ရန်ကုန်နှင့် မန္တလေးတို့တွင် ဗုံးများပေါက်ကွဲ၊ အင်းတော်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် မြောက်ဥက္ကလာတို့တွင် ယမန်နေ့နှင့် ယနေ့တို့တွင် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ သံလမ်းတစ်နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ကင်း ထောက်အဖွဲ့တချို့၏ သတင်းပေးပို့မှုအရ သိရှိရသည်။

အလားတူ မတ်လ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် မြောက်ဥက္ကလာတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၄ ရက်နေ့ ည ၇ နာရီခန့်အချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးဂုံးအနီးရှိ ချမ်းမြသာစည်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များက တိုက် ခိုက်ခြင်းဖြစ်ပြီး ပျူစောထီးများ၊ စစ်ကောင်စီထောက်တိုင်များက ပြည်သူထံမှ မတရားသိမ်းယူထားသော ကားနှင့် ဆိုင်ကယ်များ အနီးတွင်ရှိနေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်တွင် မိုင်းမတော်တဆမှုကြောင့် ပြောက် ကျား ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် အင်းတော်မြို့၊ လမ်းဆုံမီးပွိုင့်၌ ကင်းပတ်နေသည့် ရဲကားကို မိုင်းဖောက်ခွဲတိုက်ခိုက်ရန် လုပ် ဆောင်နေစဥ် မိုင်းမတော်တဆ မှုကြောင့် ပြောက်ကျားရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“အသက် ၂၀ အရွယ် ပြောက်ကျား ရဲဘော် ၂ ဦး မိုင်းထောင်နေတုန်း မတော် တဆ ပေါက်ကွဲပြီး ကျဆုံးခဲ့ပါတယ်။ သူတို့က မြို့တွင်းပြောက် ကျား ရဲဘော်တွေပါ။ တရားဝင် ထောင်ထားတဲ့ Page လည်းမရှိပါဘူး” ဟု Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s