တွံတေးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးလွင်နှင့် ပျူစောထီးခေါင်း‌ ဆောင် စစ်မှု ထမ်း ဟောင်း သန်းလွင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အနောက်အရိုးတောင်ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးလွင်(ခေါ်)ကျားကြီး နှင့် ရာအိမ်မှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း သန်းလွင်တို့ကို Delta Revolutionary Force က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် အုပ်ချုပ်ရေးမှူး စိုးလွင်(ခေါ်) ကျားကြီး နှင့် ရာအိမ်မှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်း ဟောင်း သန်းလွင်တို့ကို ပစ်ခတ်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး စိုးလွင် (ခေါ်) ကျားကြီးသည် စစ်ကောင်စီ၏ အမိန့်ဖြင့် ဒေသခံပြည်သူများအပေါ် ဧည့်စာရင်းအတင်းဓမ္မကောက် ခံခြင်း၊ စစ်ကောင်စီအပေါ် မီတာအခွန်မဆောင်သော ပြည်သူများ၏ နေအိမ်များကို ခြိမ်းခြောက်ကာ ဒဏ်ကြေးအဆမတန်​ကောက်ခံပြီး ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ တော်လှန်ရေးရဲဘော်များကို စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးရာတွင် သတင်းပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော််နှင့် ပတ်သတ်ဆက်နွယ်နေသူများ၏ နေအိမ်များကို ချိတ်ပိတ်ခဲ့ခြင်းတို့တွင် ဦးဆောင်ပါဝင်ခဲ့​သူ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် စစ်မှု ထမ်း ဟောင်း သန်းလွင်မှာလည်း စစ်တပ်နှင့် ပူးပေါင်း၍ တော် လှန်ရေး ရဲဘော်များနှင့် တော်လှန်ရေးအင်အားစုများ၏ တိမ်းရှောင်နေသော နေရာများကို သတင်းပေးဖော်ထုတ် ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ခြင်း၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သော ပြည်သူအချို့ကို စစ်ကောင်စီတပ်သားများဖြင့် ဖမ်းဆီးခိုင်းကာ အနိုင်ကျင့်နှိပ်စက်ခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“အရိုးတောင်အုပ်စုမှာ မတ်လ ၃ ရက်နေ့ ည ၁၂နာရီဝန်ကျင်း ပေါက်ကုန်ကျေးရွာ အလှူအိမ်မှာ ပစ်ခတ်တယ်။ အုပ်ချုပ်ရေးမှုးစိုးလွင်နဲ့ ပျုစောထီး ခေါင်းဆောင် စစ်ထွက် သန်းလွင်တို့ ၂ ဦး သေပါတယ်။ အခုချိန်မှာ တောရွာတွေကို စစ်တပ်က ပတ်မွှေနေတယ်။ သေဆုံးသူနှစ်ဉီးကိုတော့ ညတွင်းချင်းပဲ တွံတေးဆေးရုံရေခဲတိုက်ပို့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ပြည်သူလူထုအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ မပြုလုပ်ရန်အတွက် Delta Revolutionary Force တပ်ဖွဲ့ဝင်ရဲဘော်များက အကြိမ်ကြိမ်တား မြစ်ခဲ့သော်​လည်း လိုက်နာခြင်းမရှိဘဲ ပြည်သူလူထုအပေါ် ပိုမိုနှိပ်စက်နေသောကြောင့် ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ထိပါးနှောင့်ယှက်မှုကို ခုခံသည့်အနေဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်တပ်က လေကြောင်းပစ်ကူများဖြင့် အဆမတန်ပစ်ခတ်နေသည့်အပြင် မြေပြင်တွင် လည်း ဖမ်းဆီးရမိသော တော်လှန်ရေးရဲဘော်အချို့နှင့် ပြည်သူများကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မတရားသတ်ဖြတ်နေမှုများရှိလာသောကြောင့် ရန်ကုန်အတွင်းရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက စစ်တပ် အုပ်ချုပ်ရေးနှင့်စပ်လျဥ်းသော ထောက်တိုင်များကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Delta Revolutionary Force က တရားဝင် ကြေညာသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s