လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ




khit thit
khit thit
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှကျေးရွာများတွင် ပျူစောထီးအဖွဲ့ဝင်များက “ရပ်ရွာလုံခြုံ ရေး”ဟု အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ ဆက်ကြေးကောက်ခံမှုပိုများလာနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ရှိကျေးရွာများတွင် ဒေသခံများထံမှ လစဉ် တစ်အိမ်ထောင်လျှင် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ် အထိ ကောက်ခံနေသည်ဟု ဒေသခံ သတင်း အရင်းမြစ်များထံမှ သိရသည်။
“ပေးနေရတာကတော့ ကြာပြီး တစ်လ ၅,၀၀၀ ပေးရတယ်၊ မပေးရင် ခြိမ်းခြောက်ခံရတာမျိုးရှိတယ်”ဟု ကျွန်းစုမြို့နယ် မိုင်းသွေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ယခုကဲ့သို့ ဆက်ကြေးကောက်ခံမှုသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစော ထီးအဖွဲ့ အင်အားကောင်းသည့်ကျေးရွာများမှ “ပြည်သူ့ လုံခြုံရေး အတွက်”ဟု ဆိုကာ တစ်အိမ်ထောင်ကို တစ်လလျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ကောက်ခံနေခြင်း ဖြစ်သည်။
“သူတို့ ကောက်တဲ့ ဆက်ကြေးတွေကို ညဖက် ကင်းတဲတွေမှာ အရက်ဝိုင်းထောင် သောက်စားမူးယစ်တာ တွေလုပ်တာများတယ်၊ နောက်ပြီး မိသားစုဝင်တွေအတွက် အိမ်သုံးစရိတ်တွေလည်း သူတို့သုံးတယ်” ဟု ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာမှဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။
အလားတူ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းဒေသများတွင် ဒေသခံ ငါးဖမ်းလှေများနှင့် ခရီးသည်တင် စက်လှေများကိုလည်း ပျူစောထီးအဖွဲ့က ဂိတ်ချကာ တားဆီးစစ်ဆေးမှုများရှိနေပြီး ဂိတ်များ၌ ကမ်း မကပ်သော စက်လှေများကို သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်းလည်း မြိတ် ဒေသခံ များက ပြောသည်။mizzima
အကြမ်းဖက် စစ်တပ်က CDM သူနာပြု ဆရာမ ၂ ဦးကို ရက်ရက်စက် သတ် ဖြတ် ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေကာ CDM ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကျန်း မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်သည် ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာတိုက်နယ်ဆေးရုံမှ CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို ဖမ်းဆီးနှိပ်စက် ၍ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းနှင့် ချင်းပြည်နယ် ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက် တန်း သူနာပြု ဆရာမ ဒေါ်သဲသဲဝင်းကို ဖမ်းဆီးသတ် ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာနမှ မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာတိုက်နယ်ဆေးရုံ၏ CDM သူနာပြုဆရာမဖြစ်သူ ဒေါ်မေဇွန်မိုးသည် တောထဲတစ်နေရာတွင် မွေး လူ နာကုပေးပြီး အုတ်ဖိုမြို့ထဲသို့ ပြန်လာစဉ် အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်၏ ခ မ ရ (၆) စစ်ဆေးရေးဂိတ်တွင် PDF ရဲဘော် နှစ်ဦးနှင့်အတူ စစ်ဆေးခံရရာ အကြမ်းဖက်စစ်သားများက PDF ရဲဘော် နှစ်ဦးကို နေရာတွင် ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သူနာပြုဆရာမမှာ ထွက်ပြေးပုန်းအောင်းခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က ဖမ်းမိသွားခဲ့ကာ စစ်ကြောရေးတွင် နှိပ်စက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီး၌ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကို မုဒိမ်းကျင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှ CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကို ၎င်း၏ ဇာတိရွာဖြစ်သည့် ကသာမြို့နယ် မိုးဒါးကြီးကျေးရွာတွင် နေထိုင်စဉ် အကြမ်းဖက်စစ်တပ်မှ ရွာသို့ စစ်ကြောင်းထိုးလာပြီး သူနာပြုဆရာမကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်း ဆီးခဲ့ကာ ဖေဖော်ဝါရီ ၂ ၁ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အကြမ်းဖက်စစ်တပ်သည် စစ်အာဏာသိမ်းချိန်မှစ၍ ၂ နှစ်တာကာလအတွင်း ဆေးရုံ/ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၉၀၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၇၈၀ ဦးကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ခြင်းသည်ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပ ဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းကြောင်း NUG က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြု၍ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင် ရွက်ကြပါရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။khit thit
မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့နဲ့ တရားမျှတမှုရရှိစေရေး ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကနေ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ကို မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၆၀ က အိတ်ဖွင့်ပေးစာ ပို့ပြီး တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးရမယ့် အရေးကြီး အစီအစဉ် တခုအဖြစ် အသိအမှတ်ပြုတဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့ UNHRC ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ဒါဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေရဲ့ ပြင်းထန်ဆိုးရွားတာကို လုံလုံလောက်လောက် မထင်ဟပ်တာ၊ မဖြေရှင်းနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
UNHRC အနေနဲ့ လာမယ့် ၅၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သူတို့ရဲ့ စိတ်ဆန္ဒကို ထင် ဟပ်တဲ့၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ယန္တရားတွေနဲ့ လမ်းကြောင်းအားလုံးကို ရှာဖွေဖို့ အနှစ်သာရရှိပြီး ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ မှန်ကန်အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်ပေမယ့် IIMM ဟာ တရားစွဲဆိုဖို့ လုပ်ပိုင်ခွင့်အာဏာ မရှိသလို လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအားလုံးအပေါ် စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာတရားရုံး တရုံးတောင်မှ မရှိသေးဘူးလို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအရေးအတွက် အနှစ်သာရမရှိတဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာကိုလည်း အင်မတန်စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။
UNHRC ဟာ အထောက်အထားစုဆောင်းရုံသက်သက်ထက်ကျော်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကို မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC ဒါမှမဟုတ် သူတို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ အထူးခုံရုံးတခုဆီ လွှဲပေးဖို့အတွက် တောင်းဆိုပေးဖို့လည်း အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။
၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ်ထဲမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ICC ရဲ့ တရားစီရင်မှုကိုခံယူမယ် ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။
နောက်ဆုံးအချက်အနေနဲ့ အာဂျင်တီးနား၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ တူရကီနိုင်ငံတို့မှာ လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံတကာတရားစီရင်ခွင့်အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ၊ အေဂျင်စီတွေနဲ့ ယန္တရားတွေကို ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ နည်းပညာအရ ထောက်ပံ့ကူညီဖို့ UNHRC အနေနဲ့ အကြံပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။DVB
ကရင်ပြည်နယ်၊ သံတောင်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသောဘိုတဲကုန်းကျေးရွာသို့ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်း ထိုး ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီမှစ၍ ဘိုတဲကုန်းကျေးရွာသို့ ငွေတောင်းကြီး- ကျွဲဖြူတောင်လမ်းမှ တစ် ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နံနက် ၁၀ နာရီအထိ ပစ် ခတ်နေဆဲဖြစ်ကာ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“မီးရှို့ခံလိုက်ရတဲ့အိမ်က အရင်က ခရစ်ယာန်သင်းအုပ် သိက္ခာတော်ရဆရာတော်ရဲ့ အိမ်ပါ။ တောပြာ ကလေးရွာနဲ့နီးတော့ PDF တွေကို အိမ်မှာတည်းခိုခွင့်ပေးတယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ လိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ထားကြောင်း သိရသည်။
