Monthly Archives: Feb 2023

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်တွက် ထိုင်းရောက်မြန်မာများနှင့် ပအဖက ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာကို စစ်တပ်က ပျူစောထီးရွာအဖြစ် သတ်မှတ်လိုက်လို့ လက်မခံနိုင်ဘဲ ထွက်ပြေးလာတဲ့ ရွာသား ၄၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ပအလှူရှင်တွေနဲ့ ပုလဲပအဖက ထောက်ပံ့ကူညီ‌ဆောင်ရွက်ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ပြောဆိုပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့က လှူဒါန်းတဲ့ အလှူငွေ ၅၂၀,၀၀၀ ကျပ်ကို ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက ထွက် ပြေးလာခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ရွာကို စွန့်ခွာခဲ့ကြတာ ၁ နှစ်ကျော်ကြာခဲ့ပြီး စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇီးဖြူကုန်း စစ်ဘေးရှောင်ပြည်သူ‌တွေကို ဆန် အိတ် ၂၀၊ အဝတ်အထည်၊ ဆီ ၅ ပုံးနဲ့ မင်းတိုင်ပင်ရွာက မီးရှို့ခံခဲ့ရတဲ့ အိမ်ထောင်စု ၈ စုကို ဆန် ၈ အိတ် ထောက်ပံ့ခဲ့တယ်လို့ ပုလဲပအဖ တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ပုလဲမြို့နယ်၊ နွယ်အင်းရွာက ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို စစ်ကောင်စီတပ်သား‌တွေက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။DVB

ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ် ချုပ်ရေးမှူးရုံးကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲယမ်းများရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှုးရုံးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် PDF တပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် ပျူစောထီး သိန်းရွှေ ပွဲချင်းပြီး သေဆုံးပြီး ပျူစောထီး မောင်ပြား ၊ကျော်ရဲထွန်း၊ ခင်ဝေ တို့ ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

PDF တပ်ဖွဲ့ဝင်များက ပျူစောထီး သိန်းရွှေ ကိုင်ဆောင်သော ကာဘိုင်သေနတ် ၁လက်၊ ကျည်ဆန် ၁၇ တောင့်၊ကျည်ဘောက် ၃ခု သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်ရေး မစ်ရှင်ကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ ကောင်းကင်တော်လှန်ရေးအင်အားစု(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဒေါင်းစစ်သည်(မတ္တရာ)တို့က ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။mizzima

မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်ရင်း ၃ ရင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်း ၃ ရင်းကို ဖေဖော်ဝါရီ ၂၀ ရက် မနက် ၇ နာရီလောက်မှာ ၆၀ မမ လက် နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်း NUG တပ်ရင်းအမှတ် ၁၂၂၂ ကနေ သိရပါတယ်။

မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ရင်း ၂၂၃၊ ရင်း ၂၇၆ နဲ့ ရင်း ၃၄၈ တို့ကို ၆၀ မမ စိန်ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သပိတ်ကျင်း NUG တပ်ရင်းအမှတ် ၁၂၂၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပဲ ပစ်ခတ်ခဲ့တာပါ။ သူတို့ကို မျှားတဲ့သဘောပေါ့နော်။ သူတို့ စစ်ကြောင်းလာမယ်ဆိုရင် ထိတွေ့မှုဖြစ်မယ့် အနေအထားမျိုးပါပဲ။ စကစဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာတော့ရှိတယ်။ ဒါပေမဲ့ စစ်ကြောင်းထွက်မလာတာကြောင့် ထိတွေ့မှုမဖြစ်ခဲ့ဘူး။”

လက်နက်ကြီးလေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်း ၂၂၃ နဲ့ ၂၇၆ ကြားမှာ တကြိမ်၊ ဂိတ်စခန်းအနီးမှာ တကြိမ်နဲ့ ဗျူဟာရုံးအနီးမှာ တကြိမ် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဘက်က ညနေ ၃ နာရီအထိ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။DVB

