မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းနှစ်ကြိမ်ဆွဲတိုက် ခိုက်ခဲ့ပြီး ပျူစောထီးရွာမှ ထွက်လာသောကားကိုလည်း မိုင်းဆွဲခဲ့ကြောင်း Brave Heart Army-BHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
မတ်လ ၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီတပ်၏ ၁၂ ဘီးကား ငါးစီး ပါယာဉ်တန်းမှလေးစီးမြောက်ကားကို မအူနှင့်မြေနှဲကျေးရွာအကြားတွင် ပဒေသာမိုင်းလေးလုံးဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ကားပျက်စီးပြီး အသေအပျောက်ရှိနိုင်သော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“အဲဒီနေ့က စခ (စစ်ကောင်စီတပ်)ကား အစီး ၄၀ ကျော်ဖြတ်တယ်။ ကားပေါ်က စခတွေကတော့ ပြန်ပစ် တာမရှိဘူး၊ ကင်းပုန်းတွေကပဲ ပြန်ပစ်တယ်။ စက်ကလေးတွေနဲ့ ဘောက်လိုက်ကိုဆွဲတာ” ဟု BHA ပြန် ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို BHA နှင့်အတူ မဟာမိတ်များဖြစ်ကြသည့် Special Forces-11 PDF ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ Peace Takers Task Forces-PPTF ၊ Generation Z People’s Defence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဆက်လက်ပြီးလည်း မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော စစ် ကားအကြီး ၁၃ စီးနှင့် ပွိုင့်ကားသုံးစီးပါသော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို Brave Heart Army-BHA နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော Special Forces-11 PDF ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်မှ လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသည့် တောပု (ပျူ စောထီး)ရွာမှထွက်လာသော ခွေး ဘီလူးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကိုထိမှန်ပြီးပျက်စီး သွား၍ ပါလာသောပျူစောထီးများ သေဆုံးဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။ mizzima