင်းရန် လမ်း ညွှန်ထားကာ ဒေါ်လာဈေးဆွဲတင်ရန်ကြိုးစားနေသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအားဖော်ထုတ် ရန်နှင့် အဆိုပါလုပ်ငန်းရှင်များအနေဖြင့် ဈေးကစားခြင်း မပြုလုပ်စေရန် အသိပေးထားပြီး၊ ဝင်ရောက် ထိန်းကြောင်းခြင်းမရှိသည့် ဘဏ်များကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်ကဆိုထား သည်။

“ငွေလဲနှုန်း အထူးသဖြင့် ဒေါ်လာစျေးကစားနေတာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဆိုတာထက် ပြင်ပက ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေရယ်၊ ဒေါ်လာအသုံးပြုသူတွေရယ် စျေးကွက်မှာ ဖြစ်နေတာပါ။ ပို့ကုန်သွင်းကုန်ဆောင်ရွက်ရာမှာလည်း ပြင်ပကပဲ ဒေါ်လာဝယ်ပြီးဆောင် ရွက်နေရတဲ့ အခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာလုံလောက်အောင် ရောင်းမပေးနိုင်တာမျိုးဆိုရင် ထိန်းဖို့မလွယ်ဘူး” ဟု တောင်ဥက္ကလာပမြို့နယ်မှ ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို စစ်ကောင်စီလက်အောက်ခံ ဗဟို ဘဏ်က တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၀၀ ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲလှယ်နှုန်းနှင့် ပြင်ပစျေးကွက်တွင် ဈေးနှုန်း ကွာဟချက်ရှိနေသော်လည်း ရည်ညွှန်ငွေလဲနှုန်း ပြောင်းလဲရန်မရှိကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။ mizzima

« Older Entries