Monthly Archives: Mar 2023

ဒိုက်ဦး၊ ခမရ ၄၄၀ တပ်ဂိတ် နှင့် ၇၂ မိုင်ဂိတ် တို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေ ဆုံး၊ လောင်းလုံး ၊ ဇလွတ်ရွာအနီး တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ မုံရွာရှိ တောပု စစ် စ ခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၄၀ ဂိတ် နှင့် ၇၂ မိုင် ဂိတ်တို့ကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံး ခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီခန့်က ဒိုက်ဦးမြိုအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ၄၄၀ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ပြီး စစ်တပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၇၂ မိုင်ဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်း အထန် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပဲခူးမြိုနယ် ပကဖ နှင့် Daik-U Defense Force (DDF) တို ပူးပေါင်းကာ နန်း ထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက် ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာအနီး ထိတွေ့ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီး အဖွဲ့ဝင် ဝင်းထွန်း ခေါ် ဝင်းသိန်းပု ကို ပစ်ခတ်ရှင်းလင်းပြီး ကျောက်နီမော် ကျေးရွာ မှ ရောက်ရှိလာသော စစ်သား၊ ပျူစောထီးများနှင့် လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဖေဖော်ဝါရီ ၂၂ ရက်နေ့ တိုက်ပွဲထဲမှာ စစ်ခွေး ၁ ကောင်သေးတယ်။ ၄ ကောင် ဒဏ်ရာရသွားတယ်။ ကျောက်နီမော်ရွာ စာသင် ကျောင်း ရောက်တော့ ဆေးကု နေရင်း ၁ ကောင်သေတယ်။ ၂၈ ရက်နေ့ပေါ့။ မနေ့က ၂ ကောင် ထပ်သေ တယ် လို့ သိရတယ်။ တိုက်ပွဲကြောင့် သေတာ အားလုံးပေါင်း ၄ ကောင်သေတယ်။ အခုလောလောဆယ် ကျောက်နီမော် ကျေးရွာကို လုံခြုံရေးတင်းကြပ် ချထား တယ်လို့ သိရတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြော ဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့ များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင် ခရိုင် တပ်ရင်း၂၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီး စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၈၀ မမ ၁၀ လုံး ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ PDF ရဲ ဘော် များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း ဓားမဆိုင်း တပ်မ တော် (D.M.S.A) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဦးဆောင်ကာ၊ Monywa Eagle Generation Y ၊ Sun King Envoy Monywa ( LPDF ) တို့ ပူးပေါင်း လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။khit thit

ရေစကြို ပခန်းငယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်က ပခန်းငယ်ရဲစခန်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင်၊ အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၃ Phoenix-ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။

ပခန်းငယ်ရဲစခန်းကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီလောက်မှာ ဆားလင်းကြီး ဒရုန်းအဖွဲ့နဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့တာလို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ ဒရုန်းတာဝန်ခံ ကိုချာလီက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အဲဒီရဲစခန်းကို ကင်းထောက်တော့ လမ်းပေါ်မှာ ၃ ယောက်လောက် ထွက်နေတာတွေ့လို့ အီနာဂါဗုံးသီး ၁ လုံး ဖြုတ်ချလိုက်တယ်။ ရဲစခန်းထဲကနေ ရှေ့ကင်းစခန်းဘက်ကို စစ်ကောင်စီတပ်သား ၁ ယောက် ထွက်လာတာ တွေ့လို့ တလုံးထပ်ချလိုက်ပြီး ရဲစခန်းအဆောက်အဦကို ၁ လုံးချပြီး တိုက်ခိုက်ခဲ့တာ။”

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ စစ်ကြောင်းတွေ ထိုးနေတာကြောင့် အတိအကျ စုံစမ်းလို့ မရသေးဘူးလို့ ကိုချာလီက ပြောပါတယ်။

“သူတို့ဘက်က ၄၀ မမလို့ ယူဆရတဲ့ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းတဲ့နေရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

အဲဒီ ပခန်းငယ်ရဲကင်းစခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ Poenix-အထူးပြောက်ကျားတပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်မှာလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။DVB

ဖားကန့်၊ မဂေါင်းတောင်ရွာတွင် အရပ်သား ၉ ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ PDFနှင့် KIA တပ်ဖွဲ့ဝင်တချို့ စစ်ဆေးခံနေရဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုရှိ မဂေါင်းတောင်ကျေးရွာ၌ဖြစ်ပွားခဲ့သော အရပ်သား ကိုးဦး အသတ်ခံရမှုနှင့်ပတ် သက်၍ ကျူးလွန်သူဟုယူဆရသည့် PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့ စစ်ဆေးခံနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်နီးစပ်သည့် မဇ္ဈိမ၏သတင်းရင်းမြစ်များထံမှ သိရသည်။

