စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ် ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူ များ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ စစ်ကိုင်းမြို့နယ်နှင့်၀က်လက်မြို့နယ် အစပ် ဆားတောင်နယ်ကို စစ်ကောင်စီတပ် စစ် ကြောင်းများက နယ်မြေရှင်းလင်းရေး အမည်တပ်၍ စစ်ကြောင်းထိုးလာကြောင်း၊ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး အနည်းဆုံးကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“သားပျောက်ကုန်း ၊ဒီလုံးပို ၊ဥရှစ်ကြီး ၊ကန်တော်ရိုး ၊ပေါက်မတောင်၊ ပေါက်မ မြောက်၊ မြိုင်ကုန်း၊ ကျီကုန်း ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ ပြည်သူ ၄ ဦး ကျည်ထိမှန်ထားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရသော ကျေးရွာများတွင် ဒီလုံးပိုကျေးရွာတွင် အိမ်ခြေ ၁၀၀၊ သားပျောက်ကုန်းရွာတွင် အိမ်ခြေ ၄၀၀၊ ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊ ဦးရှစ်ကြီးကျေးရွာတွင် အိမ်ခြေ ၁၅၀ ၊ ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊ ပေါက်မတောင်ရွာတွင် အိမ်ခြေ ၁၅၀၊ ပေါက်မ မြောက်ရွာတွင် အိမ်ခြေ ၁၅၀ ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s