ဝက်လက်၊ ရှိမ်းမကား ရဲစခန်းတွင် စစ်သား ၁ ဦးကို စခန်းမှူးနှင့် စစ်ဗိုလ်တို့က နှိပ်စက် သတ် ဖြတ်ပြီး မီးသဂြိုလ်စဥ် PDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကား ရဲစခန်းမှ စစ်သား ၁ ဦးကို စခန်းမှူးနှင့် စစ်ဗိုလ်အရာရှိတို့က နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း တော ကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ် ရှိမ်းမကား ရဲစခန်းအနီး တောကြီးမြွေပွေးတပ်ဖွဲ့က ဆိုင်ကယ် မိုင်းထောင်ထားခဲ့ပြီး လမ်း မပေါ် ရပ်တန့်ထားခဲ့ကြောင်း၊ စစ်သားတစ်ဦးက မိုင်းထောင်ထားသည့် ဆိုင်ကယ်ကို တွန်း၍ စစ်တပ် စစ်ကြောင်းအနီးသို့ ပို့ခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ထားသည့် ဆိုင်ကယ်ကို တွန်းပို့ခဲ့သည့်အတွက် စစ်သား အချင်းချင်း လုပ်ကြံသည်ဆိုကာ ဆိုင်ကယ်တွန်းပို့ခဲ့သည့် အဆိုပါစစ်သားကို စစ်တပ်နှင့်ရဲများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်သား သေဆုံးသွားမှုသည် စခန်းမှူးနှင့် စစ်ဗိုလ်တို့က ရိုက်နှက် စစ်ဆေးစဉ် ထိုစစ်သား သေဆုံးသွားခဲ့ခြင်းဖြစ်​ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်း ကို ရဲစခန်းအတွင်း မီးသဂြိုလ်နေစဥ် PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဆိုင်ကယ် မိုင်းထောင်တာက စျေးထိပ်နားမှာ စစ်ခွေးတွေ စျေးဝယ်ရမယ့် လမ်းမှာ ထောင်ထားခဲ့တာ။ ဆိုင်ကယ်က လမ်းပိတ်နေလို့ အသတ်ခံရတဲ့ စစ်သားက လမ်းရှင်းပေးတာ။ အဲဒါကို မိုင်းပါတဲ့ဆိုင်ကယ်ကို သိသိကြီးနဲ့ ထိရဲတယ်ဆိုပြီး PDF ဘက်က ကောင်ဆိုပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်တာ။ အသတ်ခံရတဲ့ စစ်သား အလောင်းကို ရဲစခန်းထဲမှာပဲ မီးသဂြိုလ်ဖို့ လုပ်နေတုန်း ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ရှိမယ် အတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု တောကြီးမြွေပွေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲမှုကို တောကြီးမြွေပွေး တပ်ဖွဲ့၊ Eagle Guerrilla Force၊ ဧရာဝတီပျံလွှား တော်လှန်ရေး တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s