မိုးကောင်းမြို့ ပြပြောက်ကျားအဖွဲ့ (UG Black K) အဖွဲ့ဝင်အချို့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၂၀) မှတပ်သားအချို့ အပါ အဝင် စုစုပေါင်း (၂၀) ဦးကို KIO/KIA ဌာနချုပ်တွင်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကပြော သည်။

“ ဒီဖြစ်စဥ်မှာ အဓိကကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့။ အခုက ဒလန်ထင်တယ်ဆိုတဲ့ ’ထင်’ တလုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့။ ဒီကာလက ဒလန် လို့ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ် ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခုဒီဘက်က ( KIA စစ်ဌာနချုပ်) လူတွေကို ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။ ပါဝင်တဲ့သူတွေကိုလည်း ဖမ်းထားပါပြီ ” ဟု ကချင် သတင်းရင်းမြစ်ကပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့၊ ဆားမှော်၊ မိုးကောင်းမြို့၊ ဖားကန့်မြို့နှင့် နမ္မတီးမြို့တို့မှ အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး KIO ဗဟိုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စုံစမ်းစစ်‌ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

အသတ်ခံရသူများသည် ဆားမှော်၊ နမ္မတီး၊ ဗန်းမော်အစရှိသည့် နေရာဒေသအသီးသီးမှ ဖားကန့်သို့လာရောက်ခဲ့ကြသူများဖြစ်သည်။ဇန်နဝါ ရီလ ၂၄ ရက်နေ့က ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ ဦးကျော်စိုး (မိုးကောင်းမြို့နေ) ပိုင်ဆိုင်သော လဝါးကျေးရွာရှိ စိုက်ပျိုးရေးခြံသို့သွား၍ ငါးဖမ်းထွက်ကြစဉ် ယင်းနေ့၌ပင် ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။

၎င်းတို့ဖမ်းဆီးခံရပြီး တလခန့်အကြာ ဖေဖော်ဝါရီ ၂၅ ရက်၌ သွားရောက်စုံစမ်းစစ်ဆေးစဉ် လဝါးကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် ခုနှစ်ပေခန့်ကျယ်ဝန်းသော ကျင်းတခုအတွင်း ခုနှစ်ဦး၏အလာင်းနှင့် အခြားကျင်းတခုတွင် နှစ်ဦး၏ အလောင်းကို မြှုပ်နှံထားသည်ကိုတွေ့ရကြောင်း မဇ္ဈိ မ၏ သတင်းရင်းမြစ်ကပြောသည်။

“ အသတ်ခံရတဲ့ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေပြန်ထုတ်ပြီး ကျနော်တို့မီးသင်္ဂြိုဟ် လိုက်ပါပြီ။ ကောင်းကောင်း ပြန်ပြီးမြုပ်ပေး လိုက်တာပေါ့။ အလောင်းတွေကိုက ရွာ(လဝါးရွာ)ရဲ့ ချောင်ကျတဲ့ နေရာမှာ မြုပ်ထားတာ ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနှစ်ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန်နှစ်ဦးကို နောက်တနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။

၎င်းတို့သတ်ဖြတ်ခံရအပြီး သုံးရက်အကြာတွင် မိုးကောင်းမြို့ပြပြောက်ကျား (UG Black K) အဖွဲ့က “ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့အပေါင်းအပါ (၉) ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး‌၊ ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒို ထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်” ဟု ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် မိုးကောင်းမြို့ပြ ပြောက်ကျား (UG Black K) အဖွဲ့မှ အဆိုပါထုတ်ပြန်ချက်ကို ပြန်လည်ဖျက်ခဲ့သည့်အပြင် ယင်အဖွဲ့မှတပ်သားအချို့လည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ဦးဂျန်မောလဆိုသူသည်လည်း ၎င်း၏လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကာ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာလူကြီးများမှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မဇ္ဈိမအနေဖြင့် ဦးဂျန်မောလနှင့်ပတ်သက်သည့် ကိစ္စရပ်အသေးစိတ်ကို မသိရှိရသေးဘဲ မေးမြန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။

