ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး CRPH နှင့် NUG ခေါင်းဆောင်များ၏ပြောကြားချက်ဆိုကာ သတင်းမှား ဖြန့်နေ

ပြည်ထောင်စုလွှတ်တော်ကိုယ်စာပြုကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် စသည့်ပုဂ္ဂိုလ်များ၏ပုံများဖြင့် ဖက်ဒရယ်အရေး၊ တော်လှန်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏ပြောကြားချက် ဆိုကာ လူမှုကွန်ရက်တွင် ဖြန့်ဝေနေကြသည်။ ထိုစကားစုများကို ကာယကံရှင်များက ပြောကြားခဲ့ခြင်း မရှိပေ။

ဦးအောင်ကြည်ညွှန့်ပုံဖြင့် “၎င်းတို့အုပ်ချုပ်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် ၁၀ နှစ်အတူ နေကြည့်ရန် နှင့် မကြိုက်ပါက ကတိအတိုင်း ခွဲထွက်နိုင်ကြောင်း” နှင့် “ဗမာပြည်နယ်များ ဖက်ဒရယ်ဖွဲ့စည်းပုံများသည် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ဆုံးဖြတ်ချက်မချနိုင်ကြောင်း တိုင်းရင်းသားအားလုံးမှ ဒေါ်အောင်ဆန်းစု ကြည် ပြန်လွတ်လာအောင် စစ်တိုက်ပေးရန်လိုကြောင်း” အကြောင်းအရာနှစ်ခုဖြင့် ပုံနှစ်ပုံ ပျံ့နှံ့နေသည်။

တဖန် ဒေါ်ဇင်မာအောင်ပုံဖြင့် တော်လှန်ရေးတွင် လက်နက်ကအဓိကကျပြီး တော်လှန်ရေးအောင်မြင်ရန် အတွက် NUG အစိုးရကို များများလှူပေးရန် မေတ္တာရပ်ခံကြောင်းဖြင့် ဖြန့်ထားသည်။

ဦးနေဘုန်းလတ်ပုံတွင်မူ “နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD က CEC တွေမပါဘဲ NUG က အရာရာကို မဆုံးဖြတ်နိုင်ဘူး” ဟု ရေးသားထားသည်။

ထိုပုံသည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် VOA-Burmese မှ “NUG စစ်ရေးထိုးစစ်လုပ်ဆောင်နိုင်မှု တွေ့ဆုံ မေးမြန်းခန်း”မှ ပုံကိုသုံးထားပြီး ကိုနေဘုန်းလတ်ပြောဆိုခဲ့ခြင်းမရှိသည့် စကားများဖြင့် ဖြန့်ဝေထားခြင်း ဖြစ်သည်။ VOA လင့် – bit.ly/3SKKTdT

ယခုပျံ့နှံ့နေသည့်ပုံလေးပုံနှင့်ပတ်သက်၍ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုက သူရဲ့ သွေးခွဲရေး ဗျူဟာကို စနစ်တကျခင်းနေတယ်၊ ကိုယ့်ဘက်က သူ့အကွက်ထဲမဝင်မိအောင် ပါးနပ်ကြဖို့ပါ” ဟု ရေး သားကာ ထိုပုံများမှာ အတုများဖြစ်ကြောင်း‌ဖော်ပြထားသည်။ လင့် bit.ly/3Yf2prK

ထို့အပြင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း ၎င်းနှင့် ဦးအောင်ကြည်ညွန့်တို့ပြော ကြားခဲ့ခြင်းမရှိခဲ့ဖူးသည့် စကားများဖြင့် ဖြန့်ဝေနေကြကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထား သည်။ လင့် bit.ly/3ZHX4dN

“သတင်းအမှားကြီးဗျ။ ကျနော်တို့ပြောတာမဟုတ်ဘဲနဲ့ တော်လှန်ရေးအရှိန် အဟုန်ကောင်းနေတဲ့အချိန် မှာ ကျနော်တို့နဲ့ EROs တိုင်းရင်းသားအဖွဲ့တွေနဲ့ သဘောထားကွဲအောင်ဆိုပြီးတော့ တမင်ကိုဖန်တီးထား တဲ့ လုပ်ကြံသတင်းကြီးဗျ။ ဒီလို သဘောသက်ရောက်တဲ့စကားမျိုး လုံးဝ(လုံးဝ)ကို မပြောဖူးဘူးဗျ” ဟု အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဦးအောင်ကြည်ညွန့်က မဇ္ဈိမသို့ ပြောကြားသည်။

ထို့ကြောင့် ယခုပျံ့နှံ့နေသည့်ပုံများသည် ကာယကံရှင်များမှ အမှန်တကယ်ပြောဆိုခြင်းမရှိသည့် စကား များကို ပုံများဖြင့်တွဲ၍တမင်ဖန်တီးကာ နွေဦးတော်လှန်ရေးအင်အားယုတ်လျော့စေရန် ဝါဒဖြန့်တိုက်ခိုက် ထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s