ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Hyper UAV Force ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၅ ရက်နံနက်ပိုင်းက ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်မှ အကြမ်းဖက်စစ်သားများသည် စိုင်ဒူး ကျေးရွာသို့ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး ပြည်သူများ ရှောင်တိမ်းနေစဉ် တစ်အိမ်တက်တစ်အိမ်ဆင်းမွှေနောက်ရှာဖွေကာ ပစ္စည်းများကို ခိုးယူပြီး ကားကြီး ကားငယ်များဖြင့် ခလရ ၅၀ တပ်အတွင်းသို့ သယ်ဆောင်ကြကြောင်း၊ ထိုသို့ ပြည်သူပိုင်ပစ္စည်းများ ခိုးယူကြသည့် အကြမ်းဖက်စစ်သားများမှာ ညနေ ၅ နာရီခန့်အထိ စိတ်ကြိုက်ခိုးယူပြီး ၆ ဘီးကား တစ်စီးဖြင့် ခလရ ၅၀ အတွင်းပြန်ဝင်သွားကြောင်း သိရသည်။
အဆိုပါ ပြည်သူပိုင်ပစ္စည်းများကို အတင်း အဓမ္မ ခိုးယူနေသော ခလရ၅၀ စစ်ကောင်စီ တပ်သားများကို Hyper UAV Force မှ ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Hyper UAV Force တပ်ဖွဲ့ထံမှ သိရ သည်။
ယနေ့ မတ်လ ၆ ရက်နေ့တွင်လည်း ဂန့်ဂါမြို့ ခလရ ၅၀ အကြမ်းဖက်စစ်သားများသည် စိုင်ဒူးကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။khit thit