ပခုက္ကူနှင့် ပေါက်မြို့နယ်က PDF ထောက်ပံ့သူ ၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ မတ် ၃ ရက်က PDF ထောက်ပံ့သူ ဒေသခံ ၂ ယောက်ကို စစ်တပ်က  ဖမ်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကြီးကျေးရွာက ကိုထက်လွင်ဗိုလ်ကို မတ် ၃ ရက် မနက် ၁၀ နာရီလောက်မှာ နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုထက်လွင်ဗိုလ်ရဲ့ လက်ကိုင်ဖုန်းကို စစ်အုပ်စုတွေက သိမ်းဆည်းပြီး သူ့ကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။

အလားတူ မနေ့မွန်းလွဲ ၁ နာရီမှာလည်း ပေါက်မြို့နယ် အောင်တံခွန်ရပ်ကွက် အုန်းတော (တောင်)စစ်ဆေးရေးဂိတ်ကလည်း ခြေလျှင်လျှောက်လာသူ ကိုမြင့်သိန်းကို ဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ဒေသခံတဦးက ပြောပါတယ်။ 

သရက်တောဂိတ်အနီးနေသူက “အဆိုးဆုံးကတော့ သရက်တောဂိတ်ဘဲဗျ။ အဲဒီဂိတ်ကတော့ ယောဒေသကိုသွားတဲ့ ခရီးသည်တင် ယာဥ်တွေနဲ့ ကုန်တင်ကားတွေကို နေ့စဥ်စစ်ဆေးနေပြီး ကားသမားတွေဆီက ငွေကြေး တောင်းခံတာတွေ မတရားဖမ်ဆီးပြီး ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်”လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့မတ် ၃ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁၆၁၂၀ ယောက်အနက် ၄၇၄၅ ယောက် ထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s