“ကလေးက ၈ နှစ်ဝန်းကျင်အရွယ်။ ရွာမှာ ကြက်ခြေနီတစ်ယောက်ရှိတော့ သူကကူညီပေးနေပါတယ်” ဟု သံတောင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် PDF များအား အကူအညီပြုနေသည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးအား ဖမ်းဆီးသွားပြီး ဆိုင်ကယ်လေးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဖမ်းခံရသူများသည် PDF များအား အကြိုအပို့လုပ်ခြင်း၊ PDF များအား နေထိုင်ခွင့်ပြုခြင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
“ဆိုင်ကယ်တွေက PDF တွေကို အကြိုအပို့လုပ်တဲ့ဆိုင်ကယ်တွေဆိုပြီး မီးပုံရှို့လိုက်တာ လေးစီးပါ။ ဖမ်း ခံရတဲ့သူတွေကိုလည်း PDF တွေနဲ့ သက်ဆိုင်တယ်ဆိုပြီး ဖမ်းတာ၊ တစ်ယောက်တော့ ပြန်လွတ်လာပြီ”ဟု သတင်းအရင်းအမြစ်က ဆိုသည်။
ယခုအချိန်ထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားအချို့ ဘိုတဲကုန်းကျေးရွာအတွင်းရှိနေသေး ပြီး အချို့မှာ သံတောင်မြို့ ၁၃ မိုင်၊ စိုက်ပျိူးရေးခြံသွားလမ်း၊ ဒေမူးလောလမ်း နှင့် ကျွဲဖြူတော်ရွာပြန်လမ်း စသည့်နေရာများတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်လျက်ရှိကြကြောင်း သိရသည်။ mizzima
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမေရေယာဥ် နတ်နန်း အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကုန်းရွာနှင့် စားတော်ပြင်ရွာ အကြားရှိ အမေရေယာဥ်နတ်နန်း အနီး နေရာယူကာ တိုက်ခိုက်ခဲ့ပြီး အချိန် ၂ နာရီခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦး ထိခိုက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးသောကြောင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ ရဲဘော် ၁ ဦး အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ ULF (မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်များဖြစ်ကြသော DBTF၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊ရိုးမဖိုက်တာတပ်ရင်း(ဗိုလ်မုတ်ဆိတ်တပ်ခွဲ)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်းတိုက်ဂါးForce၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ B 21 (PDF)၊ MRDA တပ်ရင်း (Double K) မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF မှ တာ ဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit
စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်ပို့ရောင်းချသယ်ယူပေးနေတဲ့ ကုမ္ပဏီတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ Global Witness အဖွဲ့တို့က မေလ ၁ ရက်နေ့မှာ ပူး ပေါင်းတောင်းဆိုလိုက်ပါတယ်။
ပြည်သူတွေကို လေကြောင်းကနေဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေပြီး မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်ပို့နေတဲ့ကွင်းဆက်ထဲမှာ ပါဝင်နေတဲ့ကုမ္ပဏီတွေ စစ်ဆေးစုံစမ်းအတည်ပြု ဖော်ထုတ်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
လတ်တလော လေယာဉ်ဆီတင်ပို့မှုတစ်ခုမှာဆိုရင် အိန္ဒိယနိုင်ငံ ဆစ်ကာဆိပ်ကမ်းကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘော Prime V ဟာ ဒီဇင်ဘာလ ၁၀ ရက် ဝန်းကျင်မှာ မြန်မာနိုင်ငံသီလဝါမှာတည်ရှိတဲ့ Puma Energy လေယာဉ်ဆီလုပ်ငန်းပိုင် သင်္ဘောဆိပ်မှာ Jet A-1 အဆင့်ရှိ လေယာဉ်ဆီတွေ ချထားခဲ့ပါတယ်။
