မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် စစ်ကားများကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၅ စီးပျက်စီးပြီး စစ်သားများ ထိ ခိုက်သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် အလ္လကပ္ပကျေးရွာကြားတွင် အကြမ်းဖက်စစ်ကားများ အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၅ စီးပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံမှုရှိကောင်း People’s knight Defense Force Myinmu မှ ဗိုလ်အေး ချမ်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃ ရက် နေ့လည် ၁ နာရီမိနစ် ၄၀ ခန့်တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ဦးတည်ထွက် လာသော အကြမ်းဖက်စစ်ကား ၁၈ စီးကို မြင်းမူမြို့ နှင့် ဝမ်းပြည့်ကျေးရွာ ကြားတွင် မိုင်း ၃ ကြိမ်ဆွဲ၍ လည်းကောင်း၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာတွင် မိုင်း ၅ ကြိမ်ဆွဲ၍ လည်းကောင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း၏ ပထမ ကားနှင့် တတိယကားတို့ကို ထိထိမိမိ ထိမှန်ခဲ့ကာ ကားမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

အလားတူ ယနေ့ မတ်လ ၃ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်ခွာ လာသော အကြမ်းဖက်စစ်ကား ၃၂ စီးကို အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် ၄ ကြိမ် မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားကြီး ၂ စီးနှင့် ကားလေးတစ်စီးကို ထိထိမိမိ ထိမှန် ခဲ့ပြီး ဝမ်း ပြည့် ကျေးရွာအရောက် လုံးဝပျက်စီးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို People’s knight Defense Force Myinmu (PKDF-MMU)၊ People’s Army To Fight Dictatorship (PAFD) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ကား ၃ စီးဖြင့် မြင်းမူ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယနေ့မိုင်းဆွဲမှု ၁၂ ကြိမ်တွင် အကြမ်းဖက်စစ်ကား ၅ စီး ပျက်စီးခဲ့ ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s