ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း အဝင်အထွက်မရှိသေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ် ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ်ကို ၂ နှစ်ကျော်ကြာ ပိတ်ထားရာက  မတ် ၁ ရက်ကစ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ အဝင်အထွက် မရှိသေးဘူးလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

ဌာနဆိုင်ရာနဲ့ နီးစပ်သူဒေသခံအမျိုးသား တဦးက “မတ် ၁ ရက်ကတည်းက မြန်မာဘက်က ဖွင့်ထားပြီ။ တရုတ်ဘက်ခြမ်းလည်း ဖွင့်ထားပြီ။ ဒါပေမဲ့ အဝင်၊ အထွက်တော့ မရှိသေးဘူး။ တံဆိပ်တုံးထုပေးဖို့ ဘာညာမြန်မာဘက်ခြမ်းက အဆင်သင့် မဖြစ်သေးဘူးတဲ့။ တရုတ်ဘက်ခြမ်းကတော့ အဆင်သင့် ဖြစ်နေပြီ”လို့ ပြောပါတယ်။

တရုတ်က ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက ဖွင့်ထားပြီး မြန်မာနိုင်ငံကလည်း ဖွင့်ထားပြီ ဖြစ်ပေမဲ့ လဝကအနေနဲ့ ဒီရက်ပိုင်းထဲ အဆင်သင့်ဖြစ်ပါက ပထမဆုံး လူ အဝင်/အထွက်ပဲ အရင် ခွင့်ပြု သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ 

လူဝင်၊ လူထွက်ခွင့်ပြုပြီးနောက် တဖြည်းဖြည်း ဒေသစိုက်ပျိုးထွက်ကုန်တွေလည်း အရောင်း အဝယ် ပြန်လုပ်နိုင်ဖို့နဲ့ ကုန်တင်ကားတွေစသ ဖြင့် ပြန်ဝင်/ထွက်နိုင်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့  သိရပါတယ်။ 

ပန်ဆိုင်းမြို့ခံ အမျိုးသမီး တဦးက”ဖွင့်ပြီ၊ ဆိုင်ကယ်တွေ ဘာတွေ ဝင်လို့ မရဘူး။ သူတို့ ကန့်သတ်ထားပြီးတော့ တရက် ဘယ်နှယောက် ဆိုတာ မျိုးပဲ လုပ်ပေးထားသေးတယ်။ အခု ဝင်လို့ရတဲ့လူတွေလည်း ပန်ဆိုင်းမြို့နဲ့ တရုတ်နဲ့ နီးကပ်နေတဲ့ နယ်ခံ၊ ဒေသခံတွေပဲ ရသေးတယ်။” လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေကလည်း ဂိတ်က ကြူကုတ် (ပန်ဆိုင်း) အပါအဝင် တရုတ် ဘက်က အားလုံးဖွင့်ထားပြီ ဖြစ်ပေမယ့် အခုက မြန်မာဘက်က အဆင်သင့်အဖြစ်သေးလို့ လို့ ဆိုပါတယ်။ 

ကိုဗစ်ကပ် ရောဂါကြောင့် ပိတ်ခဲ့တဲ့ မူဆယ်နယ်စပ် ဂိတ်ပေါက်တွေဖြစ်တဲ့ မန့်ဝိန်း – ကျယ်ဂေါင် ကုန်သွယ်ရာဂိတ်၊ နန်းတော် (အလယ်ပေါက်) – ကျယ်ဂေါင် နှစ်နိုင်ငံ လူဝင်လူထွက် ဂိတ်၊ ဆင်ဖြူ – ကျယ်ဂေါင်ဂိတ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလက နှစ်နိုင်ငံ အဝင်အထွက်ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူဆယ်မြို့နယ် အိမ်ထောင်စုစာရင်း ရှိသူတွေကိုသာ နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ်အနီ ထုတ်ပေးတာဖြစ်ပြီး မူဆယ် မန့်ဝိန်း – ကျယ်ဂေါင် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကနေ ၆ ဘီး ကုန်တင်ယာဉ် သီးသန့်၊ နန်းတော် – ကျယ်ဂေါင် နှစ်နိုင်ငံ အဝင်၊ အထွက်ဂိတ်ကနေ လူဝင်၊ လူထွက် သီးသန့်၊ ဆင်ဖြူ – ကျယ်ဂေါင် ဂိတ်ကနေ လူ၊ ဆိုင်ကယ်၊ သုံးဘီး၊ အိမ်စီးကားနဲ့ ယာဉ်ငယ်တွေ ဝင်ထွက်လို့ပါတယ်။

ကျင်းစန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကနေတော့ ၈ ဘီး ကနေ တွဲကား ၂၂ ဘီး အထိ ဝင်ထွက်လို့ရပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s