နဘားလမ်းဆုံတိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံမှာ မတ် ၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိတယ်လို့ အင်းတော် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကနေ သိရပါတယ်။

တိုက်ပွဲဟာ မနက် ၁၁ နာရီဝန်းကျင်နဲ့ ည ၈ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

“တိုက်ပွဲကတော့ မနက်ပိုင်း ၁၁ လောက်မှာကော ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ညပိုင်းမှာကော ဖြစ်တယ်၊ ညပိုင်းဖြစ်တာက ပိုပြီးတော့ ပြင်းထန်တာပေါ့။ လက်ရှိသတင်းရတာကတော့ (-) တွေ ၅ ကောင်သေတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ များတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အင်းတော်မြို့ဘက်ကနေ တက်လာတဲ့စစ်ကြောင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဟန့်တားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်ကောင်စီတပ်သားတွေဟာ နဘားလမ်းဆုံမှာ အထိုင်ချနေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းကြပ်စွာစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ မတ် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာလည်း အင်းတော်မြို့ပေါ်က ပြည်သူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့ပါသေးတယ်။ 

တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s