ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသမီးတစ်ဦးအား NUG ရဲတပ်ဖွဲ့မှ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်ဆေးဝါးရောင်း ချသူအမျိုးသမီးတစ်ဦးအား သတင်းအရ ကျေးရွာနှစ်ရွာကြားတွင် အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့သည်ဟု အမျိုးသားညီညွတ်အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၅ ရက်နေ့ တွင် ထုတ်ပြန်သည်။

“လုံခြုံရေးအရတော့ ကျေးရွာနှစ်ရွာရဲ့နာမည်ကို ကျွန်တော်တို့အနေနဲ့ ဘယ်ရွာနဲ့ဘယ်ရွာမှာ မိခဲ့တာပါ ဆိုတာ ပြောလို့မရပါဘူး” ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူအမျိုးသမီးမှာ မမဲတူစိန်ဆိုသူဖြစ်ပြီး ခရီးသည်တင်ယာဉ် (Light Truck) ပေါ်တွင် လိုက်ပါ လာစဉ် အနက်ရောင်ပလပ်စတစ်အိတ်အတွင်း အပြာရောင် ဆပ်ပြာခွက်နှစ်ခွက်ဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် အဝါရောင်အမှုန့် ၂၀ ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးအား မယ(ပ)၁၁/၂၀၂၃ မူး/စိတ်ပုဒ်မ(၁၉)ကဖြင့် ဥပဒေအရ တရားစွဲဆိုတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမှုကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင်၊ ရဲအုပ်၊ ကျေးရွာ ပလဖ အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကလေးမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးအမှုပေါင်း ၂၅ မှုကို ဖမ်းဆီးအရေးယူထားပြီးပါပြီ။ တခြားသောအမှုတွေလည်း ၂၅ မှုလောက် အရေးယူထားတာတွေ ရှိပါ တယ်။

ကလေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးက အစိုးရတစ်ရပ်အနေနဲ့ ဆောင်ရွက်နေပြီလို့ပြောလို့ရပါတယ်၊ ကလေးမြို့နယ်မှာဆို လည်း စစ်ကောင်စီကစိုးမိုးထားနိုင်တာ မြို့ပေါ် ၁၅ ရပ်ကွက်ပဲ ရှိပါတော့တယ်” ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

ကလေးမြို့နယ်တွင် NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်၏ ၇၀ ရာခိုင်နှုန်းနှင့်အထက်တွင် လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ကိုကျော်လွန်၍ ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ပိုင်းခွဲကာ ပြည်သူ့ရဲတပ်ဖွဲ့နှစ်ဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ကလေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းမြို့နယ်များ၌ အမျိုးသားညီညွတ်ရေးအစိုးရအနေ ဖြင့် ပုံမှန်အစိုးရတပ်ရပ်၏ ယန္တရားအတိုင်း တရားရုံး၊ အကျဉ်းထောင်၊ ရဲစခန်းများဖြင့် လှုပ်ရှားဆောင်ရွက် လျက်ရှိကာ ဖမ်းဆီးရရှိထားသူများကို တရားစွဲ၊ အမှုတည်ဆောက်၊ တရားရုံးမှအမိန့်ချခြင်းများ ဆောင် ရွက်လျက်ရှိသည်ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။

ကလေးမြို့နေပြည်သူများအနေဖြင့်လည်း NUG ပြည်သူ့ရဲတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကို သိရှိထား ပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် ထိန်း ချုပ်နယ်မြေများအတွင်း အမြဲတမ်းသွားလာဆောင်ရွက်မှုများလည်းရှိ သည်ဟု အဆိုပါ တာဝန်ရှိသူမှပြောသည်။

ကျွန်တော်တို့ဘက်က ပြည်သူတွေကိုအာမခံနိုင်တာကတော့ ကျွန်တော်တို့လုံးဝ အဂတိလိုက်စားမှု မရှိ ဘူး၊ ရိုးသားမှုရှိတယ်၊ ကိုယ်ချင်းစာနာမှုရှိတယ်၊ တစ်ယောက်ချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်များ အပေါ် လည်း တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်” ဟု ကလေးမြို့နယ် NUG ပြည်သူ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။

ဖမ်းဆီးခံရသူများအနေဖြင့် ရှေ့နေငှားပိုင်ခွင့်ရှိသကဲ့သို့ ၎င်းတို့၏ အခွင့်အရေးများအတိုင်း စည်းဘောင် အတွင်းမှလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောသည်။

ကလေးမြို့နယ်အတွင်းတွင် NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးခြင်းများ လုပ် ဆောင်နေသည့်အပြင် ပြည်သူများမှ သတင်းပေးခြင်း ပူးပေါင်းဆောင်ရွက်ပေးခြင်းများလည်းရှိသည်ဟု ကလေးမြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s