ကရင် နှင့် မွန်ပြည်နယ်ကို ဖြတ်သန်း၍ လိုင် စင်မဲ့ကား သယ်ယူမှု ၊ နွား၊ သစ် တင်ပို့မှုများနှင့် တရားမဝင် ကုန်သွယ် ရေး အလွန်မြင့်တက်လာပြီး စစ်တပ်နှင့်ရဲ အကြီးအကျယ်စီး ပွားဖြစ်နေ

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်း၍ တရားမဝင် လိုင်စင်မဲ့ကား သယ်ယူမှုများ၊ ကျွဲနွားတင်ပို့မှုများ၊ သစ်တင်ပို့မှုများ အလွန်မြင့်တက်လာနေပြီး လမ်းကြောတစ်လျှောက် တာဝန်ကျ အဖွဲ့အစည်း၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ အကြီး အကျယ် စီးပွားဖြစ်နေကြောင်း သိရှိရသည်။

တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်းတွင် စသုံးလုံး၊ စစ်တပ်၊ ရဲနှင့် ပျူစောထီး(ခေါ်) ပြည်သူ့စစ်များ ပူးပေါင်း၍ လိုင်စင်မဲ့ နွား ၊သစ်၊ လိုင် စင်မဲ့ကားများ ခိုးသွင်း၊ ခိုးထုတ် စျေးကွက်ကြီးထွားနေကြောင်း၊ ဆက်က်ကြေး ခွဲဝေမှု မညီမျှ၍ ဌာနအချင်းချင်းအကြား မကျေနပ်မှုများဖြစ်ပွားကာ အချက်အလက်များနှင့်တကွ တိုင်ကြားသော်လည်း စစ်ကောင်စီထိပ်ပိုင်းက အရေးယူမှုမရှိဘဲ လွှတ်ထားကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် တရားမဝင် လိုင်စင်မဲ့ကားများ ဆက်တိုက်တင်သွင်းနေသည့် အပြင် တရားမဝင် ကုန်ပစ္စည်းများ ဆက်တိုက် တင်သွင်းမှု မြင့်မားလာနေကြောင်း၊ လမ်းခရီးတစ်လျှောက်ရှိ ရဲများနှင့် စစ်သားများ ၏ ဝင်ငွေမှာ အနိမ့်ဆုံး လစဉ် သိန်းဆယ်ချီမှ ရာချီအထိ ရာ ထူးနှင့်အဆင့်လိုက်၍ ဝင်ငွေရရှိနေကြောင်း သိရှိရသည်။

“တရားမဝင် ကုန်သွယ်ယူ တင်သွင်းမှုကတော့ အခု အမြင့်ဆုံးဖြစ်နေတယ်။ ဥပမာ- မြဝတီကနေလာတဲ့ ဝှစ်သောက်ကားတွေဟာ မြဝတီသ င်္ကန်း ညီနောင်က BGF၊ ဒန ၊ ရဲတွေကိုလိုင်းကြေးပေးပြီးဖြတ်ကြပါတယ်။ ပြီးတော့ ကော့ကရိတ်၊ လှိုင်ဝ၊ တံတာကျိူးဂိတ်က ရဲ၊ မော်တော်ပီကယ်၊ စစ်တပ်၊ BGF တွေကို ငွေပေးပြီး ဖြတ်တယ်။ အဲဒီနောက် ကျူံဒိုး၊ ကမ်းနီကနေတဆင့်မော်လမြို့ကနေသယ်ကြတဲ့အခါ မော်တော်ပီကယ်၊ စရဖ၊ စစ်တပ်၊ စစ ရဲ၊ ဒန၊ တွေကိုပိုက်ဆံတွေပေးပြီး ဖြတ်ကြပါတယ်။ အဲဒီလို ဝှစ်သောက်ကား သယ်ယူပို့ဆောင်ရေးကနေ တစ်လကို သိန်းပေါင်းများစွာရပြီး တာဝန်ကျတွေ ဘယ်သူမှ မခွာနိုင်ကြဘူး။ မော်လမြိုင်မှာရှိတဲ့ မော်တော်ပီကယ်တစ်ဦး လစာဟာ သိန်းရာဂဏန်းထိဝင်ငွေရှိလာတယ်။ ရာထူးအဆင့်ဆင့်တိုင်းမှာ ငွေလုပ်ကွက်ကြီးဖြစ်နေတာ။ သိတယ်။ တိုင်တယ်။ အရေးမယူဘူး။ လွှတ်ထားတာပဲ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် တရားမဝင် ကျွဲနွား တင်ပို့မှု လမ်းကြောင်းမှာလည်း အကြီးအကျယ် ဖြစ်ထွန်းနေပြီး နယ်မြေခံတပ်များက ဆက်ကြေးကောက်ယူခွင့်ပြုထားကြောင်း၊ ထိုင်းဘက်သို့ ကျွဲနွားများ တရားမဝင်တင်ပို့နေကြရာတွင် KNU (PC) ၊ BGF တို့က စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်နေကြောင်း သိရှိရသည်။

