တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာ

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ရေးအရှိန်အဟုန် ပိုမိုမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာသည်ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းနှစ်နှစ်ပြည့်နေ့က တနင်္သာရီဒေသအတွင်းရှိ ပုလောမြို့ နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေးကြေညာခဲ့အပြီး စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမို ပြုလုပ်လာခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိနေပြီး ထားဝယ်မြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူ ၂၁၈ ဦး၊ လောင်းလုံးမြို့နယ်မှ ၁၅၀ ဦး ခန့်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ ကျော်ရှိနေသည်ဟု သိရသည်။

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ‌၂၇ ရက်နေ့ အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့မှုများ ကြောင့် ဒေသခံပြည်သူ ၁၁၀ ဦးကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ စစ်ရှောင်ပြည်သူအရေအတွက် အပြောင်းအလဲရှိပြီး တနင်္သာရီမြို့ ယ်အတွင်း မြေပြင်နှင့်ချိတ်ဆက်ရန် အခက်အခဲများကြောင့် အရေ အတွက်အတိအကျ မဖော်ပြနိုင်ကြောင်း ဒေါနတနင်္သာရီအဖွဲ့ကထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s