Prime V သင်္ဘောထွက်ခွာခဲ့တဲ့ အိန္ဒိယနိုင်ငံက အဲဒီဆိပ်ကမ်းဟာ အိန္ဒိယအခြေစိုက် Reliance Industries ကုမ္ပဏီပိုင်တဲ့ ဆိပ်ကမ်းဖြစ်ပြီး Prime V သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီကတော့ ဂရိအခြေစိုက် Sea Trade Marine ကုမ္ပဏီဖြစ်ကာ Prime V ရဲ့ သင်္ဘောနဲ့ ရေလမ်းခရီးလုပ်ငန်းဆိုင်ရာ (P&I) အာမခံကိုတော့ Japan P&I Club မှာ ထားရှိထားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆက်သွယ်မေးမြန်းရာ Prime V ကို အာမခံပေးချိန်မှာ အဲဒီအချိန်က ဒဏ်ခတ်ပိတ်ဆို့မှုစည်းကမ်းတွေကို လိုက်နာခဲ့ကြောင်း၊ တကယ်လို့ သင်္ဘောရဲ့ လုပ်ငန်းစဉ်တွေမှာ ဥပဒေနဲ့ မညီညွတ်တာတွေ ပါလာခဲ့ရင် အာမခံပေးထားတာကို ရပ်ဆိုင်းလိုက်မှာဖြစ်ကြောင်း၊ ဒီပို့ဆောင်မှုမှာလည်း Prime V ဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ မတွေ့ရကြောင်း Japan P&I Club က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဥပဒေနဲ့ မညီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဆီမှာ လမ်းဆုံးသွားတယ်လို့ ယူဆရတဲ့ လေယာဉ်ဆီ သယ်ယူပို့ဆောင်မှုတွေကို ခြေရာခံနိုင်ခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရတယ်။ လေယာဉ်ဆီမရှိရင်တော့ လေယာဉ်တွေက ပျံသန်းနိုင်မှာ မဟုတ်ဘူးလို့ AI အဖွဲ့က ပြောပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေ ရှိနေလို့သာ သူတို့က ဒီရာဇဝတ်မှုတွေကို ကျူးလွန်နိုင်နေတာဖြစ်ပြီး လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေကို ရပ်တန့်ဖို့လိုပါတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ သုတေသီလည်းဖြစ် စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးလည်းဖြစ်တဲ့ မွန်ဆေဖယ်ရာက ပြောပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပါဝင်ကူညီခဲ့တဲ့ Global Witness အဖွဲ့မှ အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ဟန်နာဟင်းစထရွမ်းကလည်း “အကျိုးအမြတ်ထက် လူသားတွေရဲ့ ဘဝတွေကို အလေးထားပြီး လေယာဉ်ဆီတင်ပို့ထောက်ပံ့ရင်းနဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို ကူညီနေတာတွေရပ်တန့်ပေးကြပါလို့ ဒီကုန်သွယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့သူတိုင်းကို ကျတို့ တိုက်တွန်းပါတယ်။ နောက်ထပ် နိုင်ငံတွေကလည်း လေယာဉ်ဆီသယ်ယူပို့ဆောင်မှုတွေကို တားမြစ်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းတာတွေ စည်းကမ်းတင်းကျပ်ထိန်းသိမ်းတာတွေ ဆောင်ရွက်ကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အတည်ပြုထုတ်ပြန်ခဲ့တဲ့ Puma Energy လောင်စာဆီကုမ္ပဏီဟာ မြန်မာနိုင်ငံက သူပိုင်လေယာဉ်ဆီလုပ်ငန်းတွေကို မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခုကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တာဟာ ပြဿနာရှိပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းအဖွဲ့ဟာ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ မွန်ဆေဖယ်ရာက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလမှာ မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတင်ပို့မှုတစ်ခုရှိခဲ့ပြီး အဲဒီ တင်ပို့မှုမှာတော့ ဘန်ကောက်မှာရှိတဲ့ ဘန်ချက်ရေနံသန့်စင်ဆိပ်ကမ်းကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ထွက်ခွာသွားတဲ့ လူဇန်ဘာ့ဂ် အခြေစိုက် ကုမ္ပဏီပိုင် Big Sea 104 သင်္ဘာဟာ နောက်ထပ် ရက်သတ္တပတ်ခန့်အကြာမှာ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး Jet A-1 အဆင့် လေယာဉ်ဆီ တန်ပေါင်း ၁၂၅၉၂ တန်ကို ချ ထားခဲ့ကြောင်း လူသုံးကုန်အချက်အလက်ကုမ္ပဏီ ကပလာ (Kpler) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Big Sea 104 ထွက်ခွာလာခဲ့တဲ့ အဲဒီရေနံသန့်စင်ဆိပ်ကမ်းကို ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ Bangchak Corporation Plc က ပိုင်ဆိုင်တာဖြစ်ပါတယ်။ Big Sea 104 ရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကိုတော့ နောက်ထပ် ထိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Prima Marine Plc က ပိုင်ဆိုင်တာဖြစ်ပါတယ်။
Big Sea 104 ရဲ့ သင်္ဘောနဲ့ ရေလမ်းခရီးလုပ်ငန်းဆိုင်ရာ (P&I) အာမခံကိုတော့ လူဇန်ဘာ့ဂ်အခြေစိုက် The Shipowners’ P&I Club က ပေးထားတာဖြစ်ပြီး ဒီကိစ္စ အေအိုင်အဖွဲ့က စာနဲ့ဆက်သွယ် မေးမြန်းတာကို အဲဒီကုမ္ပဏီတွေ အားလုံးက ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
