မြိုင်နှင့်ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်မြို့နယ် ပေါက်ပြင်ရွာနားမှာ မတ် ၄ ရက် မနက်ပိုင်းက ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့င် ပ.က.ဖက ပြောပါတယ်။

စစ်တပ် ရိက္ခာယာဥ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

မြို့ပြင်စျေးအဖြစ်နေရာသတ်မှတ်ထားတဲ့ သံပုရာကန်ရွာနားမှာလည်း မနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က စစ်ကောင်စီတပ်ကို တိုက်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် မြို့ပြင်စျေးဝင်းအတွင်းမှာ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်လောက်က ပေပါမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။

မြိုင်မြို့ကနေ ကန်နီရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီယာဥ်တန်း ၆ စီးကိုလည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူရှိနိုင်ပြီး ပြည်သူ့ကကွယ်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ မတ် ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့လို့ ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ရေစကြိုမြို့နယ် ပ.က.ဖ က ပြောပါတယ်။

ဇီးကုန်း နဲ့ ကုန်းတလင်းရွာကြား ကားလမ်းဘေးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို မတ် ၃ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရ သွားပြီး ခဏအကြာမှာ ကား ၂ စီး နဲ့ လာခေါ်သွားတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နားမှာ မတ် ၂ ရက်နေ့ ညကလည်း ၁၀ တန်း စာမေးပွဲမေးခွန်း သယ်လာတဲ့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ရေစကြိုမြို့နယ် ပ.က.ဖ ကနေသိရပါတယ်။

မတ် ၁ ရက်ကလည်း ရေစကြိုမြို့ပေါ်က စုပေါင်းရုံးမှာ အစောင့်ချထားတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် ၅ ယောက် သေဆုံးကာ အ များအပြားဒဏ်ရာရခဲ့တယ်လို့ မြင်းခြံ-Black Tiger တပ်ဖွဲ့က မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အမှတ် ၂ စည်ပင်သာယာရပ်ကွက်က စုပေါင်းရုံးပေါင်းရုံးမှာ တပ်စွဲထားတဲ့စစ်သားတွေကို မတ် ၁ ရက် ည ၉ နာရီလောက်မှာ ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ MBT ရဲခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒါအပြင် MBT နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို မနက် ၁၁ နာရီလောက်က  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်၊ ရေစကြို တိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း မထုတ်ပြန်ထားပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s