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်မှ စစ်ကောင်စီတပ် ၏ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ဘော်ပြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေအိမ်ကို ဝင်ရောက်စစ်ဆေးရာ စစ်ကောင်စီတပ်၏ စစ်အသုံး အ ဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဖေဖော်ဝါရီလ ၂၁ရက် ယနေ့တွင် ထုတ် ပြန်သည်။

ဖေဖော်ဝါရီလ ၁၉ရက် ညပိုင်းတွင် ၎င်းအိမ်မှ အချက်ပြမီးကဲ့သို့သော မီးရောင်တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ စစ်ကောင်စီတပ်သုံး ပစ္စည်းများ ရှာဖွေ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီအိမ်ကနေ CCTV Signal မီးလို မီးနီကိုတွေ့ရတယ် ၊ ရှာကြည့်တော့လည်း CCTV မတွေ့ရဘူး ၊ အဲဒီကပဲ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတာပါ” ဟု YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော် ယောလေး က ပြောသည်။

အဆိုပါနေအိမ်အတွင်းမှ စစ်ယူနီဖောင်းအစိမ်း ၁၇ စုံ ၊ တိုက်ပွဲဝင်ယူနီဖောင်း ပြောက်ကျား လေးစုံ၊ အရာရှိ လျှာထိုးဦးထုပ် တစ်လုံး ၊ ရိုးရိုးဦးထုတ် လေးလုံး ၊ ကြယ်နှစ်ပွင့်စီတပ်ထားသော ပခုံးတင်ဘား နှစ်စုံ ၊ ဟန်းကော တစ်လုံး ၊ စစ်ဖိနပ် နှစ်ရံ နှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဆိုသည်။

ယင်းနေအိမ်ပိုင်ရှင်မှာ ဘောပြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးစိန်မြင့် နေအိမ်ဖြစ်ပြီး စစ်ယူနီဖောင်းများမှာ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်း သားဖြစ်သူ၏ပစ္စည်းများဖြစ်နိုင်သည့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နေအိမ်ပိုင်ရှင်မှာ ရွာမှ ထွက်ပြေးတိမ်းရှောင်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ၎င်း၏ မိန်းမဖြစ်သူမှာလည်း Non CDM ကျောင်း ဆရာမဖြစ်ကာ အစောပိုင်းကာလများတွင် ခလရ (၅၀) တပ်အတွင်း ခိုလှုံနေကြောင်း သိရှိရသည်။

ကျေးရွာ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၏ ခွင့်ပြုချက်မရရှိဘဲ လူမနေသည့် ၎င်းနေအိမ်အတွင်းသို့ မည်သူမှ ဝင်ထွက်သွားလာခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူအပြစ်ပေးသွား မည်ဖြစ်ကြောင်း သတိပေးထား သည်။mizzima

ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ် ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ၆ ကွေ့ တွင် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် အရပ်ဝတ်စစ်သားများ လိုက်ပါသော Toyota Wish ကား မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်တွင် Toyota လင့်ခရူဆာ အဖြူရောင် ကားကို သေနတ်ဖြင့် ၄ ချက်ပစ်ပြီး ယာဉ် မောင်းကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးကား Toyota Wish အမည်းရောင်ကားပေါ်က ခွေး၄ကောင် အရပ်ဝတ်နဲ့ဆင်းလာပြီး Toyota လန်ခရူဆာ အဖြူရောင်ကားကို ၆ ကွေ့ မီးပွိုင့်မိနေတုန်း ကားထဲကဆင်းခိုင်းပြီး ခွေးတွေက သေနတ်နဲ့ချိန်ပြီး ဟေ့ကောင်ဆင်း ဟေ့ကောင်ဆင်း ဆိုပြီးပြောပြီး ခွေးက သေနတ်နဲ့စပစ်ပါတယ် စုစုပေါင်း၄ချက်ပစ်တယ် ပစ်စတိုနဲ့။ မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်မှာ ပွိုင့်မိနေတုန်းပါ။ လင့်ခရူဆာက မောင်းပြေးတယ်။ မိ၊ မမိတော့ မသိဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးမြင့်နိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သေသလား ရှင်သလားတော့မသိရသေးဘူး။ အုပ်ကြီကး မျိုးမြင့်နိုင်တော့ သေနတ်ပစ်ခံရတယ်။ မီးရထားလိုင်းခန်းမှာနေတာ။ သေဖို့များတယ်လည်းပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၁ ထိပ် တွင် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် အင်းစိန်၊ မုဒိမ်တာ အိမ်ရာ ၂ ဝင်းထဲမှာ ဆိုင်ကယ် ကယ်ရီသမားအား လုံးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၄နာရီ ၃၃မိနစ် အင်းစိန် မြို့နယ် အင်းစိန်ထောင်အနီး ပေါက်တောဝ မီးပွိုင့်ရှိ ဘန်ကာကို URF အဖွဲ့၏ နည်းပညာကူညီမှုဖြင့် MUPDFအဖွဲ့က အဝေးထိန်း မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း MUPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း ၊ ဗဟန်းမြိုနယ် ၊ ဗိုလ်စိန်မှန်ရပ်ကွက် ဗိုလ်စိန်မှန်အုပ်ချုပ်ရေးမှူးရုံးကို Freeland Attack Force -FLA နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲတို့က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။khit thit

တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို စစ်ကောင်စီချိပ်ပိတ်

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတချို့ ဦးဆောင်ပြီး ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တမူးမြို့၊ ဈေးတန်း ၉ ရပ်ကွက်က ဦး‌မြင့်ဇော်ဦးရဲ့နေအိမ်၊ ဈေးတန်း ၁၀ ရပ်ကွက်က ဦးဝင်းနိုင်ရဲ့နေအိမ်၊ စော်ဘွား ၉ ရပ်ကွက်က ဦးဇော်မင်းဦးရဲ့နေအိမ်နဲ့ စော်ဘွား ၁၀ ရပ်ကွက်က ကိုခိုင်မင်းထွန်းရဲ့နေအိမ် အပါအဝင် နေအိမ် ၈ လုံးကို စစ်ကောင်စီဘက်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာဖြစ်ပါတယ်။

ချိပ်ပိတ်ခံရတဲ့နေအိမ်တွေမှာ “ဤအဆောက်အဦးနှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ရောင်းဝယ်ခြင်းမပြုရ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေချိတ်သွားပါတယ်။

တမူးမြို့ခံတဦးက “အဲ့ဒီနေ့က ချိပ်ပိတ်သွားတာက များတယ်။ ချိပ်ပိတ်သွားတဲ့အိမ်တွေမှာ လူတွေမနေကြဘူး။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာပဲ။”

တမူးဒေသခံ ဗမာ့ကျောင်းသားတပ်မတော်ရဲ့ တာဝန်ခံရဲ‌ဘော် ကိုအောင်ဖြိုးကြွယ်က “တမူးမှာက အခုလက်ရှိကတော့ ပျူစောထီးတွေနဲ့ ပြည် သူ့စစ်တတွေပေါင်းပြီး ထင်ရာစိုင်းနေတဲ့ သဘောပေါ့ဗျာ။ စစ်(–)ထက် ပျူစောထီး၊ ပြည်သူ့စစ်တွေကို ပြည်သူတွေကကြောက်နေရတယ်။ လက်ရှိ နိုင်ငံတော်အာဏာကို မတရားလုယူထားတဲ့ စကစနဲ့ လက်ပါးစေတွေဟာ သူတို့ကောင်းစားရေးအတွက် အခုလိုပဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လုယူနေကြဦးမှာပါ” လို့ ပြောပါတယ်။

မနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း တမူးမြို့ ဈေးတန်း ၈ ရပ်ကွက် ကံ့ကော်လမ်းမှာရှိတဲ့ တမူး PDF တပ်ဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ဇနီးဟောင်း နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် တမူးမြို့မှာ တမူးမြို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေရဲ့ နေအိမ်အပါအဝင် ဒေသခံနေအိမ်ပေါင်း ၂၀ ကျော် ချိပ်ပိတ်ခံထားရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။DVB

စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းက ကြည့်မြင်တိုင်ဘူတာလိုင်းခန်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခင်းဖြစ်ပွားသည့်နေ့က လူငယ်တစ်ဦးအား အရက်မူးပြီး ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ညပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“လင်းတောင်အုပ်ချုပ်ရေးမှူးက လမ်းသွားနေတဲ့ကောင်လေးတစ်ယောက်ကို ခေါ်စစ်တယ်၊ အရက်မူးပြီး အာဏာပါဝါပြတယ်။ ညရောက်တော့ အဲဒီအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတယ်။ ပစ်တာတော့ ခေါင်း ကိုပစ်တာ ပါးစပ်ဟတဲ့အချိန်ဖြစ်သွားတော့ ပါးဖောက်ထွက်သွားတယ်လို့ ရပ်ကွက်ထဲကလူတွေကို ဆက် သွယ်ပြီးမေးကြည့်လို့ သိရတယ်”ဟု ယခင်က စမ်းချောင်းမြို့နယ်တွင်နေထိုင်ခဲ့သော တော်လှန်ရေး ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင်ဘူတာတွင် စစ်ကောင်စီတပ်သား များနှင့် လက်အောက်ခံရဲတပ်ဖွဲ့များရောက်ရှိလာပြီး ရထားတွဲများပေါ်သို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် လင်းတောင်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦးမှာ အသက်သေဆုံးမှုမရှိသော်လည်း ပါးတွင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်ထားရသည်ဟု သိရကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။

ဦးမျိုးမြင့်ဦးမှာ ရပ်ကွက်ထဲတွင် အာဏာပြဖိနှိပ်သူမဟုတ်သော်လည်း သန်းခေါင်စာရင်း၊ ဧည့်စာရင်းစစ် သည့်အချိန်ကာလများက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

PDF များကို ဖမ်းဆီးရာတွင်ပါဝင်သည့် စစ်တပ်သတင်းပေးတစ်ဦးလည်း လွန်ခဲ့သည့်ရက်ပိုင်းခန့်က သာကေတမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။mizzima

မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ပြီး ရုံးတစ်ခုလုံးပြာကျ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးကို Mawlaike ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ ရုံးတစ်ခုလုံး ပြာကျခဲ့ကြောင်း မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်တွင် မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို Mawlaike ပြောက်ကျားအဖွဲ့က မီးရှို့တိုက်ခိုက်ခဲ့ပြီး ပညာရေးမှူးရုံး ပြာကျခဲ့ကြောင်း သိရသည်။

” ဒီကနေ့ နံနက်ပိုင်း ၁ နာရီ ၄၀ ခန့်က မီးလောင်တာပါ။ ၂ နာရီလောက်မှာပဲ ပြာကျသွားတယ်။ ကွန်ကလစ်လမ်းပြုပြင်နေတော့ မီးသတ်ကားတွေ အတော်နဲ့ဝင်မရဘူး။ ပြာကျပြီးမှ ပဲဝင်လို့ရသွားတယ်။ စနစ်သစ် Grade 11 တွေက စာမေးပွဲဖြေနေတာ ဒီကနေ့ဆိုပြီးပြီ စနစ်ဟောင်း ၁၀ တန်းတွေ ဖြေမယ့် ဖောင်ကဒ်တွေတော့ အကုန်ပါကုန်တယ်လို့ကြားတယ်။ Mawlaike ပြောက်ကျားအဖွဲ့က ဝင်ရောက် စီးနင်း မီးရှို့ခဲ့တာပါ။ ရုံးအရှေ့ မျက်နှာစာက အုတ်နည်းနည်းနဲ့ အနောက်ဘက်က အုတ်နည်းနည်းပဲကျန်ပြီး အကုန် ပြာကျသွားတယ်” ဟု မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။khit thit