သေဆုံးခဲ့သူများမှာ ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံနှင့် ဦးဖိုးလေး၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ် ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၈) နှစ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်နှင့် ဒေါ်ဖောင်မားခေါန်ဘူ၊ အ သက် (၄၉) နှစ်ခန့်အရွယ် ဦးကျော်စိုးတို့ဖြစ်ကြောင်း သိရသည်။

ရှမ်းနီပြည်သူ့စစ်ခေါင်ဆောင်ဟု အမည်ထွက်နေသည့် ဦးကျော်စိုးဆိုသူကို KIA ၊ PDF ပူးပေါင်းတပ်များမှ သွားရောက်ဖမ်းခေါ်ချိန် အတူရှိနေကြသည့်အတွက် ယခုကဲ့သို့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း လဝါးကျေးရွာမှ သတင်းရင်းမြစ်ကသုံးသပ်သည်။

ဦးကျော်စိုးသည် ရှမ်းနီတိုင်းရင်းသားဖြစ်ကြောင်းနှင့် ဌာနေရှမ်းပြည်သူ့စစ်သင်တန်းတက်ခဲ့ဖူးသူဖြစ်ကာ လက်ရှိတွင် လဝါးကျေးရွာဘက်၌ ခြံလုပ်နေသည်မှာ နှစ် နှစ်ကျော်ခန့်ရှိပြီဟု လဝါးကျေးရွာမှ နောက်ထပ်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဦးကျော်စိုး၏မိသားစုနှင့် နီးစပ်သူတစ်ဦးကမူ” သေဆုံးသူ ဦးကျော်စိုးဟာ ပြည်သူ့စစ် စစ်သားဖြစ်တယ်ဆိုတာ မမှန်ကန်ဘဲ လိမ်ညာစွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်” ဟု ဆိုသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် လဝါးကျေးရွာလမ်းပိုင်းတွင် စစ်ကောင်စီ၊ရှမ်းနီ(SNA)ပူးပေါင်းတပ်ဖွဲ့နှင့် KIA၊PDFပူးပေါင်းတပ်ဖွဲ့တို့ မကြာ ခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အဆိုပါလမ်းပိုင်းကို ခြေကုပ်ယူနိုင်ရန်လည်း နှစ်ဖက်အားပြိုင်မှုများ ရှိနေသည်။

အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ Mizzima အနေဖြင့် UG Black K အဖွဲ့ထံ မေးမြန်းရန်ကြိုးပမ်းနေပြီး အဆက်အသွယ်မရသေးပေ။ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ မတ်လ(၁)ရက်ည ၇နာရီ ၂၁မိနစ်က ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဆောင်သူက ဗိုလ်မှူးကြီးနော်ဘူ အစည်းအဝေးလုပ်နေ၍ လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။ mizzima

ချောက်မြို့ရှိ စစ်ကြောရေးတပ်ကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ ခင်ဦးတွင် မိုင်းရှင်းလင်းသည့် စစ်ကြောင်း မိုင်းကွဲ၍ စစ်သား ၅ ဦးသေဆုံး

မကွေးတိုင်း၊ချောက်မြို့၊ အမှတ် ၁၄ နယ်မြေ၊ ဗိုလ်အိမ်ကုန်းရပ်ကွက်ရှိ စစ်ကြောရေးတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chauk Guerilla Force မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်က အပြစ်မဲ့ပြည်သူလူထုကို သံသယဖြင့် အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်နေသော စစ်ကြောရေးတပ်ဝင်း၀ရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးကို ရှေ့တည့်တည့်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရှေ့တည့်တည့်ကနေ ဆော်ခဲ့တာဗျ။ အလင်းရောင်အောက်မှာ မတ်တပ်ရပ် ကင်းစောင့်နေတဲ့ ၃ ကောင် ထဲက နှစ်ကောင်သေတယ်၊ ကျနော်တို့ပစ်တဲ့အချိန်မှာ တစ်ကောင်လဲကျသွားတာ မျက်မြင်ပါ၊ နှစ်ကောင် သေတယ်ဆိုတာက စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရတာ၊ အတိအကျသေတာနှစ်ကောင်ပါ ဗျ” ဟု Chauk Guerilla Force မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့၊ ချောက်( ပကဖ ) အဖွဲ့၊ Hunter Dragon Group. KF People Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူ များအနေဖြင့် ကြောက်ရွံ့စိတ်ကင်းမဲ့ကာ အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းက ယာတော်ကျေးရွာနှင့် မန်ကျီးအုပ်ကျေးရွာကြားတွင် ခင်ဦး M.R.D.A တပ်ခွဲ ဖြစ်သော Spring Special Task Force ( S.S.T.F) က ဆင်ထားသော မိုင်းပွိင့်ကို ဖြုတ်ရန်ကြိုးစားခဲ့စဥ် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း Spring Special Task Force ( S.S.T.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရေဦးမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းမှုများလုပ်ခဲ့ပြီး ရေဦးမြိုပေါ်မှ ကား ၃ စီးကလည်း ရွာသစ်ကုန်းဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။khit thit

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းနေအိမ် ဗုံးပေါက်

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လေးမှာရှိတဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဗုံးပေါက်ကွဲသံကြားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှာဖွေကယ်ဆယ်ရေးယာဥ်တွေ ရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူ့အိမ်က မြစ်ငယ်လမ်းနဲ့ စန္ဒီလမ်းထောင့်မှာရှိတာ၊ စစ်တပ်က အများကြီးရောက်လာတာ၊ သေတာ ဒဏ်ရာရတာ မရှိဘူး၊ အဆောက်အဦတော့ ပျက်စီးသွားတယ်။”

ဗုံးပေါက်ကွဲတဲ့အချိန် ဦးမြငြိမ်း နေအိမ်မှာမရှိဘဲ ခရီးထွက်နေပြီး ခြံစောင့်လင်မယားကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြငြိမ်းရဲ့နေအိမ် ဖြစ်ပါတယ်။

ဦးမြငြိမ်းဟာ ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှုဆောင်လည်းဖြစ်ခဲ့ဖူးပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလက “ရန်ကုန်တိုင်းမှာ အစိမ်းရောင်ပဲလွှမ်းရမယ်။ အနီရောင်လွှမ်းလို့မရဘူး။ အနီရောင်က ဘာလဲသိချင်ရင် အာဇာနည်ကုန်းမှာ သွားကြည့်။ အာဇာနည်ကုန်းဗုံးကွဲတော့ဘာဖြစ်လဲ အနီရောင် အကုန်လွှမ်းကုန် တာပေါ့။ အဲဒီတေ့ာရန်ကုန်မှာ အစိမ်းရောင်ပဲ လွှမ်းမိုးရမယ်”လို့ပြောဆိုမဲဆွယ်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲတာတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။ DVB

ဒူးရင်းဆိပ်တံတား လုံခြုံရေးတပ်ဖွဲ့နှင့် ခလရ (၂၄) တို့အား KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု ဒူးရင်းဆိပ်တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော နေရာနှင့် သထုံအ ခြေစိုက် ခလရ (၂၄)တို့အား ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း(Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်း သိရ သည်။

နှစ်နေရာလုံးအား KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တံတားထိပ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးယူထားသော ဘန်ကာအနီးသို့ ကျရောက်ခဲ့ကာ အထိခိုက်၊ အကျအဆုံးအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

“တိုက်ခိုက်ခံရတဲ့တံတားက မွန်နဲ့ကရင်ပြည်နယ် ဆက်ထားတဲ့တံတားပါ။ ဒရုန်းနဲ့တိုက်ခိုက်တာဆိုတော့ အထိအခိုက်တော့ အတိအကျမသိရသေးဘူးဗျ။ စစ်ဆင်ရေးပြီးတော့ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ပြန်ပစ်တာရှိတယ်။ ပြီးတော့ တံတားကိုခဏပိတ်ထားတယ်”ဟု သထုံမြို့နယ်မှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဒူးရင်းဆိပ်တံတားသည် မွန်ပြည်နယ် သထုံမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အား ဆက်သွယ်ထား သောတံတားဖြစ်ပြီး တံတားအစွန်းနှစ်ဖက်လုံးတွင် စစ်ကောင်စီတပ်မှဂိတ်ချကာ လုံခြုံရေးယူထားပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရအပြီးတွင် တံတားအား အသွားအလာခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာသို့ပစ်ခတ်ခဲ့ပြီး၊ သထုံအခြေစိုက် ခလရ(၂၄)အတွင်း ဗုံးသီးချတိုက် ခိုက်ခံရမှုကြောင့် တပ်အတွင်းမှ လက်နက်ကြီးများဖြင့် သထုံမြို့နယ်၊ ကျုံမှိန်ရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