အဲဒီ လေယာဉ်ဆီသယ်ဆောင်လာတဲ့ သင်္ဘောနှစ်စီး မြန်မာနိုင်ငံကိုရောက်လာတဲ့အချိန်ဟာ Puma Energy ရဲ့ မြန်မာရုံးခွဲက အဲဒီဆိပ်ကမ်းကို ထိန်းချုပ်ထားဆဲကာလ ဖြစ်ပါတယ်။ Puma Energy ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံကလေယာဉ်ဆီလုပ်ငန်းကို Shoon Energy က ၂၀၂၂ ခုနှစ် ဒီဇင် ဘာလအတွင်းမှာမှ အပြီးသတ်ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Shoon Energy ဟာ မြန်မာ့စီပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Asia Sun ရဲ့ လုပ်ငန်းခွဲတစ်ခုသာဖြစ်ပြီး Asis Sun ဟာ မြန်မာစစ်တပ်ကိုယ်စား လေယာဉ်ဆီတွေ ဝယ်ယူတင်သွင်းပြီး လေတပ်စခန်းတွေရှိရာကို ပြန်လည်ဖြန့်ဖြူးပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Puma Energy ထွက်ခွာသွားပြီးနောက် သီလဝါ ဆိပ်ကမ်းက လေယာဉ်ဆီအဓိကတင်သွင်းတဲ့ ဆိပ်ကမ်းကို Asia Sun အဖွဲ့ကပဲ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE)နဲ့ ပူးပေါင်းကာ ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။
မြန်မာ့လေတပ်စခန်းတွေမှာ လေယာဉ်ဆီရရှိရေး ထောက်ပံ့ကူညီဆောင်ရွက်ပေးနေတဲ့ Asia Sun အုပ်စုထဲက ကုမ္ပဏီတွေနဲ့ လူတွေကို ပြီးခဲ့တဲ့ လကပဲ ယူကေနဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်မီတည်းက Asia Sun က သူ့ရဲ့ ကုမ္ပဏီအချို့ကို Shoon လို့ အမည်ပြောင်းထားခဲ့ပြီးဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ငန်းတွေကို ရောင်းချခဲ့စဉ်က မြန်မာနိုင်ငံက ဝယ်ယူမယ့် ကုမ္ပဏီဟာ သူတို့ဝယ်ယူမယ့် လုပ်ငန်းတွေကို လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့အညီ ဆောင်ရွက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်လို့ Puma Energy က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ Shoon Energy နဲ့ မြန်မာစစ်တပ်ရဲ့ နီးကပ်တဲ့ဆက်ဆံရေးကိုကြည့်ရင် Puma Energy ရဲ့ ထုတ်ပြန်ချက်ဟာ အဓိပ္ပါယ်မရှိပါဘူးလို့ မွန်ဆေဖယ်ရာကပြောပါတယ်။
မြန်မာစစ်တပ်ကဥပဒေနဲ့ မညီတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်အောင် အဲဒီကုမ္ပဏီတွေက ကူညီနေကြတာကို ရပ်တန့်နိုင်ဖို့နဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့နေတဲ့ လုပ်ငန်းကွင်းဆက်ထဲကနေ ကုမ္ပဏီတွေအားလုံးထွက်ကြဖို့လိုတယ်လို့ မွန်ဆေဖယ်ရာ က ပြောပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီပေးရာရောက်မှန်း သိနေကြပေမဲ့ ကုမ္ပဏီတွေက လေယာဉ်ဆီဆက်လက်တင်ပို့ရောင်းချနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီကိစ္စမှာ ဝိုင်းဝန်းတားမြစ်ပေးကြဖို့လိုတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရောင်ချခြင်းနဲ့ ပို့ဆောင်ခြင်းတွေတားမြစ်ရပ်တန့်ဖို့အတွက် အာမခံလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ သင်္ဘောလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ခြင်းတို့လို ကြားခံဝန်ဆောင်မှုတွေဆောင်ရွက်နိုင်ခြင်းမရှိအောင်လည်း တားမြစ်ကြဖို့လိုတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က အရပ်သားတွေ အပေါ်အကြမ်းဖက်နေတာတွေ ရပ်တန့်နိုင်ရေးအတွက် ကျမတို့ တတ်နိုင်တာကို ဆောင်ရွက်ကြဖို့လိုပါတယ်လို့ ဟန်နာဟင်းစထရွမ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်တုန်းကလည်း မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချနေတဲ့ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ အကြောင်းကို သေမင်းတမန်ပို့ဆောင်ရေး (Deadly Cargo) အမည်နဲ့ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ သူ့ကိုဆန့်ကျင်လာတဲ့သူမှန်သမျှကို ရက်ရက် စက်စက်ဖိနှပ်အကြမ်းဖက်သတ်ဖြတ်နေပြီး အရပ်သားတွေကိုလည်း မြေပြင်ကရော လေကြောင်းကပါတိုက်ခိုက်နေတာဖြစ်ပါတယ်။
Myanmar Institute for Peace and Security (MIPS) ရဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်အတွင်း လေကြောင်းတိုက် ခိုက်မှု ၁၀၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ၂၄၃ ကြိမ်ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။DVB
khit thit
စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF တပ်ဖွဲ့များသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
