ယင်းမာပင်၊ မြောက်နုံးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက် စစ်ခွေးတွေက ယင်းမာပင်နယ် မြောက်နုံးရွာကို အခု ညပိုင်း မီးရှို့ဖျက်ဆီးနေတယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဝေးက ကြည့်ရတာတော့ မီးများတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit