ဟားခါးမြို့၌ နိုင်ငံကူးလက်မှတ်စာအုပ် ၄သိန်းခွဲကျပ် ပေါက်ဈေးရှိနေ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်ပြီး ကြိုတင်ဘိုကင်ယူခြင်း၊ စာအုပ်ထုတ် ပေးခြင်းများကို ပြန်လည်လက်ခံ လုပ်ဆောင်ပေးနေပြီး ပွဲစားများဖြင့်ဆောင်ရွက်ပါက အပြီးအစီး စာအုပ်တစ်အုပ်လျှင် ငွေကျပ် ၄၅၀,၀၀၀ ဈေးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ လျှောက် ထားနိုင်ကြောင်းသိရပြီး အစိုးရရုံးပိတ်ရက်များတွင် နေ့တစ်ဝက် လုပ်ပေးနေကြောင်းလည်း သိရသည်။

‘’လျှောက်ထားတဲ့လူ တော်တော်များပါတယ်၊ တစ်ရက်ကို အယောက် ၁၀၀ ပဲ လက်ခံတယ်လို့လည်း သိရပါတယ်။ အခုလျှောက်ကြတာက ဟားခါးမြို့ပေါ်တင်မကဘူး၊ စစ်ကိုင်းတိုင်းထဲကလည်း အများကြီးလာလျှောက်ကြတယ်။ ပွဲစားတွေက ကလေး၊ တမူးဘက်ကသူတွေကို ခေါ်လာပြီး စားစရိတ်ငြိမ်း အပြီးအစီး တစ်ယောက်ကို လေးသိန်းခွဲတောင်းကြတယ်။တကယ်တမ်းကုန်ကျတာက အပြီးအစီးမှ သုံးသောင်းခွဲပဲကုန်တာလေ။ ဒါပေမယ့်လည်း တော်တော်လေးပွဲစားတွေ အလုပ်ဖြစ်နေကြတယ်’’ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်အတွင်း နယ်မြေအေးချမ်းမှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံမှုမရှိခြင်းများကြောင့် ဒေသခံအများအပြား ပြည်ပသို့ နည်းမျိုးစုံဖြင့် ထွက်ခွာနေကြကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ စတင်ပြီး ကွန်ပျူတာစနစ် အဆင့်မြှင့်တင်ရန် အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်း၌ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများကို ရက်အကန့်သက်မရှိ ပိတ်သိမ်းခဲ့ကာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s