မတ္တရာတွင် ဖျက်ဆီးခံထားရသည့် ရဲစခန်းဟောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု (၄)ဦးသေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ရွာ၊ ဆည်တော်ကြီးဘောင်အနီးရှိ ဖျက်ဆီးခံထားရသော ရဲစခန်း ဟောင်းတွင်တပ်စွဲထားသည့် အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ)မှ တာဝန်ခံ ဗိုလ်ဘားစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အကြမ်းဖက်စစ်သား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ရုံး ပင်ရွာ ရဲစခန်းကို နဂါးညီနောင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(မတ္တရာ) မှ Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေး တပ် ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အဲဒီရဲစခန်းကို ကျနော်တို့ပဲ မီးရှို့ဖျက်ဆီးထားတာ၊ အတော်ကြာပြီ။ မနှစ် လောက်က ဖျက်ဆီးခဲ့တာ၊ အဲဒါကြောင့် စစ်ခွေးတွေပဲ တပ်စွဲထားတာ၊ ရဲခွေးတွေ မရှိဘူး။ ဒီနေ့မနက်ခင်းက ခွေးသေတွေကို နာရေးကူညီရေး ရုံးထဲမှာ စောင့်နဲ့အုပ်ထားတယ်လို့ ပြည်သူတွေက သတင်းပို့ပေးတယ်” ဟု နဂါးညီ နောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ)မှ တာဝန်ခံ ဗိုလ်ဘားစိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။khit thit