ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၄၅ ဦးသေ ၁၆ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ အတွင်း ထိတွေ့တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဗဟိုက မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလအတွင်းထိတွေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ ကာ လက်နက် ၃၄ လက်နှင့် ခဲယမ်းအချို့သိမ်ဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထိတွေ့တိုက်ပွဲများသည် လွိုင်ကော်၊ မိုးဗြဲ၊ ဖရူဆိုနှင့် ပင်လောင်းမြို့နယ်၊ ဆောင်ပြောင်း၊ တောင်မဲ တင်း၊ ပင်ပုံကျေးရွာတို့ အသီးသီတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ် ခုံမြိုနယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေးဆိုင်ရာနေရာများအား လေကြောင်း ဖြင့် စုစုပေါင်း ခြောက်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် လူနေအိမ် ကိုးလုံး၊ ဆေးပေးခန်း တစ်ခု၊ ဘာသာရေးအဆောက်အဦ လေးလုံး ပျက်စီးခဲ့ရသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s