Monthly Archives: Feb 2023

ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံ ရဲစခန်း ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၆ နာရီခန့်အချိန်မှစတင်၍ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွာပြီး မကြာမီ ဘုရားသုံးမြို့အတွင်းမှ စစ်ကောင်စီ ခလရ ၂၈၄ ၊ ခလရ ၉၇ တပ်များမှ ထုတ်နှုတ်အင်အား ၃၀ ခန့်က တိုက်ပွဲဖြစ် ပွား ရာ နေရာသို့ စစ်ကူ လာရောက်သဖြင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် နံနက် ၇ နာရီ ဝန်းကျင် အချိန်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ၊ နံနက် ၈ နာရီ ခန့် တွင် မဟာမိတ်တပ် များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်း တိုက် ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ် ကြောင်းထံမှ သိရှိရသည်။ khit thit

စသုံးလုံး ဒုညွှန်ချုပ်၏ ကရင် ခရီးစဉ်တွင် ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆိုပြီး NUG ၊ CRPH နှင့် PDF ဆက်သွယ်လျှင် ဝန်ထမ်း မိသားစုဆွေမျိုးများပါ မချန် ထောင်ချမည်ဟု ခြိမ်းခြောက်

ကရင်ပြည်နယ်၊မြ၀တီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလောင်းကစားဂိမ်းများက ဗီယက်နမ် နိုင်ငံ သားများထံမှ ဒေါ်လာ သိန်းချီ လိမ်လည်‌ သော အမှုကို လာရောက်စစ်ဆေးသည့် စသုံးလုံး ဒုညွန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် ခေတ်သစ်သတင်းများကို မယုံကြည်ကြရန်နှင့် မဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်သွားခဲ့သည့် စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက ခေတ်သစ်သတင်းများကို မယုံကြရန်၊ ခေတ်သစ်တွင် ဖော်ပြထားသည့် ဗီယက်နမ်နိုင်ငံက တိုင်ကြားသည့် ရွှေက္ကိုလ် လောင်းကစား ကိစ္စကြောင့် လာရောက်ခြင်းမ ဟုတ်ဘဲ ဝန်ထမ်းများ စည်းရုံးရေး အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဒုညွှန်ချုပ်ခရီးစဥ်မှာ ခေတ်သစ်သတင်းတွေကိုမယုံဖို့ ခေတ်သစ်မှာ ဖော်ပြထားတဲ့ ကိစ္စအတွက် လာရောက်ခြင်းမဟုတ်ဘဲ မိသားစုစည်းရုံးရေးအတွက် အထက်ကချမှတ် ပေးအပ်တဲ့ တာဝန် ဖြင့်သာလာရောက် စည်းရုံးကွင်းဆင်းခြင်းဖြစ်ပါတယ်လို့ ပြောတယ်” ဟု ပြည်ထဲရေး သ တင်း ရင်းမြစ်က ပြောသည်။

စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် CRPH ၊ NUG ၊ PDF တို့ကိုထောက်ပံ့ခြင်း အားပေးအားမြှောက်ခြင်းများ မလုပ်ကြရန်၊ ဝန်ထမ်း မိသားစုဝင် များ အနေဖြင့် မဆက်သွယ်ကြရန် ၊ တားမြစ်ထားသည့်ကြားထဲမှ NUG CRPH PDF နှင့် ဆက်သွယ် ကူညီထောက်ပံ့မှုတွေ့ရှိပါက မိသားစု ဆွေမျိုးပါမချန် ထောင်ချ အရေးယူမည်ဟု ခြိမ်းခြောက်သည်။

” ဝန်ထမ်း(အိမ်ထောင်သည်)လင်စုံမယားစုံအရေးယူအပြစ်ပေးခံရမယ်။ လူပျို၊အပျို ဖြစ်ပါက သက် ဆိုင်သူမိသားစုပါ အရေးယူအပြစ်ပေးခြင်းခံရမယ်ဆိုပြီး ဒုညွှန်ချုပ်က ခြိမ်းခြောက်တယ် ။ ဝန်ထမ်း တွေကို ပျဥ်းမနား မျှစ်ချဥ်တွေ လက်ဆောင်ပေးသွားတယ်။ ဝန်ထမ်းတွေ သွေး တိုး အကြောတက်ပြီး တစ်ဖက်လှည့်နဲ့ သတ်နေသလားပဲ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

