နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် “လွတ် လပ်ခါမှ အမျှဝေမယ်” ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချ

နွေဦးတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင် “လွတ်လပ်ခါမှ အမျှဝေမယ်” ထိုင်းနိုင်ငံတွင် ပြသမည်ဖြစ်ပြီး လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း ရုပ်ရှင်ပြသရေးနှင့် ရန်ပုံငွေရှာဖွေရေး အဖွဲ့များက ပြောသည်။
ကရင်နီ ဒေသတွင် အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းဖြစ်သော “လွတ် လပ် ခါမှ အမျှဝေမယ်” ရုပ်ရှင်ကို ဒါရိုက်တာ နှင့် ထုတ်လုပ်သူ စိန်သီး၊ အောင်သော်က ရိုက်ကူးထားပြီး မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် အဆိုပါ ရုပ်ရှင်ကို ပြသရန် KTJ Supporting Group ကတာဝန်ယူခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် အဆိုပါ ရုပ်ရှင်ကို လာမည့် မတ်လ၁၂ ရက်နေ့
Span Sports Complex
98 Phutthamonthon Sai 4 Rd. Krathum 9 Krathum fell. Sam phran
สนามกีฬา สแปน สปอร์ต คอมเพล็กซ์
98 ถ.พุทธมณฑลสาย4 ซ.กระทุ่มล้ม9 ต.กระทุ่มล้ม อ.สามพราน တွင်
နံနက် ပွဲစဉ် ၁ -(နံနက် ၁၁ နာရီ)
ပွဲစဉ် ၂-( မွန်းလွဲ ၁နာရီ)
ပွဲစဉ် ၃-(မွန်းလွဲ ၃နာရီ) ၃ ကြိမ်ခွဲ၍ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရုပ်ရှင်လက်မှတ်များကို KTJ Supporting Group တာဝန်ခံများထံ ပွဲစဉ်အလိုက် တိုက်ရိုက်ဆက်သွယ် ဝယ်ယူ အားပေးနိုင်ပြီး လက်မှတ် တစ် စောင် ၂၀၀ဘတ်နူန်းဖြင့် အားပေးနိုင်ကြောင်း၊ ရုပ်ရှင်ပြသမှုမှ ရရှိလာသည့် အမြတ်ငွေများကို MOD ကာကွယ်ရေးဝန်ကြီးဌာန နှင့် CDM အနုပညာရှင်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit