ရေဦးမြို့နယ်၊ ဖလံဂုဏ်ကျေးရွာတွင် ပကဖ အဖွဲ့ဝင် ၅ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နန်းမတော် မယ်နုအုတ်ကျောင်းရှိရာ ဖလံဂုဏ်ကျေးရွာ စာသင်ကျောင်း တွင် နေထိုင်ပြီး ကျေးရွာလုံခြုံရေးစောင့် ‌ပေးနေသူ ပကဖ အဖွဲ့ဝင် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ရေဦးမြို့မှ စစ်ကားကြီး ၂ စီးဖြင့် ထွက်လာသော စစ်တပ်က သံသည်ကျေးရွာမှ တဆင့်ခြေလျင်ဝင်ရောက်လာကာ စာသင်ကျောင်းအတွင်း နေထိုင်ပြီး ကျေးရွာလုံခြုံ ရေး စောင့်ပေးနေသော Local PDF တပ်ဖွဲ့ဝင် ၅ ဦးကို ဝင်ရောက်ပစ်သတ်ကာ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

“ရေဦးက စစ်တပ်က သံသည်လမ်းမှာ လာချပြီး ရွာက စာသင်ကျောင်းကို ဝင်ပစ်သွားတာ၊ ၅ ယောက် တစ်ခါတည်း သေသွားတာဗျ။ Local PDF လေးတွေဗျ။ ခံစားရတယ်ဗျာ၊ ကလေးတွေ တကယ့်ကလေး လေးတွေဗျ။ ကျနော့်ဝမ်းကွဲညီက အသက် ၂၃ လောက်ရှိမယ်၊ ကျန်တဲ့က လေးတွေက အသက် ၁၈ ၊ ၁၉ လေးတွေ၊ အဲဒါ ၅ နာရီမထိုးသေးပါဘူး၊ ၄ နာရီလောက်ဝင်ပစ်သွားတာ၊ ဘာမှ ခုခံချိန်မရလိုက်ပါဘူး။ ကျနော်တို့မှာက စိတ်ထိခိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးဗျာ၊ တချို့ PDF ကလေးတွေက ရွာပို့တဲ့ ထမင်းလေးတွေစားပြီး ညမှာ ရွာကို ကင်းစောင့်ပေးနေတာ၊ ကျနော်တို့ရွာတော့ အဲလိုဖြစ်သွားတယ်၊ မီးက ရှို့သွားတယ်၊ ရှို့သွားတာက Local PDF ထဲမှာဝင်ထားတဲ့ကောင်လေးတစ်ယောက်က အိမ်ထောင် သည်၊ သူက သူ့မိန်းမအိမ်ပြန်အိပ်တာ၊ အဲတစ်အိမ်ကို မီးရှို့သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် လက်လံမူးဘောင်အနီး တဝိုက်နှင့်တောင်ကုန်းကျေးရွာ သို့ ရောက်ရှိနေကြောင်း၊ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက် မှုကြောင့် ရေဦးမြို့ နယ်အ နောက်ခြမ်းရှိ ဇဝ၊ နှောကုန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ဖလံဂုဏ်၊ စည်သာမြေ၊ အင်ပုထိုးရွာ သစ်၊ မဲအိုး၊ မလွယ်၊ လိန်တော၊ ကံပေါက်စသည့်ကျေးရွာ ၁၀ မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s