မြောက်ဥက္ကလာ ရပ်ကွက်များကို စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်၊ အဝေးပြေးကားများကို ရှာဖွေ စစ်ဆေးနေ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး အဝေးပြေးယာဉ်လိုင်းတွေကိုလည်း ပိုမိုတင်းကျပ်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သုဓမ္မာလမ်းမ၊ သီရိရတနာလက်ကားဈေးဝင်းအတွင်းက ဈေးရုံ (S)၊ ဆိုင်ခန်း (၆) မှာ ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၁၁ နာရီလောက်က လက်ပစ် ဗုံး အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေ စစ်ကောင်စီဘက်က တွေ့ရှိပြီးနောက်ပိုင်းအခုလို လုံခြုံရေးတင်းကျပ် စစ်ဆေးတာတွေ ပိုလုပ်လာတာပါ။

ဈေးနဲ့နီးစပ်သူတဦးက “မနေ့ညကနဲ့ဆို ဒီတရပ်ကွက်တည်းကို ၂ ညရှိပြီ၊ ဝေဘာဂီဘက်က ရပ်ကွက်တွေလည်း ဝင်စစ်နေတယ်။ ဒီဈေးက ဝေဘာဂီအပိုင်ထဲမှာဆိုတော့ ပိုစစ်ကြတာ နေမယ်။ ၁၇ ရက်တုန်းက ဆိုင်ခန်းတခုမှာ မိတယ်လို့ပြောတယ်။ ပိုင်ရှင်မဲ့လို့ ပြောလို့ရတယ်။ အဲ့နေရာက နေရာလွတ်လေ၊ အရင်ဆိုင်ငှားဖူးသူတော့ရှိတယ်။ ဈေးတာဝန်ခံရုံးဘက်ကတော့ ဘာမှမပြောသေးဘူး။ စစ်တပ်က အဝင်အထွက် CCTV တွေ တောင်းသွားတယ်လို့ပဲ သိရတယ်။ အဝေးပြေးဝန်ထမ်းလိုင်းခန်းတွေဘက်လည်း ဧည့်စာရင်းစစ်တာတွေရှိတယ်” လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားဝန်းက ခရီးသည်တင် express ကားတွေမှာ တရားမဝင် ကန့်သတ်ပစ္စည်းတွေ၊ ဓာတုဆေးဝါးတွေအပြင် လက် နက်၊ ကျည်ဆန်၊ ဗုံးသီး၊ မူးယစ်ဆေးတွေကို တင်ဆောင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပြောဆိုနေကြတဲ့အပြင် သီရိရတနာဈေးအတွင်းမှာ တွေ့ရှိထားတာကြောင့် စစ်တပ်ဘက်က အခုလို ၃ ရက်ဆက်တိုက် ရှာဖွေတာဖြစ်တယ်လို့ သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝန်းမှာ နေသူတဦးက “ဂိတ်တွေမှာ ကန့်သတ်ကုန်ပစ္စည်း မတင်ဘူးလို့ စာကပ်ပြီးသားပါ။ ပါဆယ်ပုံးလာချရင်လည်း ဖွင့်စစ်ဖို့၊ အီလက်ထရောနစ် ကုန်ပစ္စည်း မတင်ဖို့၊ ခရီးသည်လာရင်လည်း မှတ်ပုံတင်ပါမှ လက်မှတ်ရောင်းဖို့ မှာထားပြီးသားပါ။ နေ့တိုင်းနီးပါး ဂိတ်တွေကို လာလာစစ်ကြတယ်။ ကြုံရာကျပန်းသဘောမျိုးရော၊ တခါတလေ စာရင်းအတိအကျနဲ့ကို လာတာ။ ဝန်ထမ်းစာရင်းနဲ့ ဓာတ်ပုံပါ ပေးရတယ်” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမှာ လက်လုပ်ဗုံးတွေ့ရှိလို့ ဖေဖော်ဝါရီ ၃ ရက်က ခေမာသီလမ်းမ ရုံးသစ်မှတ်တိုင်နားမှာ တကြိမ်၊ ဖေဖော်ဝါရီ ၁၁ ရက်က သုဓမ္မာလမ်းမ ကန်သာယာပန်းခြံနားမှာ တကြိမ်နဲ့ ဖေဖော်ဝါရီ ၁၆ ရက်က သုဓမ္မာလမ်းမ ဣန္ဒာမှတ်တိုင်နားမှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ် စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။ DVB

« Older Entries