ဖားကန့်မြို့ယာဉ်ရပ်နားစခန်းတွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ယာဉ်ရပ်နားစခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နေ့ ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။
“ယာဥ်ရပ်နားစခန်းထဲမှာရှိတဲ့ ရွှေစည်းစိမ် လက်ဘက်ရည်ဆိုင်ရှေ့အရောက်မှာ အခုလို ပစ်သတ်ခံလိုက် ရတာ။ ဘာဖြစ်လို့လုပ်သွားလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး”ဟု အမည်မဖော်လိုသည့် မော်ဝမ်း ရပ်ကွက်နေ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ပစ်သတ်ခံလိုက်ရသည့် အမျိုးသားမှာ အသက် ၄၀ ကျော်အရွယ် ကိုအောင်နိုင်ဆိုသူဖြစ်ပြီး ယာဥ်ရပ်နား စခန်းအနီးတွင် နေထိုင်သူဖြစ် ကြောင်း သိရသည်။
ကိုအောင်နိုင်သည် ဦးခေါင်းကိုတစ်ချက်အပစ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ၎င်း အပစ်ခံရပြီးနောက် ကားဝန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းများ လုပ် ဆောင်သွားကြောင်း သိရသည်။
ထိုသို့ ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ယခုကဲ့သို့ဖြစ်ရပ်များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မကြာခဏဖြစ်ပွားနေပြီး ပြည်နယ်တစ်ခု လုံးတွင် ဖားကန့်မြို့နယ်သည် အများဆုံးဖြစ်ပွားနေသည့် နေရာတစ်ခုလည်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။mizzima