သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အထိနာပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးရန် စစ်ကောင်စီ ပြင်နေဟုဆို

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အရာရှိများသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများတွင်လည်း ထပ်မံသေဆုံးသူများရှိသည့်အတွက် အထိနာခဲ့သော စစ်ကောင်စီတပ်က တပ်အင်အားများ စုစည်းပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။
သရက်မြို့နယ်တွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားများမှ တစ်အိမ်တက်ဆင်းရှာဖွေကာ ငွေနဲ့ ဖုန်းများကို သိမ်းယူခဲ့ကြောင်းလည်း ဒေသခံထံမှသိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင် သရက်မြို့ ၊ တလဘားကျေးရွာသို့ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး နေ အိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ ဒေသခံများ၏ ဖုန်းများအား သိမ်းယူသွားခဲ့ကြောင်း ဆိုသည်။
“ဟိုတလောက သူတို့အတိုက်ခံရတာ တော်တော်သေတယ် ၊ အဲဒါကြောင့် အခုလို ပြည်သူတွေဘက်ကို မဲနေဟန်တူတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် တစ်အိမ်တက်ဆင်းဝင်ရှာပြီး တွေ့ရှိသော ဒေသခံများ၏ ငွေ ကျပ် ၁,၀၀၀,၀၀၀(ဆယ်သိန်း) ခန့်အား အဓမ္မသိမ်းယူသွား ခဲ့ကြောင်းဆိုသည်။
တံခါးဖွင့်မပေးသော အိမ်များတွင် တံခါးများကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး သေနတ်များ ပစ်ဖောက်ကာ ရွာကို မီးရှို့ပစ်မည်ဟု ၍လည်းခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် သရက်မြို့၌ နယ်မြေခံစစ်ကောင်စီတပ်နှင့် ရဲများ အပါဝင် အခြားတိုက်ခိုက်ရေးတပ်များပါ စုစည်းနေပြီး အင် အား ၂၀၀ခန့်ရှိနေကာ စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း အဆိုပါ ဒေသခံ မှ ဆက်လက် ပြောဆို သည်။
ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင် အား ၂၅ယောက် ခန့်ဖြင့် စစ်ကူလာသော စစ်ကောင်စီ တပ်သားများကိုလည်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ၊ ဒုရဲအုပ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ပြားခဲ့ကြောင်း သိရသည်။mizzima