” အမျိုးသားညီညွတ်ရေးအစိုးရနဲ့PDF တပ်မတော်ရဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပါဝင်မှုဟာလည်း ပိုပြီး အားကောင်းလာတဲ့အတွက် မကြာခင်မှာ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ပြည်သူကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာရှာမရနိုင်ဘူး ဆိုတာ သူတို့သိစေရမယ်” ဟု ဦးရည်မွန်က ပြောသည်။
ဖေဖော်ဝါရီ တစ်လအတွင်း စစ်တိုင်းနှင့် စစ်ဒေသ သုံးခုလုံးတွင် တနိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက်တည်း ဟန္ခ်က္ညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ တိုက်ပွဲဖော်ဆောင်ခဲ့သည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။
“တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကိုတော့ ၂၄ နာရီအတွင်း တပြိုင်တည်း ဟန္ခ်က္ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။ ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း နှစ်ခုနဲ့ ရဟတ်ယာဉ်ကွင်း တစ်ခု၊ ကပစစက်ရုံ သုံးခု၊ တိုင်းစစ်ဌာနချုပ် တစ်ခုနဲ့ တပ်မဌာနချုပ် တစ်ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း ၂၆ ခု၊ ရဲစခန်း ကိုးခု၊ ရန်သူ့စစ်ကြောင်း နှစ်ခု၊ ပျုစောထီးစခန်း၁၅ ခုတို့ ပါဝင်တယ်” ဟု ဦးရည်မွန်က ပြောသည်။
စစ်ဆင်မှုများမှာ စစ်ကောင်စီအတွက် စိတ်ပိုင်းနှင့်ရုပ်ပိုင်းများကို အထိနာစေခဲ့ကြောင်း၊ PDF များအတွက် အဆုံးအဖြတ်တိုက်ပွဲ များအတွက် ယုံကြည်မှုတိုးပွားစေကြောင်း၊ တိုက်ပွဲဝင်မှု အားနည်း နေသည့် ဒေသများတွင် လိုအပ်သည့် ပြင်ဆင်မှုများ၊ အားဖြည့်တင်း မှုများလုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။
” ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအ လပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။
တိုင်းဒေသများနည်းတူ ပြည်နယ်များတွင်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြစစ်ဆင်မှုနှင့်စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြ ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ခြင်း မွာ PDF တပ်မတော်၏ စစ်ရေးစွမ်းရည် နောက် တဆင့် တိုးတက် လာမွုကို ဖော်ပြသည့် ပြယုဒ်တစ်ခုဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောသည်။mizzima
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျသွားပြီး သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၂၈ က်နေ့တွင် စစ်တပ်က မုဆိုးခြုံဘူတာကျေးရွာသို့ ဝင်ရောက်လာပြီး မီးရှို့မှုများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် ဘိုတဲကျေးရွာကို ဆက်လက် မီးရှို့ခဲ့ကြောင်း ၊ ယင်းနောက် အောင်ချမ်းသာကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ဘိုတဲကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှ၊ မုဆိုးခြုံဘူတာကျေးရွာမှ ဦးမြဝင်းတို့မှာ စစ်တပ်က မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။
” မုဆိုးခြုံ ဘူတာရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းက အောင်ချမ်းသာရွာကို မတ်လ ၁ ရက်နေ့မှာ မီးတင်ရှို့တယ်။ ရွာလုံးကျွတ်နီးပါး ပြာကျတယ်။ ဘိုတဲက အမေအိုတစ်ဦး ဆုံးတယ်။ မုဆိုးခြုံရွာမအဝင်မှာ ကျေးရွာသား ဦးမြဝင်း
ခွေးစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရပါတယ်။ အလောင်းကို ကားလမ်းပေါ်မှာ ထားခဲ့ပြီး ဉီးမြဝင်းရဲ့ဆိုင်ကယ်ကို
မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မုဆိုးခြုံရွာအနီးက လယ်ကိုင်းရွာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်။ ခွေး ၃ကောင်ကျတယ်လို့လည်း သိရပြီး လယ်ထဲတနေရာမှာ မီးရှို့အလောင်းဖျောက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဝက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သိရှိရသည်။
” စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဝက်လက်နယ်ကို စစ်ခွေးစစ်ကြောင်း ၄ ကြောင်း အလုံးအရင်းနဲ့ ပတ်လည်ဝိုင်းဖိနေတယ်။ အခြေအနေဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။khit thit