ပုသိမ်ကြီးမြို့နယ် ချောင်းမကြီးချောင်းအ တွင်း အမျိုးသား ခေါင်းပြတ်အလောင်းတွေ့ရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းရွာနှင့် ရွေးစုရွာကြား ချောင်းမကြီး ချောင်းအတွင်း ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားခေါင်းပြတ်အလောင်းတစ်လောင်း တွေ့ရှိရ၍ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်းပေးခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်း (ပုသိမ်ကြီး)ထံမှ သိရသည်။
မျောလာသည့်အလောင်းကို ဒေသခံများက နံနက် ၉ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး ရွှေကြေးစည်လူမှုကူညီရေး အသင်းကို အကြောင်းကြားခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။
“ဘယ်ကမျောလာတယ်ဆိုတာရယ်၊ သေသူဘယ်သူဆိုတာကို မသိပါဘူး။ မနက်က ရွှေကြေးစည်အသင်း က လာသယ်သွားတယ်”ဟု ရွေးစုရွာသားတစ်ဦးက ပြောသည်။
အဆိုပါ အလောင်းတွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအချို့ကိုမေးမြန်းကာ ချောင်း မကြီးချောင်းတစ်လျှောက် ကင်းလှည့်နေကြောင်းလည်း သိရသည်။ mizzima