“ကျုံမှိန်ကနေ ဒရုန်းလွှတ်ပြီး လာတိုက်တယ်လို့ထင်လို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ အသံတွေဆိုတာ အကျယ်ကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင် KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သထုံမြို့နယ် ဆူးအင်းကျေးရွာရှိ မိုင်တဲ (MYTEL) တာဝါတိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းလည်း သိရ သည်။mizzima

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော်ထွက်ပြေး တိမ်းရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ထွက် ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာနှင့် ဆင်ဆိပ်ရွာ အပါအဝင် ကျေးရွာ ၁၅ ရွာကို ဝင်ရောက် စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” မုန်းမြို့နယ်ထဲကို စစ်ခွေးတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာ ကျေးရွာ ၁၅ ရွာက ပြည်သူ တစ်သိန်းလောက် ထွက် ပြေး တိမ်းရှောင်နေရတယ်။ ညောင်ပင်သာရွာ တစ်ရွာတည်းမှာ အိမ်ခြေပေါင်း ၁၂၀၀ ကေျာ်နဲ့ လူဦးရေ ၅ထောင်လောက်ရှိတယ်။ ထိတွေ့ တိုက်ပွဲ ဖြစ်တာတွေလည်းရှိတယ်။ ညောင်ပင်သာရွာနားမှာ တိုက်ပွဲဖြစ်ပြီး နေအိမ် တွေ မီးလောင်ထားတယ်။ ၄ လုံးလောက်ရှိမယ်။ အရေအ တွက် အတိအကျတော့ မသိနိုင်သေးဘူး။ စစ်ခွေးတွေက ကျေးရွာ စာသင်ကျောင်းနားမှာ တပ်စွဲထားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ညောင်ပင်ကျေးရွာ အထက ကျောင်းနှင့် ကျောင်းအနီးအနားရှိ နေအိမ်များ၌ တပ်စွဲထားကြောင်း သိရသည်။khit thit

ပုဂ္ဂလိကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု သင်ကြားပါက အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား

မြန်မာပြည်တွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ရုံးစာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ ညွှန်ကြားခဲ့တဲ့အကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးက လက်အောက်ခံ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးတွေ အားလုံးကို လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထည့်သွင်း ရေးသားထားပါတယ်။

ဒီရုံးစာရဲ့ စစ်မှန်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပညာရေးဌာနထံ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီညွန်ကြားချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “ဒါက သူ့ဆရာကြီး ဦးနေဝင်းလုပ်ခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာမျိုးပဲ သူလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလုပ်ဖို့ ကြိုးစားနေတာပါ။ သူကသာ ခွဲပြောနေတာ၊ တကယ်တော့ ဒီမိုကရေစီမှာက ရှင်းပါတယ်။ ပြည်သူရွေးချယ်တဲ့လူ အုပ်ချုပ်တဲ့စနစ်ပါပဲ။ ပါးစပ်က ဘယ်လို ဒီမိုကရေစီပဲပြောပြော အာဏာရှင်ဆန်ဆန် ပုံစံကိုပဲ သွားနေတာပါ။ ပြည်သူတွေပြောတဲ့ မင်းအောင်လှိုင်နိုင်ရင် မြောက်ကိုရီးယားလိုဖြစ်သွားမှာဆိုတဲ့စကားက တကယ်မှန်လာပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် CDM ကျောင်းသားတဦးရဲ့ မိဘကလည်း “ကျမတို့က ကျောင်း မထားတဲ့အတွက် အဲဒါတွေ စိတ်မပူဘူး။ CDM မလုပ်တဲ့သူတွေသာ ဦးနှောက်အဖျက်ခံရဦးမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုလို လူငယ်ပိုင်းတွေကို ဒီမိုကရေစီနဲ့ပတ်သက်လို့ နားလည်မှုလွဲအောင်၊ အသိဉာဏ် ဖျက်ဆီးနေတာဟာ သူတို့ရဲ့ အာဏာတည်တံ့မှုကို အရှည်ကြာဆုံး ရယူထားနိုင်ဖို့ ကြိုးစားနေတဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ ရန်ကုန် CDM ဆရာအသိုင်းအဝိုင်းမှ ဆရာတဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ  မြန်မာပြည်တွင်း ဒေသတချို့ကိုခရီးလှည့်ပြီး တွေ့ဆုံပွဲတွေကျင်းပကာ ယခင် အစိုးရ စီမံအုပ်ချုပ်မှု မကောင်းကြောင်းတွေလည်း ဝေဖန်ပြောကြားနေတာဖြစ်ပါတယ်။DVB

« Older Entries