“ရန်ကုန်ဘက်ကနေ ဖောင်ကြီး-ပဲခူး ကြီးလေးကြီး လမ်းလို့ခေါ်တဲ့ တောလမ်းမှ သွားကာ ဖောင်ကြီး ရွာအလွန်၌ အမြန်လမ်းကို တက်တဲ့ လမ်းရှိတယ်။ အဲဒီအမြန်လမ်း ၉ မိုင် ၂ ဖာလုံ မှ တက်၍ ၇၂ မိုင် မှဆင်းကာ ဒိုက်ဦးနယ်ထဲက ရွာလေးမှာ နွားတွေကျွဲတွေ ချတယ်။ အဲဒီခြံပိုင်ရှင်နာ မည်က ဦးသောင်းထွန်းမင်းပါ။ သူက ပျဥ်ပုံကြီး တပ်နယ်မှူးကို နွားကား၁ စီးလျင် ၅ သိန်းကျပ် ပေးရတယ်။ စစ်တောင်းတံတား ပိတ်ခါနီးလျင် ဒိုက်ဦး-ညောင်ခါး ရှည်လမ်းမှ ကဖြတ်၍ စစ်တောင်းတံတား ကို ကျော်ခွင့်ပြုထားတယ်။ စစ်တောင်းတဖက်ကမ်း မုပ္ပလင်ဘက်မှ KNU (PC) ၊ BGF တို့က နွားကားတစီးကို လမ်း ကြေး သိန်း ၁၂၀ ယူပြီး မြဝတီ သို့ပို့ဆောင်ပေးတယ်။ အဲဒီကနေတစ်ဆင့် ဟိုဘက်ကိုပို့တယ်” ဟု တရားမဝင်တင်ပို့မှု လမ်းကြောင်းကို အသေးစိတ် သိရှိထားသူက ရှင်းပြသည်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် မကြာသေးမီ ရက်ပိုင်းအတွင်း ကျွဲနွားများ တရားမဝင် သယ်ယူမှုကို ဖမ်းဆီး ပြဿနာတက်မှုဖြစ်ပွားခဲ့ကြောင်း၊ တရားမဝင် ဆက်ကြေးကောက် သယ်ယူရာတွင် အဝေမတည့်၍ ဖမ်းဆီး ပြဿနာတက် ခြင်းဖြစ်ကြောင်း၊ တိုက်ကြီးမြို့နယ် စီမံဥက္ကဌ အောင်ကျော်စိုး နှင့် စရဖ တာဝန်ခံ တပ်ကြပ် ထွန်း လင်းအောင် တို့က နွားမှောင်ခို ကားတစီးလျင် ငွေကျပ် ၃ သိန်းယူကာ ခွင့်ပြုပေးထားကြောင်း၊ လမ်းခရီးရှိလေးတိုင်စင် ရဲဂိတ်ကလည်း စခန်းအရာရှိများ အတွက်အပါအဝင် နွားကားတစီးလျင် ငွေကျပ်၂ သိန်း ယူခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် နယ်မြေခံ တပ် နှင့် ဆက်ကြေးခွဲဝေမှုတွင် အချင်းချင်း ပြဿနာတက်ပြီး ဖမ်းဆီး အရေးယူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တရားမဝင် ကုန်သွယ်လမ်းကြောင်းအတွင်းရှိနေသည့် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ ထွေ/အုပ်များ၊ စသုံးလုံးများ၊ ရဲများနှင့် နယ် မြေခံတပ်များက လိုင်စင်ဖြင့် တရားဝင် ကုန်သွယ်မှုများကိုအမျိုးမျိုး အနှောင့်အယှက်ပေးကြပြီး ဆက်ကြေးဖြတ်သန်းမှုများကို စစ်ဆေးမေး မြန်းခြင်းမရှိဘဲ ခွင့်ပြုနေခြင်းကြောင့် တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်း ပိုမိုကြီးထွားလာခြင်းဖြစ် သည်ဟု သိရှိရသည်။

“လိုင်စင်နဲ့ စာရွက်စာတမ်းပါရင်တောင် ငွေမရတော့ ပစ်ထားတယ်။ မြန်မြန် ဆန် ဆန် လုပ်မပေးဘူး။ ဒါပေမယ့် တစ်ဖက်မှာက ကုန်ကားတစ်စီးကို ၅ သိန်းလောက်ပေးလိုက်ရင် အစစ်အဆေးမရှိ ဖြတ်လို့ရတော့ နောက်ပိုင်းမှာ ငွေပေးဖြတ်တာက စိတ်ချမ်းသာပြီး မြန်မြန်အလုပ်ပြီးတာ မျိုးဖြစ်နေတယ်။ တော် တော် များများလည်း ဆက်ကြေး ပေးပြီး ဖြတ်သန်းတာမျိုးလုပ်ကြတယ်။ လိုင်စင် စာရွက်စာတမ်းက လွယ်လွယ် ကူကူ ချောချောမွေ့ မဖြစ်တဲ့အပြင် အရမ်းကို ကြာတယ်” ဟု ရန်ကုန်-မြ၀တီ ကုန်သွယ်ရေးလုပ်သူ စီးပွားရေ းသမားတစ်ဦးကလည်း ဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s