“မြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front – U.R.F)” က “ကျည်အတွက် ပန်းချီ ပန်းချီရဲ့ ကျည်” ကံစမ်းမဲ စတင် ရောင်းချ

ကရင်နီပြည်နယ်မှာ အခြေစိုုက်ထားတဲ့ “မြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front – U.R.F)” က “ကျည်အတွက်ပန်းချီ ပန်းချီရဲ့ ကျည်” ကံစမ်းမဲ စတင် ရောင်းချနေပါတယ်။

နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ ပန်းချီဆရာ/ဆရာမများက ပေးပို့လှူဒါန်းလာတဲ့ တော်လှန်ရေးအငွေ့အသက်အပြည့်နဲ့ အနုပညာလက်ရာမြောက် ပန်းချီကား (၁၀) ကားတိတိ ပြန်လည် ရရှိမယ့် အစီအစဉ်မှာပါဝင်ပြီး “မြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front – U.R.F)” အတွက် ထောက်ကူပေးတာဖြစ်တယ်လို့ သိရပါတယ်။

မတ်နဲ့ ဧပြီလ အသီးသီးမှာ လက်မှတ်စောင်ရေပေါင်း (၁၀၀၀ – တစ်ထောင်) ရောင်းရဖို့ ရည်ရွယ်ထားပြီး လက်မှတ်တန်ဖိုး – တစ်စောင် (၃၀,၀၀၀ – သုံးသောင်း) ကျပ်တိတိ လက်မှတ်ဝယ်ယူနိုင်မည့် နေရာများ – U.R.F ဖေ့ဘုတ်စ် စာမျက်နှာနှင့် တယ်လီဂရန်ချန်နယ်လ် https://t.me/URF_Urban_Revolutionary_Front မှာ မေးမြန်းဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ကံစမ်းမဲအတွက် မဲဖောက်ပေးမယ့် ဆုတွေအနေနဲ့ကတော့ ပထမဆု – ပြည်သူ့ဆန္ဒ ပန်းချီကား (Artist – John)၊ ဒုတိယဆု – ကချင်မြေ (Artist – John) ၊ တတိယဆု – Softy Morale (Artist – LwinKo)တို့ဖြစ်ပြီး အထူးဆု (၇) ဆု

အဖြစ် We Forgot(Artist – LwinKo) ၊ ကျီးကန်းနဲ့လူ (Artist – John)၊ ဆက်လျှောက် (Artist – John)၊ ကျီးကန်းအော်သံ (Artist – John) ၊ နွေရောက်ပြီလေ ပန်းချီကား (ပန်းချီကားအမည်ကို U.R.F တင်းမ်မှ ပေးထားပါသည်) (Artist – ပနျးချီဆရာတစ်ဦး) ၊ Gandamar ပန်းချီကား (Artist – ပန်းချီဆရာမတစ်ဦး)၊ Foggy Village ပန်းချီကား (Artist – ပန်းချီဆရာမတစ်ဦး) တို့ကို ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ကံစမ်းမဲဖောက်မည့် အစီအစဉ်ကတော့ ကံထူးရှင် ၁၀ ဦးကို မေလပထမပတ်အတွင်း U. R. F FB စာမျက်နှာမှ တဆင့် Live လွှင့်၍ မဲဖောက် ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s