မကွေးတိုင်း၊ ရေနံချောင်းမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိနိုင်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း PDF –Yenangyaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ မတ်လ ၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အဆိုပါရဲစခန်းကို လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရဲစခန်းအတွင်းသို့ အနီးကပ်ချဉ်းကပ်ပြီး အဝေး ထိန်းမိုင်း ၂ လုံးဖြင့်ဖောက် ခွဲတိုက်ခိုက်ရာ ရဲစခန်းရှေ့ရှိဘန်ကာနှင့်အခြားထိခိုက်ပျက်စီးမှုရှိကြောင်း၊ မိုင်းခွဲပြီးပြန်လည်ဆုတ်ခွာပြီးနောက် အကြမ်း ဖက် စစ်တပ် လက်အောက်ခံရဲတပ်ဖွဲ့က ဘေးပတ် ဝန်းကျင် ကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“စခန်းရှေ့တည့်တည့်ကို အဝေးထိန်းမိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ အပြန် အလှန် ပစ်ခတ်မှု မရှိခဲ့ ဘူး၊ ထိခိုက်ပျက်စီးမှုကတော့ ဘန်ကာတွေ၊ ဘာတွေအနည်း ငယ်ထိခိုက်ပျက်စီးတာရှိတယ်၊ ဒါပေမယ့် ဘယ်လောက်အထိပျက်စီးသွားတယ်၊ ရဲခွေးတွေဒဏ်ရာ ဘယ်လိုရသွားတယ်ဆိုတာ သတင်းမသိရသေးဘူး” ဟု PDF –Yenangyaung မှတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြား သည်။
ရဲစခန်း တိုက်ခိုက်မှုကို မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ People Defense Force –Yenangyaung ၊ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People’s Defense Force(ဖေကံကောင်းအဖွဲ့) တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲချိန်တွင် ပြည်သူ့ ဆိုင်ကယ် တစ်စီး ရုတ်တရက် အနီးအနားသို့ ရောက်ရှိလာသည့်အတွက် အနည်း ငယ်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးအတွင်း ပြည်သူတချို့အနည်းငယ် ထိခိုက်နိုင်သည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အနူး အညွတ်တောင်း ပန်ကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ တပ်စွဲနေရာ၊ ရဲစခန်းများများအနီးအနားသို့ နေထိုင်သွားလာခြင်း မပြုလုပ်ကြပါရန် မကွေးခရိုင် အမှတ် ၂ တပ်ရင်းက သတိ ပေးထားသည်။ khit thit