ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ကလေး ၁ ဦး ထိမှန်သေဆုံး၊ ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာအတွင်းကို မတ် ၆ ရက် ဒီမနက်က စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းက လက် နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် ကလေးငယ်တဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးဘက်ကနေ မူးမြစ်ကိုကူးပြီး ခင်ဦးနယ်ဘက်ကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးရောက်လာရာ မုံလှကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို ထိမှန်ပြီး သေဆုံးခဲ့တာလို့ မုံလှကျေးရွာသားတဦးက ပြောပါတယ်။

ဒါအပြင် အဲ့ဒီစစ်ကြောင်းဟာ ဂလုံကျေးရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့အတွက် မုံလှ၊ ဂလုံ၊ ငါးရုံကြီး၊ သာဝတ္ထိ၊ ရှားတော၊ ရှင်မင်းတွေ၊ သရက်ကုန်း စတဲ့ ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မုံလှရွာဟာ မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားဘိုရဲ့ ဇာတိရွာ ဖြစ်ပါတယ်။

ဒီရွာဘက်မှာ ၂၀၂၂ နိုဝင်ဘာလက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးပြည်သူ ၉ ဦး ရှိခဲ့ပြီး အထက်တန်းကျောင်းစာသင်ဆောင်နဲ့ လူနေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s