စသုံးလုံး ဒုညွှန်ချုပ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ စုံစမ်းစစ်ဆေးရေး ခရီးစဉ် အဖြစ် လာရောက်ခဲ့ရာတွင် ပြည်နယ်၂ခုပေါင်းခရီးစဥ် စားစရိတ် သိန်းရာချီကုန်အောင် သုံးဖြုန်း သွားကြောင်း၊ ဒုညွှန်ချုပ် သိန်းနိုင်ထွန်းခရီးစဥ်ကြောင့် ပြည်နယ် မြို့နယ် ခရိုင် စသုံးလုံး တာ ဝန်ခံ များ ဘတ်ဂျတ် ၃ လစာဝန်းကျင် အထိ နစ် နာဆုံးရှုံးရကြောင်း၊ ခေတ်ပျက်တွင် စည်းရုံးရေးပုံစံဖြင့် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khit thit

ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ၊ လုံခြုံရေးတင်း ကျပ်

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းနားမြို့မှာ ရှိတဲ့ ဘောဂဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီနေ့ မနက်က လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျဥ်းမနားမြို့ ဘောဂဝတီရပ်ကွက် နေကြာလမ်းနဲ့မေတ္တာသုံးလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ မနက်ကိုးနာရီက လက် ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးနဲ့အပစ်ခံရတာ မပေါက်သေးဘူး၊ စစ်တပ်ကို ရောက်လာပြီး စစ်ဆေးတာတွေ ရှာဖွေရေးတွေလုပ်နေတယ်။ ဖုန်းတွေစစ်တယ်၊ အိတ်တွေစစ်တယ်၊ ဆိုင်ကယ်ဆို တူးဘောက်တွေပါ ဖွင့်ပြရတယ်။” 

ဗုံးနဲ့ပစ်ခတ်ခံရပြီး အမှတ် ၉၂၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လက်ပစ်ဗုံးကို အသက်မဲ့အောင်ပြုလုပ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“လာပစ်သွားတာ MG 1 လက်ပစ်ဗုံးအမျိုးအစား၊ ပြသာနာက လူကြီးတွေလည်း လန့်သွားတယ်။ အဲ့နေရာကို လုံခြုံရေးတင်းကျပ်ထားဖို့ အ မိန့်ပေးထားတယ်။” 

လတ်တလောမှာ ဘောဂဝတီရပ်ကွက်က လမ်းအချို့မှာ စစ်ဆေးနေပြီး နေကြာလမ်းနဲ့ မေတ္တာ ၃ လမ်းဘက်မှာ လမ်းသွားလမ်းလာ၊ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေပါ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ၅ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးက ယာဥ်ထိန်းရဲကင်းမှာ  ဗုံးပေါက်ကွဲခဲ့ပြီး ယာဥ်ထိန်းရဲတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူများလည်းရှိပါတယ်။DVB

မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို တိုက် ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို အကြမ်းဖက် စစ်တပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီးက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အဆောက်အဦး တချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

” အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ Mi 35 ရဟတ်ယာဥ်နဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်တာပါ။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ နွား ၁ ကောင်တော့ သေဆုံးသွားတယ်” ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

စစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဥ်က မန်ကျည်းကန်ကျေးရွာကို ပစ်ခတ်ပြီးနောက် မြိုင်မြို့နယ် အနောက် မြောက်ဘက် မန်ကျည်းကန်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားသို့ စက်လက်များ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်သွားကြောင်း သိရှိရသည်။ khit thit

ကေအိုင်အို နှင့် NUG တို့ ပူးပေါင်းဖွင့်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမဆုံးဘွဲ့ နှင်းသဘင်ကျင်းပ

ကေအိုင်အို နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)၏ ပထမဆုံးသော ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းက ကေအိုင်အိုဌာနချုပ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်( KSCU )၏ ဝိဇ္ဇာ – တက္ကသိုလ်က ဖွင့်လှစ်ခဲ့သည့် အဝေးသင်ပညာရေးအစီအစဉ်၌ တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူများနှင့် ကြားကာလ မြစ်ကြီးနားတက္ကသိုလ်ကောင်စီက ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းအခြေပြု ပညာရေးအစီအစဉ်တွင် တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲ အောင်မြင်ခဲ့သူများကို ဘွဲ့ချီးမြှင့်ဂုဏ်ပြုသည့် ခမ်းအနားဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

