မုံရွာစီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စီးပွားရေးတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa က မတ်လ ၅ ရက် နေ့က ထုတ်ပြန်ထားသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စီးပွားရေးတက္ကသိုလ်အတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်၊ ရဲနှင့် ပျူစောထီး အင်အား ၅၀ ခန့်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ ၄၀ မမ ခြောက်လုံး ပစ်ခဲ့ပါတယ်။ ကျောင်းထဲမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်စစ်ဆေးတာ တွေလုပ်တယ်။ အနီးနားရွာတွေကို စစ်ကြောင်းထွက်ရင်လည်း အဲဒီစီးပွားရေးတက္ကသိုလ်မှာစုပြီးထွက် တာများတယ်” ဟု Golden Eagle Force ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

စစ်ကောင်စီတပ်သားများ တပ်စွဲရာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ခဲ့ပြီး အထိအခိုက်များပြား ကြောင်းနှင့် အသေအပျောက်စာရင်းကို အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

ယင်းသို့ပစ်ခတ်ချိန်အတွင်း စစ်ကောင်စီတပ်ဘက်မှပြန်လည်ပစ်ခတ်ရာ အထိအခိုက်မရှိသော်လည်း လက်နက်ကြီးမတော်တဆဖြစ်ပြီး ရဲဘော်တစ်ဦး နှာခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

လက်နက်ကြီးများကို သေချာစွာစမ်းသပ်တီထွင် ထုတ်လုပ်ထားသော်လည်း လက်လုပ်ဖြစ်သောကြောင့် Error အမြဲရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရသောရဲဘော်အား ဆေးကုသပေးနေကာ အသက်အန္တရာယ်စိုးရိမ် စရာမရှိကြောင်း တပ်ဖွဲ့ခေါင်းဆောင်ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa -V2 ၊ Brother Revolution Force – Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့် Monywa People Defence Force မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် တတ်နိုင်သလောက် ထောက် ပံ့ပေးစေလိုကြောင်း ဗိုလ်လင်းယုန်က မေတ္တာရပ်ခံ ပြောကြားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s