ပအိုဝ်းတိုင်းရင်းသားအင်အားစုများအတွက် ဂုဏ်ယူကြောင်း NUG သဝဏ်လွှာပေးပို့

အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ပအိုဝ်းအင်အားစုတွေအနေနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council) ရဲ့ ဦးဆောင်မှုမှာ အတူတကွစုစည်းပြီး၊ လက်တွေ့ကျတဲ့ နိုင်ငံရေးအခင်းအကျင်းထဲ ဝင်ရောက် ဆင်နွှဲနေကြတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

မတ် ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသားတွေအားလုံး စည်းလုံးညီညွတ်ပြီး ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ဆထက်တိုး ကြိုးပမ်းဆောင် ရွက်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။

၁၉၄၈ ခုနှစ်၊ မတ်လက ဖဆပလအစိုးရရဲ့ မြေယာခွဲဝေရေးမူဝါဒကို လက်မခံနိုင်ကြတဲ့ သထုံဒေသက ပအိုဝ်းလယ်သမား ၁၀၀၀၀ ကျော်ဟာ ပအိုဝ်းတောင်သူအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ သထုံမြို့၊ ရေကျော် ဘုန်းကြီးကျောင်းမှာ လူထုစည်းဝေးမှုကြီးတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါ စည်းဝေးမှုကြီးမှာတော့ မြေယာခွဲဝေရေးမူဝါဒကို ပြန်လည်ရုပ်သိမ်းပေးရေးအပါအဝင် မိမိတို့လူမျိုး အမည် “တောင်သူ” လို့ ခေါ်ဆိုရေးသားခြင်း မပြုဘဲ “ပအိုဝ်း” လို့သာ ခေါ်ဆိုရေးသားပေးဖို့တောင်းဆိုခဲ့ကြပြီး ၁၉၄၉ ခုနှစ်က စတင်ပြီးတော့ တပေါင်းလပြည့်နေ့မှာ ပအိုဝ်းလူမျိုးတွေ ကျင်းပလေ့ရှိတဲ့ ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်း အမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ 

ဒါကြောင့်မို့ ပအိုဝ်းအမျိုးသားနေ့ဟာ ပအိုဝ်းလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ညွှန်းတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရောက်ရှိနေထိုင်နေကြတဲ့ ပအိုဝ်းလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံပြီးတော့ ဘေးရန်အပေါင်းကနေ ကင်းကွာကြ ပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s