ထိုဘွဲ့နှင်းသဘင်အခမ်းအနားကို ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ Sinpraw Majoi ခမ်းမတွင်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ဂွမ်မော်က “ကျွန်ုပ်တို့နိုင်ငံသားများအနေဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားနေကြရဆဲဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တစ်ခဲနက် ပြိုင်တူဆင်နွှဲနေကြသော တော်လှန်ရေးကြီး၌ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူ ငယ်များ၊ CDM ဝန်ထမ်းများ ကြီးမားကျယ်ပြန့်စွာ ပါဝင်နေကြသည်။ သင်တို့သည်လည်း သမိုင်းပေးတာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်ပေသည်” ဟု မိန်းခွန်းပြောကြားခဲ့သည်။

ယနေ့ဘွဲ့ယူခဲ့ကြသူများမှာ မဟာဝိဇ္ဇာဘွဲ့ မြန်မာစာအထူးပြု တစ်ဦး၊ သိပ္ပံဘွဲ့ဖြစ်သည့် ဓာတုဗေဒအထူးပြု တစ်ဦး၊ ဝိဇ္ဇာဘွဲ့များဖြစ်သည့် မြန် မာစာအထူးပြု ခြောက်ဦး၊ အင်္ဂလိပ်စာအထူးပြု ကိုးဦး၊ သမိုင်းအထူးပြု ၁၇ ဦး ၊ ပထဝီအထူးပြု ခြောက်ဦး၊ စိတ်ပညာအထူးပြု ၁၈ ဦး၊ ဒဿနိက ဗေဒအထူးပြု နှစ်ဦး၊ ဥပဒေပညာအထူးပြု သုံးဦးနှင့် စီးပွားရေးပညာအထူးပြု တစ်ဦး စုစုပေါင်း ၆၄ ဦး တို့ဖြစ်သည်ဟု သိရသည်။mizzima

ဂန့်ဂေါတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ထီးလင်း တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာတောင်ဘက်တွင် စစ်တပ် စစ် ကြောင်းကို PDF တပ်များက တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YPDF တပ်ဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ မြစ်သာ တမံဆည်ပေါ်မှ ပြန်ထွက်လာသော အကြမ်းဖက်စစ်သား ၈၉ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှီရသည်။

တိုက်ပွဲဖြစ်စဉ်မှာ မြစ်သာဆည်ပေါ်မှ မင်းရွာသို့ ခြေလျင်စစ်ကြောင်း ထိုးလာ သော ခလရ ၅၀ စစ်သား အင်အား၁၂၀ခန့်ကို မင်းရွာအဝင်တွင် အသင့် စောင့် ဆိုင်းနေသော မဟာမိတ်တပ်ပေါင်းစု YDFတပ်ရင်း ၁၄ ၊ KKGတပ်ရင်း ၅ ၊ YPDF ၊ ဇိုတုန်CDF၊ နဂါးညီနောင် ပကဖ၊ အနီရောင်တိုက်ခိုက်ရေးအဖွဲ့၊ခရိုင် တပ်ရင်းတို့က မွန်းလွဲ ၂ နာရီ နာရီမှ မွန်းလွဲ ၃ နာရီအထိ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က မင်းရွာထဲ၌ တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် ပြည် သူများအနေဖြင့် ဂန့်ဂေါ- မင်းရွာလမ်းပိုင်းအား အသုံးပြုသွား လာခြင်း မပြုကြရန် PDF Gangaw တောင်ပိုင်းတပ်ဖွဲ့က မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

အလားတူ ဆောမြို့နယ်၊ သရက်ချဉ် ကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင် အား ၉၀ ခန့်ပါ ထီးလင်း မြို့မှ အကြမ်းဖက်စစ်ကြောင်းသည် သရက်ချဉ် ကျေး ရွာ တောင်ဘက် ယောချောင်းသို့ ထွက် ခွာလာပြီး စစ်သား ၂၅ ဦးမှ ရှေ့ပြေး ပွိုင့်ထွက်ခွာ အပြစ်မဲ့ဒေသပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံး ပြုထားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းတွင် နွားလှည်း ၃ စီးလည်းပါရှိလာပြီး ငလွန်း ကျေးရွာ ဘက်သို့ ဦးတည် သွားလာ နေသဖြင့် အနီးအနားကျေး ရွာနေ ပြည်သူ များအနေဖြင့် လုံခြုံဘေးကင်းရာရှောင်ရှားနေထိုင်ကြ ရန် ဒေသ သတင်းရင်း မြစ်များက အသိပေးထားသည်။ khit thit

ဆိပ်ဖြူမှာ စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်း တစ်ပြိုင်တည်းထိုးလို့ ပြည်သူ ထောင်ချီပြေးနေရပြီး PDF ရဲဘော် ၁ ဦးကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်း နှစ်ကြောင်း တစ်ပြိုင်တည်းထိုးမှုကြောင့် ကျေးရွာ ဒေသခံထောင်ချီစစ်ပြေးနေရပြီး PDF ရဲဘော် တစ်ဦးကျဆုံးခဲ့တယ်လို့ ဆိပ်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး

ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းနဲ့ ပုသိမ်-မုံရွာကားလမ်းဘက်ကို စစ်ကြောင်း နှစ်ခု တစ်ပြိုင်တည်းထိုးကာ ဝင်ရောက်နေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး အဲ့ဒီစစ်ကြောင်းကို မိုင်းထောင်ဖို့ကြိုးစားနေတဲ့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က PDF ရဲဘော်တစ်ဦး ခြေထောက်ကို ကျည်ထိမှန်ကာ သွေးထွက်လွန်သေဆုံးခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ယောချောင်းအနီးတစ်ဝိုက်က ရွာတွေကို ဖေဖော်ဝါရီလ ၂၄ ရက် မှာ စစ် ကြောင်းထိုးလာတာကြောင့် ရွာခုနစ်ရွာက အရပ်သား ငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။mizzima

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ် ကြောင်းထိုး ​နေသဖြင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင် နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့ပေါ် ရောက်ရှိလျက်ရှိသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အနောက်ဘက်ရှိ ကံသာယာ၊ ကံသစ်၊ ငှက်ပျောရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီး၊ စည်ပုတ္တရာ စသည့် ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၉၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” စစ်ခွေးတွေက ကျေးရွာ ၇ ရွာထက်မနည်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာ ပြည်သူ ၉၀၀၀ ကျော်က နီးစပ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဗအိုးကျေးရွာ အတွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးလျက်ရှိကြောင်း၊ ထို့ပြင် ယင်းစစ်ကြောင်းသည် ယမန်နေ့က ခင်ဦးမြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ မြို့ပေါ်၌ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။ khit thit

ယင်းမာပင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး အမ်ှိုက်ပုံ၌ စွန့်ပစ်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊အနောက်ဘက်အခြမ်းရှိ တာဝကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

ယင်းမာပင်မြို့၊အခြေစိုက်ရိုးမဖိုက်တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ရက်တွင် ဖမ်းဆီးသွားပြီး မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ရိုးမဖိုက်တာ၏တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

အဆိုပါရဲဘော်နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့က ဘက်ထရီအိုးသွားသယ်ဆောင်စဉ် တာဝကျေးရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ် တိုက်တိုးကာ ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။ရဲဘော်နှစ်ဦးအား လက်ချောင်း ၊ခြေချောင်းများဖြတ်၍ လည်ပင်းကို ဓားဖြင့်လှီးထားသည့် ဒဏ်ရာများဖြင့် မီးရှို့သတ်ဖြတ်ခံထားရသည်ကို ဖေဖော်ဝါရီလ ၂၄ရက်တွင် ရွာအနီးအမှိုက်ပုံ၌ တွေ့ရှိခြင်းဟု ရိုးမဖိုက်တာတပ်ရင်းမှူးကပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ (၂၄) ရက် နံနက် ၉ နာရီ ခန့်မှစတင်ကာ တာဝရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများကပြောသည်။

“ စစ်အင်အား ၁၀၀ခန့်ရှိတဲ့စစ်ကောင်စီ စစ်ကြောင်း ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရွာကို ဝင်ပြီးတပ်စွဲတယ်။ တစ်ညအိပ်ပြီး နောက်ရက်မှာ ရွာကို မီးရှို့ပြီး မြောက်ဘက်ကို ထွက်သွားတယ်။ သူတို့ ထွက်သွားတာနဲ့ ကျွန်တော်တို့ ရွာထဲကိုဝင်ပြီး မီးသတ်တာတွေ လုပ်တယ် ။ မီးလောင်အိမ်ခြေ အလုံး (၂၀) ရှိပါတယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

ဝာာဝရွာသည် အိမ်ခြေ ၆၃၀ ခန့် ရှိပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ နေအိမ် အလုံး (၂၀) မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် တာဝ၊ညောင်ကိုင်း၊ ကြာစီ၊ချင်းပုန်း၊ကပိုင်၊သီးကုန်း၊အင် ကြင်းပင်၊ ပေါက်ပန်းဖြူ၊ချောင်းကောက်၊ပန်းပထုံးရွာနှင့် ဟင်္သာကျေးရွာများမှ လူဦးရေတစ်သောင်း ကျော် စစ်ရှောင်နေရကြောင်း သိရသည်။mizzima

« Older Entries