လောင်းလုံးမှာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့လက်ချက်ကြောင့် အရပ်သား ၅ ဦးသေ၊ ၁ဦး အသက်အန္တရာယ်စိုးရိမ်နေရဟုဆို

လောင်းလုံးမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့က ဒေသခံအမျိုးသားခြောက်ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ငါးဦးသေဆုံးပြီး တဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာတွင် ယမန်နေ့ မတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အ ထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“ဖမ်းပြီး ပစ်သတ်သွားတာ။ငါးဦးကသေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာတွေ့ရတယ်။ ကျန်တယောက်ကတော့ အသက်ရှင်နေသေးတာ တွေ့ ရပေမယ့် စိုးရိမ်ရတယ်”ဟု ယနေ့မတ်လ၅ရက် နံနက်ပိုင်းအခြေအနေကို လောင်းလုံးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွင်အင်အား ၅၀ခန့်ပါဝင်ပြီး ကျောက်နီမော်ရွာမှတဆင့် အောက်ကျောက်ဝပ်ရွာသို့ ရောက်ရှိလာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်သွားခြင်းဟုသိရသည်။ သေဆုံးသူများမှာ အ သက် (၄၂) နှစ်အရွယ် ဦ​နော်အေး၊ အသက် (၃၀)အရွယ် ကိုတင်ဌေးနှင့် ကိုကရင်၊ အသက် (၁၈)နှစ်အရွယ် ကိုလှအောင်၊ အသက် (၃၁) နှစ်အ ရွယ် ကိုသန်းဝင်းတို့ဖြစ်ကြောင်းသိရသည်။

အောက်ကျောက်ဝပ်ကျေးရွာဒေသခံအချို့သည် စစ်ကောင်စီနှင့်ပျူစောထီးရန်ကို ကြောက်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိက ပြောသည်။

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးထက် မနည်းသေဆုံးခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့်ပျူစောထီးများက အင်အားအများအပြားနှင့် လာရောက်ပြီး အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s